အနုပညာရှင်တွေက ပြည်သူတွေကို သိန်းရာထောင်ချီအောင်လှူတယ်ဆိုပြီး ထွက်ပေါ်လာတဲ့သတင်းမှားကို ပြတ်ပြတ်သားသားဖြေရှင်းပြလိုက်တဲ့ရဲလေး

//s9.kh1.co/84/8490fa13a86c6725a7d5478ba48e069bc40521fa.jpg
အနုပညာရှင်များ

 ၁၉-ဖေ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

အနုပညာရှင်တွေက ပြည်သူတွေကို သိန်းရာထောင်ချီအောင်လှူတယ်ဆိုပြီး ထွက်ပေါ်လာတဲ့သတင်းမှားကို ပြတ်ပြတ်သားသားဖြေရှင်းပြလိုက်တဲ့ရဲလေး

ရဲလေးကတော့ အဆိုတော်အဖြစ်ရော သရုပ်ဆောင်အဖြစ် အောင်မြင်မှုရနေတဲ့ ပရိသတ်အချစ်တော်လေးပဲ ဖြစ်ပါတယ်။ နှင်းဆီအဖွဲ့ဝင်တစ်ဦးလည်းဖြစ်တဲ့ ရဲလေးက ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုနဲ့အတူ ရပ်တည်နေတာ ဖြစ်ပါတယ် ။ လက်ရှိကာလမှာတော့ ရဲလေးက ပြည်သူတွေရဲ့ဆန္ဒနဲ့အတူ တစ်သားတည်းထပ်တူကျတာကြောင့် လူထုလှုပ်ရှားမှုတွေမှာ အားသွန်ခွန်စိုက်ပါဝင်နေတာ ဖြစ်ပါတယ် ။ ရဲလေးက အနုပညာရှင်အဖွဲ့နဲ့အတူ နိုင်ငံအတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင်အားဖြည့်ပေးနေတာ ဖြစ်ပါတယ် ။

Photo Credit -Ye Tun Min's FB Acc
Photo Credit -Ye Tun Min's FB Acc
Photo Credit -Ye Tun Min's FB Acc
Photo Credit -Ye Tun Min's FB Acc

 သူ့ရဲ့လှုပ်ရှားမှုတွေအားလုံးကို အမြဲမျှဝေပေးလေ့ရှိတဲ့ ရဲလေးက အခုတော့ သတင်းမှားတစ်ခုကို ဖြေရှင်းလိုက်ရတာပဲ ဖြစ်ပါတယ် ။ အနုပညာရှင်တွေက ပြည်သူ့ဝန်ထမ်းတွေအတွက် သိန်းရာထောင်ချီအောင် လှူဒါန်းတယ်ဆိုပြီး ထွက်ပေါ်နေတဲ့စာရင်းအတုမှာ ရဲလေးက သိန်း (၅၀၀)လှူကြောင်း ဖော်ပြခံထားရတာ ဖြစ်ပါတယ် ။ ဒါကြောင့် ရဲလေးက "ကျွန်တော်ကြိုးစားထားပြီး စုဆောင်းထားတာလေးတွေနဲ့ လိုအပ်တဲ့နေရာလေးတွေ လိုအပ်တဲ့ အကူအညီလိုတဲ့မိတ်ဆွေသူငယ်ချင်းတွေနဲ့ကျွန်တော့်ဆွေမျိုးလူကြီးမိဘတွေကို တတ်နိုင်သလောက် အားလေးနဲ့ အမြဲကူညီထောက်ပံ့ပေးနေကျပါ ..."

Photo Credit -Ye Tun Min's FB Acc
Photo Credit -Ye Tun Min's FB Acc
Photo Credit -Ye Tun Min's FB Acc
Photo Credit -Ye Tun Min's FB Acc

"ရင်းနှီးတဲ့သူတိုင်း မေးစရာမလိုဘဲ သိကြပါတယ် ...ဒါကြီးကတော့ Fake News တစ်ခု သတင်းအတုကြီးတစ်ခုပါ မဟုတ်တဲ့သတင်းကြီးတွေ့လိုက်လို့ သူငယ်ချင်းတွေ က တစ်ယောက်ပြီးတစ်ယောက် မေးလာကြလို့ သတင်းအတုတစ်ခုဆိုတာ မိတ်ဆွေအပေါင်းအသင်း ပရိသတ်သူငယ်ချင်းများသိရအောင် ပြန်လည်မျှ​ဝေလိုက်ပါတယ် ...အားလုံး ဦးနှောက်လေးကို အချိန်လေး နည်းနည်းပေး​စဉ်းစားပြီးမှ ချင့်ချိန်ယုံကြပါ ...ဒီအချိန်မှာ ဘာမှန်းမသိတဲ့အကွက်တွေ ထုတ်သုံးတတ်ကြလို့ပါ များလိုက်တဲ့အကွက်တွေ " ဆိုပြီး ဖြေရှင်းထားတာ ဖြစ်ပါတယ် ။ ရဲလေးကတော့ အားလုံးသိအောင် ရှင်းရှင်းလင်းလင်းပြောပြလိုက်တာဖြစ်ပြီး သတင်းမှားတွေကို အလွယ်မယုံကြဖို့ အကြံပေးထားတာလည်း ဖြစ်ပါတယ် ။

Source & Photo Credit -Ye Tun Min's FB Acc

Photo Credit -Ye Tun Min's FB Acc
Photo Credit -Ye Tun Min's FB Acc
Photo Credit -Ye Tun Min's FB Acc
Photo Credit -Ye Tun Min's FB Acc
Photo Credit -Ye Tun Min's FB Acc
Photo Credit -Ye Tun Min's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T