ပရိသတ်အချစ်တော် ဝါရင့်သရုပ်ဆောင် တစ်ဦး ဖြစ်တဲ့ မင်းသမီးချောလေး သက်မွန်မြင့်ကတော့ စေတနာပျက်အောင် အနှောက်အယှက်ပေးသလို ဖြစ်နေပြီမို့ နိုင်ငံတကာ သတင်းတွေ ၊နိုင်ငံ့သမ္မတ ပို့စ်တွေအောက်မှာ copy မန့်တွေ လိုက်မန့်နေတာကို ရပ်လိုက်ကြဖို့ အနူးအညွတ်မေတ္တာရပ်ခံလာတာပဲ ဖြစ်ပါတယ်။ သက်မွန်မြင့်ကတော့ ဗီဒီယို ခေတ်ကတည်းက အနုပညာလောက ထဲ ရောက်ရှိလာခဲ့တာ ဖြစ်ပြီး ပရိသတ်တွေ အခိုင်အမာ ရရှိထားတဲ့ သူတစ်ဦးပဲ ဖြစ်ပါတယ်။


ဘယ်ဇာတ်ရုပ်လာလာ ပီပြင်ပြောင်မြောက်လှတဲ့ အနုပညာ စွမ်းရည်တွေကြောင့်လည်း အကယ်ဒမီဆုကြီးကို ထိုက်ထိုက်တန်တန် ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အနုပညာ အလုပ်တွေကို ရပ်နားထားပြီး ပြည်သူ့လှုပ်ရှားမှုတွေမှာ ပြည်သူ့ဘက်ကနေ ရပ်တည်လှုပ်ရှားနေတာ ပဲ ဖြစ်ပါတယ်။ ယခုအခါမှာတော့ Keyboard Fighter တွေကို အနူးအညွတ် မေတ္တာရပ်ခံလာပြီး နိုင်ငံတကာကလူတွေ အရမ်းAnnoy ဖြစ်နေကြပါပြီ။ အသံတွေ လည်းထွက်လာပါပြီ ဆိုတဲ့အကြောင်းကို ပြောပြလာတာပဲ ဖြစ်ပါတယ်။


သက်မွန်မြင့်ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ
"Keyboard Fighter တို့ရေ အနူးအညွတ် မေတ္တာရပ်ခံပါရစေ။ Media Attention လည်း ရသင့်သလောက် ရပြီးသွားပါပြီ။ နိုင်ငံတကာသတင်းတွေ၊ နိုင်ငံ့သမ္မတတွေရဲ့ ပိုစ့်တွေအောက်မှာ Copy မန့်တွေ လိုက်မန့်နေတာ ရပ်ကြပါတော့။ နိုင်ငံတကာကလူတွေ အရမ်းAnnoy ဖြစ်နေကြပါပြီ။ အသံတွေ ထွက်လာပါပြီ။ မလုပ်ကြပါနဲ့တော့။ သူတို့ မြန်မာပြည်အတွက် Postတွေ တင်ပေးနေတာ ကိုယ်တွေအားလုံး Copy မန့်တွေ သွားမန့်နေတာထက် အသံပိုကျယ်ပါတယ်။ စေတနာပျက်အောင် အနှောက်အယှက်ပေးသလို ဖြစ်နေပြီမို့ ရပ်ကြပါတော့။ ထပ်ပြောပါရစေ Copy မန့်တွေ ရပ်ကြပါတော့။
Please. ......." ဆိုပြီး ပြောပြလာတာကို ပရိသတ်တွေ အတွက် ပြန်လည်မျှဝေပေးလိုက်တာပဲ ဖြစ်ပါတယ်နော်......။


သတင်းအရင်းမြစ်: Thet Mon Myint's FB Page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။