ပြည်သူထဲကပြည်သူတစ်ယောက်မို့ တစ်ရက်မှအားမလျော့သွားပဲ နေ့စဉ်ရက်ဆက်လှုပ်ရှားမှုတွေပြုလုပ်နေတဲ့ ဦးလွင်မိုး

//s9.kh1.co/07/07300318010636e24057fc9fd7a7e71f51ccbfb1.jpg
အနုပညာရှင်များ

 ၁၉-ဖေ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

လတ်တလောမြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်ကြောင့် ပြည်သူလူထုအနေနဲ့ တတ်နိုင်တဲ့ဘက်ကနေအစွမ်းကုန်ပါ၀င်လှုပ်ရှားနေကြကာ ငြိမ်းချမ်းစွာနဲ့လုပ်ဆောင်နေကြတာကို အားလုံးလည်းသိမြင်ကြမယ်ထင်ပါတယ်နော်.....။ အခုလိုဖြစ်ပေါ်လာတဲ့ အခြေအနေအတွင်းမှာ အနုပညာရှင်တွေအနေနဲ့လည်း ပြည်သူထဲကပြည်သူတွေပဲဖြစ်တာမလို့ တတ်နိုင်တဲ့ဘက်ကနေ ပရိသတ်တွေနဲ့တစ်သားတည်းရပ်တည်ကာ လှုပ်ရှားမှုတွေပြုလုပ်နေကြတာဖြစ်ပါတယ်။

Photo credit-​ Lwin Moe's Facebook acc
Photo credit-​ Lwin Moe's Facebook acc
Photo credit-​ Lwin Moe's Facebook acc
Photo credit-​ Lwin Moe's Facebook acc

အခုလိုလှုပ်ရှားမှုတွေပြုလုပ်နေကြတဲ့ အနုပညာရှင်တွေထဲမှာဆိုရင် ဦးလွင်မိုးတစ်ယောက်လည်း တက်ကြွစွာပါ၀င်နေတာဖြစ်ပြီး ပြည်သူတစ်ယောက်အနေနဲ့ တာ၀န်ကျေပွန်နေတာဖြစ်ပါတယ်နော်။ ဦးလွင်မိုးဟာ လူထုလှုပ်ရှားမှုတွေစတင်ခဲ့တဲ့ ရက်မှစပြီးတစ်ရက်မှမပျက်မကွက်နဲ့ အနုပညာရှင်တွေနဲ့အတူ ပါ၀င်ပူးပေါင်းကာ လှုပ်ရှားမှုတွေကို တတ်နိုင်သရွေ့လုပ်ဆောင်နေတာဖြစ်ပါတယ်.....။

Photo credit-​ Lwin Moe's Facebook acc
Photo credit-​ Lwin Moe's Facebook acc
Photo credit-​ Lwin Moe's Facebook acc
Photo credit-​ Lwin Moe's Facebook acc

အနုပညာရှင်တစ်ချို့လည်း လူထုလှုပ်ရှားမှု‌တွေနဲ့ပက်သက်ပြီး အရေးယူခံခဲ့ရတာတွေရှိခဲ့ပေမယ့် အားမလျော့ကြပဲ အနုပညာရှင်တွေအချင်းချင်းစည်းလုံးစွာနဲ့ လှုပ်ရှားမှုတွေပြုလုပ်နေကြတာပါ။ ဦးလွင်မိုးတစ်ယောက်လည်း သူ့ရဲ့ Facebookစာမျက်နှာမှာ "ပြည်သူထဲကပြည်သူတယောက်မို့ ပြည်သူ့ဆန္ဒ..  ဖေါ်ထုတ်ခွင့်ရှိတယ်..." ဆိုပြီးတင်ပေးလာခဲ့တာဖြစ်ပါတယ်။ ကဲ.....ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-​ Lwin Moe's Facebook acc
Photo credit-​ Lwin Moe's Facebook acc
Photo credit-​ Lwin Moe's Facebook acc
Photo credit-​ Lwin Moe's Facebook acc

သတင်း အရင်းအမြစ်Lwin Moe's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T