လမ်းထိပ်မှာ လူထုလှုပ်ရှားမှုပြုလုပ်နေကြတဲ့ ရပ်ကွက်နေပြည်သူတွေကို အအေးတွေလိုက်ပေးဝေရင်း ကိုယ်တိုင်လည်း ပါဝင်နေခဲ့တဲ့ ပိုးကြာဖြူခင်

//s9.kh1.co/41/41f60337511a22bd50c99572dc9dd0ba051df579.jpg
အနုပညာရှင်များ

 ၁၉-ဖေ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

လမ်းထိပ်မှာ လူထုလှုပ်ရှားမှုပြုလုပ်နေကြတဲ့ ရပ်ကွက်နေပြည်သူတွေကို အအေးတွေလိုက်ပေးဝေရင်း ကိုယ်တိုင်လည်း ပါဝင်နေခဲ့တဲ့ ပိုးကြာဖြူခင်

မင်းသမီးပိုးကြာဖြူခင်ကတော့MRTV 4ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်လျက်ရှိနေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ချစ်စရာကောင်းလွန်းတဲ့ အပြုံးချိုချိုလေးတွေကို ပိုင်ဆိုင်ထားသူလေးပဲဖြစ်ပါတယ် ။ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေတဲ့ ပိုးကြာဖြူခင်ကတော့ မြန်မာဆန်ဆန်ဖက်ရှင်လေးတွေကို ဝတ်ဆင်လေ့ရှိသူတစ်ယောက်ဖြစ်ပြီး ချစ်စရာပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေရှေ့ ချပြလေ့ရှိတာဖြစ်ပါတယ်။

photo credit: poe kyar phyu khin ' s facebook page
photo credit: poe kyar phyu khin ' s facebook page
photo credit: poe kyar phyu khin ' s facebook page
photo credit: poe kyar phyu khin ' s facebook page

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ ပိုးကြာဖြူခင်ကတော့ ချစ်ခင်ရတဲ့ မိသားစုဝင်တွေနဲ့အတူ လူထုလှုပ်ရှားမှုမှာ ပါဝင်နေတာဖြစ်သလို ပါဝင်နေကြတဲ့ ပြည်သူတွေကိုလည်း စားသောက်ဖွယ်ရာတွေမကြာခဏလှူဒါန်းလေ့ရှိပါတယ်။ ယခုမှာတော့ ပိုးကြာဖြူခင်တစ်ယောက်ဟာ လမ်းထိပ်မှာ လူထုလှုပ်ရှားမှုပြုလုပ်နေကြတဲ့ ရပ်ကွက်နေပြည်သူတွေကို အအေးတွေလိုက်ပေးဝေရင်း ကိုယ်တိုင်လည်း ပါဝင်နေခဲ့ပါတယ်။

photo credit: poe kyar phyu khin ' s facebook page
photo credit: poe kyar phyu khin ' s facebook page
photo credit: poe kyar phyu khin ' s facebook page
photo credit: poe kyar phyu khin ' s facebook page

ပိုးကြာဖြူခင်ကတော့ " ကျမတို့လမ်းထိပ်မှာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူများအတွက် ကျမရဲ့ အလှူပါ "ဆိုပြီး လှူဒါန်းနေတဲ့ ဗီဒီယိုဖိုင်လေးနဲ့အတူ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ လူထုလှုပ်ရှားမှုပြုလုပ်နေကြတဲ့ ရပ်ကွက်နေပြည်သူတွေကို အအေးတွေပေးဝေနေတဲ့ ပိုးကြာဖြူခင်ရဲ့ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေအတွက်ပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါဗီဒီယိုဖိုင်လေးကို အောက်မှာကြည့်နိုင်ပါတယ်။

Source: poe kyar phyu khin ' s facebook page

photo credit: poe kyar phyu khin ' s facebook page
photo credit: poe kyar phyu khin ' s facebook page
photo credit: poe kyar phyu khin ' s facebook page
photo credit: poe kyar phyu khin ' s facebook page
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T