Model၊သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ စိုင်းစည်တွမ်ခမ်းကတော့ သီချင်းတွေမှာလည်းပါဝင်သရုပ်ဆောင်သလိုဇာတ်ကားတွေလည်းရိုက်ကူးတာကြောင့် ပရိသတ်တွေနဲ့ရင်းနှီးနေတဲ့ အနုပညာရှင်ဖြစ်ပါတယ်။စိုင်းစည်တွမ်ခမ်းက အနုပညာအလုပ်တွေကို အနည်းအကျဉ်းသာလုပ်ကိုင်နေပေမယ့် သူ့ကိုအားပေးချစ်ခင်ကြတဲ့ပရိသတ်အများအပြားကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်နော်။စိုင်းစည်တွမ်ခမ်းဟာဆိုရင်လည်း ဆေးပညာဘွဲ့ရရှိထားတဲ့ ဆရာဝန်တစ်ယောက်ဖြစ်တာကြောင့် ယခုလိုကာလမှာ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ အားကြိုးမာန်တက်ကူညီပေးနေတာဖြစ်ပါတယ်။


စိုင်းစည်တွမ်ခမ်းကတော့ လတ်တလောအခြေအနေတွေကြောင့် သူငယ်ချင်းရဲ့ကုသိုလ်ဖြစ်ဆေးခန်းမှာ လူနာတွေကိုဝိုင်းကြည့်ပေးနေတာဖြစ်ပါတယ်။လတ်တလောအခြေအနေတွေကြောင့် ပြည်သူလူထုလည်း ဆေးရုံတွေကိုပြဖို့အရမ်းခက်ခဲနေရပြီး အခုလိုမျိုးအခမဲ့ဆေးခန်းလေးတွေကို အားကိုးနေရတာဖြစ်ပါတယ်။စိုင်းစည်တွမ်ခမ်းတို့ဆရာဝန်သူငယ်ချင်းတွေကလည်း လူနာတွေကို စေတနာ၊မေတ္တာအပြည့်နဲ့ကုသပေးပြီး ဆေးဝါးတွေကိုပါ လှူဒါန်းပေးတာဖြစ်ပါတယ်နော်။စိုင်းစည်တွမ်ခမ်းကလည်း အခုလိုအချိန်မျိုးမှာ တတ်ကျွမ်းထားတဲ့ပညာရပ်ကို အကျိုးရှိရှိအသုံးချနေတာဖြစ်ပါတယ်။



စိုင်းစည်တွမ်ခမ်းကတော့”CDMကာလအတွင်းမြောက်ဥက္ကလာ'ဆ'ရပ်ကွက်ကုသိုလ်ဖြစ်မွေးခန်း ပထမဦးဆုံးညအိပ်စောင့်တဲ့ညမှာဈေးဦပေါက်ပါ..မနက်02:05မှာမွေးတဲ့ကျွန်တော်နဲ့မွေးနေ့တူကြာသပတေးသားလေး..ကလေးတို့အနာဂါတ်တွေလှဖို့ဦးတို့အားလုံးအတူတူကြိုးစားပေးနေကြတယ်ဆိုတဲ့အမှတ်တရပါ..”ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်။စိုင်းစည်တွမ်ခမ်းကတော့ အရမ်းချစ်စရာကောင်းတဲ့ကလေးလေးကို လွယ်ကူချောမွေ့စွာ မွေးဖွားပေးလိုက်နိုင်တာပဲဖြစ်ပါတယ်။စိုင်းစည်တွမ်ခမ်းတို့လို ဆရာဝန်အနုပညာရှင်တွေက မိမိရဲ့ဆေးပညာနဲ့ လူတွေရဲ့အသက်ကိုကယ်တင်နေကြတာဖြစ်လို့ အရမ်းပီတိဖြစ်စရာကောင်းပါတယ်နော်။


Source&Photo Credit:Sai Si Tom Kham’s Facebook acc
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။