အနုပညာမောင်နှမတွေနဲ့အတူ စည်းစည်းလုံးလုံးနဲ့လမ်းမပေါ်ထွက်ပြီး လုံးဝအားမလျော့သွားဘဲ နေ့စဉ်ရက်ဆက်ပါဝင်လှုပ်ရှားနေတဲ့ ဘုဏ်းသိုက်

//s9.kh1.co/18/184a5de4dcb01a9e5ec93760ddf8a756d6e24ab1.jpeg
အနုပညာရှင်များ

 ၁၉-ဖေ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

အနုပညာမောင်နှမတွေနဲ့အတူ စည်းစည်းလုံးလုံးနဲ့လမ်းမပေါ်ထွက်ပြီး လုံးဝအားမလျော့သွားဘဲ နေ့စဉ်ရက်ဆက်ပါဝင်လှုပ်ရှားနေတဲ့ ဘုဏ်းသိုက်

ပရိသတ်ကြီးရေ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ဘုဏ်းသိုက်ကတော့ ဒီကာလမှာ ကြုံတွေ့နေရတဲ့အခြေအနေတွေကြောင့် အနုပညာအလုပ်တွေကိုရပ်နားထားပြီး အများနည်းတူ ပါဝင်လှုပ်ရှားနေတာပဲဖြစ်ပါတယ်။ဘုဏ်းသိုက်ကလည်း သမီးလေးတစ်ယောက်ရဲ့ဖခင်ဖြစ်တာကြောင့် မိမိရင်သွေးလေးရဲ့အနာဂတ်အတွက် လမ်းမပေါ်ထွက်ပြီး ရင်ဆိုင်နေတာဖြစ်ပါတယ်နော်။ဘုဏ်းသိုက်ကတော့ ဖခင်ကောင်းပီသစွာနဲ့ သမီးလေးကို ကောင်းမွန်တဲ့အရာတွေကိုသာပေးပြီး လိုလေသေးမရှိအောင်စောင့်ရှောက်ပေးတာဖြစ်ပါတယ်။ဘုဏ်းသိုက်တို့သားအဖနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ဂရုစိုက်ပေးကြပြီး ချစ်ချစ်ခင်ခင်ရှိကြတာဖြစ်ပါတယ်နော်။

Photo Credit:Hpone Thaik’s Facebook Account
Photo Credit:Hpone Thaik’s Facebook Account
Photo Credit:Hpone Thaik’s Facebook Account
Photo Credit:Hpone Thaik’s Facebook Account

လတ်တလောအခြေအနေမှာဆိုရင်တော့ ဘုဏ်းသိုက်က သမီးလေးကိုလည်း တတ်နိုင်သလောက် အချိန်ပေးပြီးအဖော်လုပ်ပေးနေတာဖြစ်ပါတယ်။ဒါ့အပြင်လည်း ဘုဏ်းသိုက်က အနုပညာညီအစ်ကိုမောင်နှမတွေနဲ့အတူ စည်းစည်းလုံးလုံးနဲ့ လမ်းပေါ်နေ့စဉ်ထွက်ပြီး လူထုလှုပ်ရှားမှုမှာ ပါဝင်နေတာဖြစ်ပါတယ်။ဘုဏ်းသိုက်တို့ အနုပညာရှင်အသိုင်းအဝိုင်းကလည်း ယခုလိုအချိန်မျိုးမှာ ပြည်သူတွေနဲ့ တစ်သွေးတည်း၊တစ်သားတည်းရှိနေကြလို့ အရမ်းအားတက်စရာကောင်းလှပါတယ်နော်။ဘုဏ်းသိုက်ကလည်း လူငယ်တွေရဲ့ရှေ့ကနေ စိတ်ဓာတ်ခွန်အားအပြည့်နဲ့ရပ်တည်ပြီး တစ်တပ်တစ်အားပူးပေါင်းပါဝင်နေတာဖြစ်ပါတယ်။

Photo Credit:Hpone Thaik’s Facebook Account
Photo Credit:Hpone Thaik’s Facebook Account
Photo Credit:Hpone Thaik’s Facebook Account
Photo Credit:Hpone Thaik’s Facebook Account
Photo Credit:Hpone Thaik’s Facebook Account
Photo Credit:Hpone Thaik’s Facebook Account

အခုဆိုရင်တော့ ဘုဏ်းသိုက်က”ပြဿနာ တစ်ခုကို  ယာယီဖြေရှင်းတဲ့ နည်းဟာတာရှည်ခံမယ့် အောင်ပွဲ ကို မပေးပါဘူး ••။ဒါဟာ ကျွန်တော်တို့ ပြည်သူ ပြည်သားတွေ အားလုံး အားမလျော့ဘဲ နေ့စဉ်ရက်ဆက် တိုက်နေရခြင်းရဲ့တစ်ခုတည်းသော  အကြောင်းပြချက် ဖြစ်တယ် •••။”ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်။ဘုဏ်းသိုက်ကတော့ခင်လှိုင်တို့နဲ့အတူ လူအုပ်ကြားထဲမှာ ရဲရင့်တက်ကြွစွာနဲ့ပါဝင်လှုပ်ရှားနေတာပဲဖြစ်ပါတယ်။ဖေဖော်ဝါရီလ (၁)ရက်နေ့က စတင်လိုက်တဲ့ ယခုအခြေအနေကြီးဟာဆိုရင် ဒီနေ့အထိတိုင် အားမလျော့သွားသေးဘဲ စိတ်ဓာတ်ကြံ့ကြံ့ခိုင်ခိုင်နဲ့ရင်ဆိုင်နေကြတဲ့ ပြည်သူလူထုကြီးကိုတွေ့မြင်နေရဆဲပဲဖြစ်ပါတယ်နော်။

Photo Credit:Hpone Thaik’s Facebook Account
Photo Credit:Hpone Thaik’s Facebook Account
Photo Credit:Hpone Thaik’s Facebook Account
Photo Credit:Hpone Thaik’s Facebook Account

Source&Photo Credit:Hpone Thaik’s Facebook Account

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T