အဆိုတော် လိမ္မော်သီးကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို သိမ်းပိုက်ရရှိထားသူတစ်ဦးပဲ ဖြစ်ပါတယ်။ သူမဟာ ပြည်သူထဲက ပြည်သူတစ်ယောက်ဖြစ်တဲ့အတွက် လက်ရှိဖြစ်နေတဲ့ လူထုလှုပ်ရှားမှုတွေကို ပါဝင်လှုပ်ရှားဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဒီအခြေနေမှာမပါဝင်သေးသူများကိုလည်း အမြန်ပူးပေါင်းရန် တိုက်တွန်းပေးနေတာလည်း ဖြစ်ပါတယ်။
လိမ္မော်သီးဟာ နေ့စဉ်ရက်ဆက် မမောနိုင်မပန်းနိုင်အောင်ကို လူထုလှုပ်ရှားမှုတွင် ပါဝင်ဆောင်ရွက်နေတဲ့အတွက် ပရိသတ်တွေရဲ့ ချီးကျူးမှုတွေကိုလည်း ရရှိထားတာလည်း ဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုတွေဟာ အနုပညာရှင်တွေ ပါဝင်လာမှ ပြည်သူတွေပူးပေါင်းလာတာမဟုတ်ဘဲ အားလုံးရဲ့စည်းလုံးမှုတွေကြောင့် အခုလိုအင်အားတောင့်တင်းလာကြောင်းကိုလည်း သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ရှင်းပြပေးထားတာပဲ ဖြစ်ပါတယ်။ " အနုပညာသမားတွေပါဝင်လို့ ပြည်သူတွေကပါဝင်လာတာမဟုတ်ဘူး...
ပြည်သူတွေပါဝင်လို့ အနုပညာသမားတွေကပါ ပါဝင်လာကြတာ.....
အဓိကက စည်းလုံးသွားကြတာ......
ပြည်သူအားလုံးကခေါင်းဆောင်တွေပဲ......
ခုထိလည်း ဘယ်သူကမှခေါင်းဆောင်မဟုတ်ဘူး...
အားလုံးဟာ တစ်စိတ်တည်း ၊ တစ်သွေးထဲပဲ....
နားလည်စေချင်တယ်... ??☯️ " ဆိုပြီး ရေးသားထားတာလည်း ဖြစ်ပါတယ်။ အနုပညာရှင်များနဲ့ပြည်သူများဟာ တစ်စုတစ်စည်းတည်း မြန်မာပြည်ကြီး အမြန်ဆုံးငြိမ်းချမ်းရန်အတွက် ကျရာအခန်းကဏ္ဍကနေ စွမ်းစွမ်းတမံပါဝင်ဆောင်ရွက်နေကြတာဟာ အရမ်းကို အားတက်စရာကောင်းလွန်းလှပါတယ်နော်။ ပရိသတ်တွေလည်း သိရှိနိုင်စေရန် ဒီသတင်းလေးကိုလည်း တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ရပါတယ်နော်။
Source and Photo Crd-Mi Mon Mon Theik’s Facebook Account