နေ့စဥ်ရက်ဆက်လူထုလှုပ်ရှားမှုမှာ ပါဝင်ရင်း မနက်ဖြန်တိုင်းမှာလည်း ပြည်သူတွေနဲ့အတူ ရပ်တည်နေမှာဖြစ်တဲ့အကြောင်း ပြောပြလိုက်တဲ့ နန်းစန္ဒာလှထွန်း

//s9.kh1.co/19/193e6d56a061396826e32e5abcf947c7fd82b902.jpg
အနုပညာရှင်များ

 ၁၈-ဖေ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

ချစ်ရတဲ့ ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီးချောလေး နန်းစန္ဒာလှထွန်းကတော့ အခုလို အခြေအနေမျိုးမှာ ပြည်သူတွေနဲ့အတူ တစ်သားတည်း ဝန်းရံရပ်တည်နေတာ ဖြစ်ပါတယ်။ နန်းစန္ဒာလှထွန်းက အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တာ မကြာသေးပေမယ့် အောင်မြင်မှုတွေနဲ့ ပရိသတ်အားပေးမှုကို များစွာ ရရှိထားတာဖြစ်ပြီး သူမက ဇာတ်လမ်းတွဲအတော်များများမှာလည်း ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ 

Photo credit - Nan Sandar Hla Htun's FB account
Photo credit - Nan Sandar Hla Htun's FB account
Photo credit - Nan Sandar Hla Htun's FB account
Photo credit - Nan Sandar Hla Htun's FB account

ကောင်းမွန်တဲ့ သရုပ်ဆောင်မှုတွေကြောင့် အနုပညာလမ်းကြောင်းထက်မှာ နေရာတစ်ခုကို အခိုင်အမာ ရရှိထားတဲ့ သူမက လက်ရှိမှာတော့ ရိုက်ကူးရေးတွေကို ခေတ္တရပ်နားထားတာဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၁ရက်နေ့ကစလို့ ဖြစ်ပေါ်ခဲ့ရတဲ့ အခြေအနေတွေမှာ တက်တက်ကြွကြွပါဝင်လုပ်ဆောင်နေတဲ့ နန်းစန္ဒာလှထွန်းက ပြည်သူတွေဘက်က ရပ်တည်ဝန်းရံနေတာကို တွေ့ရပါတယ်။ နေ့စဥ်ဆက်တိုက်ဆိုသလို လမ်းပေါ်ထွက်ကာ ရပ်တည်ဝန်းရံနေတဲ့ သူမက လူမှုကွန်ယက် ဖေ့ဘွတ်အကောင့်မှာ ပုံလေးတွေကို တင်ပေးလေ့ရှိတာလည်း ဖြစ်ပါတယ်။ 

Photo credit - Nan Sandar Hla Htun's FB account
Photo credit - Nan Sandar Hla Htun's FB account

ယနေ့မှာလည်း သောင်းချီတဲ့ လူအုပ်ကြားထဲမှာ တက်ကြွစွာ ပြည်သူတွေနဲ့အတူ ရပ်တည်နေတဲ့ ပုံလေးတွေကို တင်ပေးလာပြန်ပါတယ်။ အဆိုပါ ပုံလေးတွေအပြင် " မနက်ဖြန်တိုင်းမှာရှိမယ် ဒါပြည်သူ့အသံ " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားပါသေးတယ်။ ပရိသတ်တွေလည်း ကြည့်ရှု့ပြီး အချစ်ပိုစေဖို့အတွက် မင်းသမီးချောလေး နန်းစန္ဒာလှထွန်းရဲ့ ပုံလေးတွေကို ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်။ 

Photo credit - Nan Sandar Hla Htun's FB account
Photo credit - Nan Sandar Hla Htun's FB account
Photo credit - Nan Sandar Hla Htun's FB account
Photo credit - Nan Sandar Hla Htun's FB account

သတင်း အရင်းအမြစ်Source - Nan Sandar Hla Htun's FB account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T