မင်းသမီးချောလေး နန်းဆုရတီစိုး ကတော့ ပရိသတ်တွေရဲ့ ရင်ထဲမှာနေရာယူထားပြီး ယုံကြည်လမ်းကို အကောင်းဆုံးလျှောက်လှမ်းနေတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမဟာ အသက်အရွယ်နဲ့မလိုက်အောင် နုပျိုလှပပြီး ကြည်လင်ဝင်းပတဲ့ အသားအရေလေးကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေးပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ နန်းဆုရတီစိုးက ကြော်ငြာတွေနဲ့ music video ကိုရိုက်ကူးနေတဲ့ အပြင် photo shooting တွေကိုလည်း ဆက်တိုက်ရိုက်ကူးနေတာတွေ့ရပါတယ်။


နန်းဆုရတီစိုးကတော့ လတ်တလောဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ စိတ်ရောကိုယ်ပါ ပြည်သူပြည်သားတွေနဲ့အတူ အပြည့်အဝပါဝင်ခဲ့တာကိုလည်း မြင်တွေ့ရပါတယ်။ ဒါ့အပြင် နေ့ဘက်မှာ လမ်းမပေါ်ထွက်ပြီး လူထုလှုပ်ရှားမှုပါဝင်ခဲ့သလို ညဘက် (၈)နာရီမှာလည်း အချိန်မှန်မှန် သံဗုံးတီးပြီး ပါဝင်ခဲ့ပါတယ်။ ယခုမှာတော့ နန်းဆုရတီစိုးက လူထုလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။


ဒီပုံလေးတွေနဲ့လည်း နန်းဆုရတီစိုး က "သူရဲကောင်းတွေအဖြစ် ငါတို့ရင်ဘတ်မှာ ကျောက်စာရေးထိုးထားပါ့မယ်... ရုန်းထွက်ခဲ့ကြပါ ...ပြည်သူထဲက ပြည်သူတစ်ယောက်အနေနဲ့ နောက်ဆုံးချိန်ထိအတူရှိနေပါ့မယ်....." ဆိုပြီး CDMမှာ ပါဝင်ပေးကြတဲ့ နိုင်ငံ့ဝန်ထမ်းတွေကို စိတ်ခွန်အားဖြစ်အောင် ရေးသားထားတာဖြစ်ပါတယ်။ ကဲ...ပရိသတ်ကြီးရေ အနာဂတ်အိမ်မက်တွေလှပစေဖို့အတွက် တစ်ထောင့်တစ်နေရာကနေ အုပ်တစ်ချပ်သဲတစ်ပွင့်အနေနဲ့ တက်နိုင်တဲ့ဘက်ကနေပါဝင်ပြီး ပြည်သူ့ပရိသတ်တွေနဲ့ရပ်တည်ပေးခဲ့တဲ့ နန်းဆုရတီစိုးကို ဂုဏ်ပြုစကားလေးပြောပေးခဲ့ပါဦး။

သတင်းအရင်းမြစ်: Source - Nansu Yati Soe fb account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။