အဆိုတော်မလေး Mary ကတော့ ဒီဖြစ်စဉ်တွေ မဖြစ်ခင် ရက်ပိုင်းအလိုမှာ ဂျပန်နိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတာလည်း ဖြစ်ပါတယ်။ သူမဟာ လတ်တလောဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ တက်ကြွစွာ ပါဝင်လှုပ်ရှားနေပြီး ပြည်သူတွေနဲ့ တစ်သွေးတည်း တစ်သားတည်း ရပ်တည်ပေးနေတာလည်း ဖြစ်ပါတယ်။ တစ်ရက်မှမပျက်ကွက်ပဲ နေ့စဉ်ရက်ဆက် ပါဝင်လှုပ်ရှားနေတဲ့ သူမကိုတော့ အားလုံးက မလေးစားပဲ မနေနိုင်အောင်ပါပဲနော်။
Mary ဟာ သူမတတ်နိုင်တဲ့ဘက်ကနေပါဝင်နေပြီး ရန်ကုန်မှာရှိတဲ့ နိုင်ငံတကာသံရုံးရှေ့တွေကိုသွားကာ ရင်ထဲက ဆန္ဒအမှန်တရားတွေကို ထုတ်ဖော်နေတာလည်း ဖြစ်ပါတယ်။ မနေ့ကလည်း Mary ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပုံလေးတွေ တင်ထားတာလည်း ဖြစ်ပါတယ်။ ဒါကတော့ လမ်းပေါ်ထွက်ပြီး အမှန်တရားအတွက်ရပ်တည်နေကြတဲ့ ပြည်သူတွေအတွက်လိုအပ်တာတွေလှူဒါန်းကာ တစ်စိတ်တစ်ပိုင်းပါဝင်အားဖြည့်ခဲ့တဲ့ Mary ရဲ့ပုံရိပ်လေးတွေပဲ ဖြစ်ပါတယ်။
သူမကလည်း " Mary မနေ့က Vinlyရယ် လက်ဖက်ထမင်းဘူး ရယ် ဆန္ဒထုတ်ဖော်နေတဲ့သူတွေကို တစ်စိတ်တစ်ပိုင်းပါဝင်အားဖြည့်ခဲ့ပါတယ်...
ပြီးတော့U.S Embassy, Italy Embassy, Australia Embassy နဲ့ Singapore Embassy တွေမှာ ဆန္ဒဖော်ထုတ်ခဲ့ပါတယ်...
U.S Embassy ကလွဲရင် တခြား Embassyတွေမှာလူအင်အားတော်တော်နည်းပါတယ်...
နောက်နေ့တွေလည်း ကြုံတဲ့အခါဝင်ပြီးအားဖြည့်ပေးကြပါဦး...
အရေးတော်ပုံ အောင်ရမည်?? " ဆိုပြီး ရေးသားထားတာလည်း ဖြစ်ပါတယ်။ Mary ဟာ အပြင်မှာ ပြည်သူတွေနဲ့အတူ ပူးပေါင်းပါဝင်ရုံတင်မကဘဲ အွန်လိုင်းပေါ်မှာလည်း တိကျမှန်ကန်တဲ့ သတင်းအချက်အလက်တွေကို အချိန်နဲ့တစ်ပြေးညီ ဝေမျှပေးနေတာလည်း ဖြစ်ပါတယ်။ အားလုံးလည်း ဒီအခြေအနေတွေကနေ လွတ်မြောက်ကာ သာယာပျော်ရွှင်စရာကောင်းတဲ့ အချိန်လေးတွေ အမြန်ဆုံးပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်နော်။
Source and Photo Crd- Mary’s Facebook Page