အဖက်ဖက်က ကျပ်တည်းနေတဲ့အချိန်လေးမှာ အိမ်ထောင်စု (၅၅၀)အတွက် ကြည်နူးပီတိဖြစ်စရာအလှူလေးကို ထပ်မံပြုလုပ်ခဲ့တဲ့ စမိုင်းလ်

//s9.kh1.co/5c/5c540f8bf251691a3da048ebbdca0352ea92ad6f.jpg
အနုပညာရှင်များ

 ၁၈-ဖေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

မင်းသမီးစမိုင်းလ်ကတော့ တစ်ခေတ်တခါက အနုပညာလောကမှာ အောင်မြင်မှုတွေနဲ့ အကောင်းဆုံး ရပ်တည်နေခဲ့တဲ့ ဝါရင့်မင်းသမီးတစ်ယောက်ပဲ ဖြစ်ပါတယ်။လက်ရှိမှာတော့ သူမဟာ သာယာပျော်ရွှင်တဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားပြီး အနုပညာအလုပ်တွေကိုလည်း အနည်းအကျဉ်းမျှသာပဲ လုပ်ကိုင်နေတာတွေ့ပါတယ်။ စမိုင်းလ်ဟာ စကားပြောရင် ပွင့်ပွင့်လင်းလင်းနဲ့ ပြောဆိုတတ်ပေမဲ့ စိတ်သဘောထားပြည့်ဝပြီး သူတစ်ပါးကို အမြဲကူညီပေးတတ်တဲ့သူပဲ ဖြစ်ပါတယ်။

Photo Credit - စမိုင်းလ် Smile fb account
Photo Credit - စမိုင်းလ် Smile fb account
Photo Credit - စမိုင်းလ် Smile fb account
Photo Credit - စမိုင်းလ် Smile fb account

ဒါ့အပြင် ဘာသာတရားကို အထူးကိုင်းရှိုင်းသူတစ်ယောက်ဖြစ်ပြီး အလှူအတန်းတွေကိုလည်း ရက်ရက်ရောရော လှူဒါန်းပေးတာကို တွေ့ရပါတယ်။ လတ်တလော ဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာပါဝင်ခဲ့ကြတဲ့ ပြည်သူပရိသတ်တွေအတွက်လည်း တတ်နိုင်တဲ့ဘက်က စားသောက်စရာများ ၊ ရှေ့တန်းမှာလိုအပ်တဲ့ ဦးထုပ်နဲ့ မျက်မှန်တွေအပြင် မီးဘေးအန္တရာယ်ကာကွယ်ရန်အတွက် မီးသတ်ဆေးဘူးတွေကိုလည်း လှူဒါန်းပေးခဲ့တာတွေ့မြင်ရပါတယ်။

Photo Credit - စမိုင်းလ် Smile fb account
Photo Credit - စမိုင်းလ် Smile fb account
Photo Credit - စမိုင်းလ် Smile fb account
Photo Credit - စမိုင်းလ် Smile fb account

ယခုအခုမှာလည်း စမိုင်းလ်တို့ မိသားစုက နောက်ထပ် ကြည်နူးပီတိဖြစ်စရာ အလှူလေးကိုထပ်မံ ပြုလုပ်ခဲ့ပါတယ်။ ဒီအလှူလေးကတော့ အောင်ဇမ္ဗူဆရာတော်ကျောင်းတွင် အိမ်ထောင်စု (၅၅၀)အတွက် တစ်အိမ်ကို ဆန် (၂)ပြည်စီဖြင့် လှူဒါန်းဒါနပြုခဲ့တာ ဖြစ်ပါတယ်။ ကဲ...ပရိသတ်ကြီးရေ အခုလိုအဖက်ဖက်က ကျပ်တည်းနေတဲ့အချိန်တတ်နိုင်သလောက် အလှူလေးပြုလုပ်ခဲ့တဲ့ စမိုင်းလ်တို့မိသားစုကို ဆုတောင်းမေတ္တာပို့သပေးပါဦး။

Photo Credit - စမိုင်းလ် Smile fb account
Photo Credit - စမိုင်းလ် Smile fb account
Photo Credit - စမိုင်းလ် Smile fb account
Photo Credit - စမိုင်းလ် Smile fb account

သတင်း အရင်းအမြစ်Source - စမိုင်းလ် Smile fb account

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T