ပရိသတ်ကြီးရေ Mrtv-4ဇာတ်လမ်းတွဲတွေရဲ့ ချစ်စရာမင်းသမီးချောလေးတစ်ဦးဖြစ်ပြီး မိုးကောင်းကင်အိမ်မက်ဆိုတဲ့ ဇာတ်လမ်းတွဲမှာဆိုင်းမိုင်အနေနဲ့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကိုရရှိခဲ့တဲ့ ပိုးကြာဖြူခင်ကိုသိကြမယ်ထင်ပါတယ်နော်.....။ လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် ပရိသတ်တွေနဲ့အတူ အနုပညာရှင်တွေကလည်း ပြည်သူလုထုနဲ့အတူလှုပ်ရှားမှုတွေမှာ အားတက်သရောပူးပေါင်းပါဝင်နေကြတာဖြစ်ပြီး ဒီထဲမှာဆိုရင်ပိုးကြာဖြူခင်တစ်ယောက်လည်း တက်ကြွစွာပါ၀င်နေတာဖြစ်ပါတယ်။


လူထုလှုပ်ရှားမှုတွေဟာလည်း တစ်ရက်ပြီးတစ်ရက် အားကောင်းလာနေတာဖြစ်ပြီး ပြည်သူတွေအနေနဲ့ တက်ကြွစွာပါ၀င်လှုပ်ရှားနေကြတာဖြစ်ပါတယ်။ ပိုးကြာဖြူခင်အပြင်အခြားသောအနုပညာရှင်များစွာကလည်း လက်ရှိလှုပ်ရှားမှုတွေမှာ အားတက်သရောပါ၀င်ကြတဲ့အပြင် တတ်နိုင်တဲ့ဘက်ကနေလည်း လှူဒါန်းမှုတွေပြုလုပ်နေတာဖြစ်ပါတယ်နော်....။


ပိုးကြာဖြူခင်ဟာလည်း နေ့တိုင်းမပျက်မကွက်နဲ့ လူထုလှုပ်ရှားမှုတွေကို လုပ်ဆောင်နေတာဖြစ်တဲ့အပြင် သူမရဲ့ ပုံရိပ်တွေကိုလည်း Facebookစာမျက်နှာမှာ "အမေစု ကျန်းမာပါစေ....သန်းချီစုဝေး အမေစု လွတ်မြောက်ရေး မှာ ပါဝင်ခဲ့ပါတယ်...." ဆိုပြီးရေးသားမျှဝေလာခဲ့ပါတယ်။ ကဲ.....ပရိသတ်ကြီးအတွက် ပြန်လည်ကူးယူဖော်ပြပေးလိုက်ပါတယ်နော်။


သတင်းအရင်းမြစ်: Poe Kyar Phyu Khin's Facebook acc
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။