ညီညွတ်မှုတွေ၊မေတ္တာတရားတွေအပြည့်ရှိတဲ့ ပြည်သူတွေနဲ့အတူ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို အရယူမယ့်အကြောင်း ပြောပြလိုက်တဲ့ နေတိုး

//s9.kh1.co/bb/bbd1b733ea45db2d424d7b397e72849de6d6e8d4.jpeg
အနုပညာရှင်များ

 ၁၉-ဖေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.....

ယနေ့အချိန်အထိ နာမည်တစ်လုံးနဲ့ အောင်မြင်မှုတွေ များစွားရရှိနေတဲ့အနုပညာရှင်ကတော့ မင်းသားချောနေတိုးပဲ ဖြစ်ပါတယ် ။ အကယ်ဒမီသုံးဆု ဆွတ်ခူးရရှိထားတဲ့ နေတိုးက မြန်မာနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲအနုပညာရှင်တစ်ဦးဆိုရင်လည်း မမှားပါဘူးနော် ။ အနေအေးသလို ပရိသတ်တွေအပေါ်မှာလည်း လေးလေးစားစားဆက်ဆံတတ်တဲ့ နေတိုးကို အနုပညာရှင်အချင်းချင်းကပါ ချစ်ခင်နေရတာ ဖြစ်ပါတယ် ။ 

Photo Credit : Nay Toe 2021 Officially Facebook Page 
Photo Credit : Nay Toe 2021 Officially Facebook Page 
Photo Credit : Nay Toe 2021 Officially Facebook Page 
Photo Credit : Nay Toe 2021 Officially Facebook Page 

နေတိုးက လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီးပြည်သူပရိသတ်တွေနဲ့အတူ လုထုလှုပ်ရှားမှုတွေမှာ အားတက်သရောပူးပေါင်းပါဝင်နေတာလည်းဖြစ်ပါတယ်။ အရှိန်အဟုန်ပြင်းပြင်းနဲ့ လုပ်ဆောင်နေကြတဲ့လူထုလှုပ်ရှားမှုတွေဟာဆိုရင် တစ်ရက်ပြီးတစ်ရက်အားကောင်းလာနေတာလည်းဖြစ်ပါတယ်။ 

Photo Credit : Nay Toe 2021 Officially Facebook Page 
Photo Credit : Nay Toe 2021 Officially Facebook Page 
Photo Credit : Nay Toe 2021 Officially Facebook Page 
Photo Credit : Nay Toe 2021 Officially Facebook Page 

နယ်ပယ်အသီးသီးက အနုပညာရှင်များကလည်းပြည်သူလူထုကို တတ်နိုင်တဲ့ဘက်ကနေ လိုအပ်တာတွေမျိုးစုံကူညီနေတာလည်းဖြစ်ပါတယ်။အခုလည်း နေတိုးက လူထုလှုပ်ရှားမှုတွေပြုလုပ်နေတဲ့ ပြည်သူပြည်သားတွေအတွက် ခွန်အားရှိစေမယ့် အားပေးစကားတွေများစွာကိုရေးစပ်ကာသူရဲ့အကောင့်လေးမှာဖော်ပြခဲ့တာဖြစ်ပါတယ်။" ပြည်သူ​တွေမှာအမှန်တရားရှိတယ် ပြည်သူ​တွေမှာညီညွတ်မှုရှိတယ် ပြည်သူ​တွေမှာမေတ္တာတရားရှိတယ် အင်အားအကြီးမားဆုံးမေတ္တာစွမ်းအားဖြင့်သာစစ်မှန်​သော​အောင်မြင်မှုစစ်မှန်သောငြိမ်းချမ်းမှုကိုအရယူကြမယ်  (အ​ရေး​တော်ပုံ​​အောင်ရမည်) အားလုံးအန္တရာယ်ကင်းကြပါစေ" ဆိုတဲ့စာလေးပဲဖြစ်ရာ ဖတ်ပြီးအရမ်းခွန်အားဖြစ်မိတာကြောင့် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Photo Credit : Nay Toe 2021 Officially Facebook Page 
Photo Credit : Nay Toe 2021 Officially Facebook Page 
Photo Credit : Nay Toe 2021 Officially Facebook Page 
Photo Credit : Nay Toe 2021 Officially Facebook Page 

Source & Photo Credit : Nay Toe 2021 Officially Facebook Page 

Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T