လိုအပ်တဲ့အချိန်မှာ တိုင်းပြည်အတွက်အသင့်ရှိနေပေးတဲ့အပြင် အခမဲ့သားဖွားခန်းမှာ နေ့ရောညပါအပင်ပန်းခံပြီး တာဝန်ကျေပွန်နေတဲ့ နီနီခင်ဇော်

//s9.kh1.co/f8/f8b284e07389b4023feaf01ed1ef963c0e411ff6.jpg
အနုပညာရှင်များ

 ၁၉-ဖေ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

လိုအပ်တဲ့အချိန်မှာ တိုင်းပြည်အတွက်အသင့်ရှိနေပေးတဲ့အပြင် အခမဲ့သားဖွားခန်းမှာ နေ့ရောညပါအပင်ပန်းခံပြီး တာဝန်ကျေပွန်နေတဲ့ နီနီခင်ဇော်

အဆိုတော် နီနီခင်ဇော်ကတော့ ထူးခြားတဲ့အသံပါဝါကို ပိုင်ဆိုင်ထားပြီး သီချင်းတွေကို ခံစားချက်အပြည့်နဲ့ သီဆိုတတ်သူလေး ဖြစ်ပါတယ် ။ သီချင်းကောင်းတွေ အများအပြားဖန်တီးခဲ့တဲ့ နီနီခင်ဇော်က ဂီတလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်နေပြီလည်း ဖြစ်ပါတယ် ။ ဆေးပညာကို သင်ယူတတ်မြောက်ခဲ့တဲ့ နီနီခင်ဇော်က သူမဝါသနာပါတဲ့အနုပညာအလုပ်အတွက် ဆရာဝန်ဘဝကို စွန့်လွှတ်ခဲ့ရတာလည်း ဖြစ်ပါတယ် ။

Photo Credit -Ni Ni Khin Zaw's FB Acc
Photo Credit -Ni Ni Khin Zaw's FB Acc
Photo Credit -Ni Ni Khin Zaw's FB Acc
Photo Credit -Ni Ni Khin Zaw's FB Acc

အခုလိုအခြေအနေမှာ နီနီခင်ဇော်က သူမတတ်ကျွမ်းထားတဲ့ ဆေးပညာရပ်တွေနဲ့ တိုင်းပြည်ကို အကျိုးပြုနေတာ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ နီနီခင်ဇော်က သူငယ်ချင်းဆရာဝန်ရဲ့အခမဲ့ဆေးခန်းမှာ တာဝန်ထမ်းဆောင်ပေးနေတာပဲ ဖြစ်ပါတယ် ။ ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်ခဲ့တဲ့ နီနီခင်ဇော်က လူထုလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သေးတာလည်း ဖြစ်ပါတယ် ။ အခုလည်း နီနီခင်ဇော်က ဆေးခန်းမှာ ညဂျူတီစောင့်ရင်းနဲ့ပရိသတ်တွေအတွက် အားဖြစ်စေမယ့် စကားလေးတွေပြောခဲ့တာ ဖြစ်ပါတယ် ။

Photo Credit -Ni Ni Khin Zaw's FB Acc
Photo Credit -Ni Ni Khin Zaw's FB Acc
Photo Credit -Ni Ni Khin Zaw's FB Acc
Photo Credit -Ni Ni Khin Zaw's FB Acc
Photo Credit -Ni Ni Khin Zaw's FB Acc
Photo Credit -Ni Ni Khin Zaw's FB Acc

နီနီခင်ဇော်က "ဘဝ​တွေပါ​ပြောင်းလဲ​စေခဲ့တဲ့ အ​ရေး​​တော်ပုံ စွန့်လွှတ်ထားတဲ့အရာ​တွေ ပြန်​ထွေးပိုက်ရင်း တိုက်ပွဲဝင်​နေရတယ် အားလုံးပင်ပန်းကြမယ်သိတယ် ဘယ်​တော့များမှ အဆုံးသတ်မယ် ​သေချာမသိ...​သေချာတာ တို့​​တွေ တူတူ ရှိကြမယ် (​အခမဲ့ သားဖွားခန်း Night အမှတ်တရ) " ဆိုပြီး ပုံလေးတင်ထားတာ ဖြစ်ပါတယ် ။ နီနီခင်ဇော်ကတော့ ပြည်သူပရိသတ်တွေဘက်ကနေ အမြဲရှိနေမယ့်အကြောင်း ပြောထားတာ ဖြစ်ပါတယ် ။ ကဲ လိုအပ်တဲ့အချိန်မှာ တိုင်းပြည်အတွက် အသင့်ရှိပေးပြီး တာဝန်ကျေတဲ့ နီနီခင်ဇော်ရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit -Ni Ni Khin Zaw's FB Acc

Photo Credit -Ni Ni Khin Zaw's FB Acc
Photo Credit -Ni Ni Khin Zaw's FB Acc
Photo Credit -Ni Ni Khin Zaw's FB Acc
Photo Credit -Ni Ni Khin Zaw's FB Acc
Photo Credit -Ni Ni Khin Zaw's FB Acc
Photo Credit -Ni Ni Khin Zaw's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T