မြို့လည်ခေါင်ဖြစ်တဲ့ဆူးလေမှာအရမ်းများပြားလွန်းတဲ့ပြည်သူလူထုနဲ့အတူရင်ထဲကဆန္ဒအမှန်တွေကိုသံပြိုင်ဟစ်ကြွေးနေကြတဲ့ ဝါဆိုတို့စုံတွဲရဲ့ဗီဒီယိုဖိုင်

//s9.kh1.co/52/52a655fb4216985d7ac7cc42f63697568b5d57da.jpeg
အနုပညာရှင်များ

 ၁၈-ဖေ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

အဆိုတော်  ဖြိုးလေးနဲ့  ဝါဆိုမိုးဦးတို့အတွဲလေးကတော့  လတ်တလော  မြန်မာနိုင်ငံတွင်  ဖြစ်ပေါ်နေတဲ့  လူထုလှုပ်ရှားမှုတွင်  တတ်နိုင်တဲ့ဘက်ကနေ  ပါဝင်လှုပ်ရှားနေကြသူတွေလည်း  ဖြစ်ပါတယ်။  လမ်းပေါ်ထွက်ကာ  ရင်ထဲကဆန္ဒအမှန်ကို  ထုတ်ဖော်နေကြတဲ့  ပြည်သူတွေအတွက်လည်း  လိုအပ်တဲ့  ပစ္စည်းများကို  သူငယ်ချင်းများနဲ့အတူ  ပါဝင်လှူဒါန်းနေတာကိုလည်း  မြင်တွေ့ရမှာပဲ  ဖြစ်ပါတယ်။  ဖြိုးလေးနဲ့ဝါဆိုမိုးဦးဟာ  တစ်ရက်မှမနားဘဲ  ဒီလှုပ်ရှားမှုကြီး အောင်မြင်စွာနဲ့  အဆုံးသတ်နိုင်ရန်  တက်ကြွစွာ  ကြိုးစားလုပ်ဆောင်နေကြတာလည်း  ဖြစ်ပါတယ်။

Photo Crd-Warso Moe Oo’s Facebook Page 
Photo Crd-Warso Moe Oo’s Facebook Page 
Photo Crd-Warso Moe Oo’s Facebook Page 
Photo Crd-Warso Moe Oo’s Facebook Page 
Photo Crd-Warso Moe Oo’s Facebook Page 
Photo Crd-Warso Moe Oo’s Facebook Page 

နေ့ဘက်တွင်  လူထုလှုပ်ရှားမှုများတွင်  ပူးပေါင်းပါဝင်နေရုံတင်မကဘဲ  ညပိုင်းတွေမှာလည်း  ရပ်ကွက်ထဲသို့  အခြားသော လူစိမ်းများ ဝင်ရောက်လို့မရနိုင်အောင်  ကင်းစောင့်တာဝန်ကို ယူထားကြတာလည်း  ဖြစ်ပါတယ်။  ရပ်ကွက်နေပြည်သူများအတွက်  အုတ်တစ်ချပ်သဲ တစ်ပွင့်  ကူညီပေးနေကြတဲ့  ဝါဆိုတို့စုံတွဲလေးကို  ပရိသတ်တွေအားလုံးကလည်း  ချီးကျုးနေကြတာလည်း  ဖြစ်ပါတယ်။  သူတို့ရဲ့ လှုပ်ရှားမှုတွေတိုင်းကိုလည်း  ပရိသတ်တွေကို  ဝေမျှပေးလေ့ရှိရာ  အခုတစ်ခါမှာလည်း  ဝါဆိုရဲ့ Facebook Story မှာ ဗီဒီယိုလေးတစ်ခု  တင်ထားတာပဲ  ဖြစ်ပါတယ်။

Photo Crd-Warso Moe Oo’s Facebook Page 
Photo Crd-Warso Moe Oo’s Facebook Page 
Photo Crd-Warso Moe Oo’s Facebook Page 
Photo Crd-Warso Moe Oo’s Facebook Page 

ဒါကတော့  မြို့လည်ခေါင်ဖြစ်တဲ့ဆူးလေမှာ  များစွာသောပြည်သူလူထုနဲ့အတူ ရင်ထဲကဆန္ဒအမှန်တွေကိုသံပြိုင်ဟစ်ကြွေးနေကြတဲ့ ဝါဆိုတို့စုံတွဲလေးရဲ့ဗီဒီယိုဖိုင်လေးပဲ  ဖြစ်ပါတယ်။  မနေ့ကတော့  နာမည်ကြီးအနုပညာရှင်များသာမကဘဲ  အခြားသောပြည်သူများကလည်း  ဆူးလေတွင်စုရပ်ပြုလုပ်ကာ လူထုလှုပ်ရှားမှုကို  စုပေါင်းကာလုပ်ဆောင်ခဲ့ကြတာလည်း  ဖြစ်ပါတယ်။  ဝါဆိုတို့ကလည်း  " ကျွန်တော်တို့က လူငယ်တွေပါ

ကျွန်တော်တို့မှာ အနာဂတ်ရှိတယ်✊?✊?✊? " ဆိုတဲ့ စာသားလေးကို  ရေးသားထားတာပဲ  ဖြစ်ပြီး  ပရိသတ်တွေလည်း  ကြည့်ရှုခံစားနိုင်အောင်  ဒီဗီဒီယိုဖိုင်လေးကို  တစ်ဆင့်  ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ရပါတယ်နော်။  ဒီလှုပ်ရှားမှုမှာ  အကြောင်းအမျိုးမျိုးကြောင့်  မပါဝင်သေးတဲ့  ပြည်သူ့ဝန်ထမ်းတွေလည်း  အမြန်ဆုံးပါဝင်ပူးပေါင်းပေးကြဖို့လည်း  တောင်းဆိုလိုက်ရပါတယ်နော်။

Source and Photo Crd- Warso Moe Oo’s Facebook Page 

Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T