လူထုလှုပ်ရှားမှုတွေမှာ တတ်နိုင်တဲ့ဘက်ကနေ တစ်တပ်တအားပါ၀င်ကာ ပြည်သူနဲ့အတူရပ်တည်ခဲ့ကြတဲ့ ခိုင်သင်းကြည်တို့သားအမိ

//s9.kh1.co/5b/5b7855d0447f31d94fefa91f6f73ddd089e1284b.jpg
အနုပညာရှင်များ

 ၁၈-ဖေ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ......အရွယ်နဲ့မလိုက်အောင်ကို နုပျိုလှပနေပြီး ပျော်ပျော်နေတတ်တဲ့ မခိုင်‌လေးလို့ခေါ်ကြတဲ့ ခိုင်သင်းကြည်ကိုသိကြမယ်ထင်ပါတယ်နော်။ သူဟာအနုပညာလောကမှာဆယ်စုနှစ်များစွာတိုင်ရပ်တည်အောင်မြင်နေတာဖြစ်ပြီး ကျရာဇာတ်ရုပ်ကိုလည်းပီပြင်စွာသရုပ်ဆောင်နိုင်တဲ့ဝါရင့်မင်းသမီးချောကြီးတစ်ယောက်ဖြစ်တဲ့အပြင် သမီးလေးစံထိပ်ထားဦးကိုလည်းပိုင်ဆိုင်ထားကာ ပျော်ရွှင်စရာမိသားစုဘ၀လေးကိုလည်း တည်ထောင်ထားတာဖြစ်ပါတယ်။

Photo credit-​ San Htate Htar Oo's Facebook page
Photo credit-​ San Htate Htar Oo's Facebook page
Photo credit-​ San Htate Htar Oo's Facebook page
Photo credit-​ San Htate Htar Oo's Facebook page

လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် ပြည်သူပရိသတ်တွေနဲ့အတူ အနုပညာရှင်တွေကလည်း လှုပ်ရှားမှုတွေမှာ အားတက်သရောပူးပေါင်းပါဝင်နေကြတာဖြစ်ပြီး ခိုင်သင်းကြည်တို့သားအမိနှစ်ယောက်ကလည်း တက်ကြွစွာနဲ့ပါ၀င်နေတာဖြစ်ပါတယ်။ အရှိန်အဟုန်ကောင်းစွာနဲ့ လုပ်ဆောင်နေကြတဲ့ လူထုလှုပ်ရှားမှုတွေဟာဆိုရင် နေရာအနှံ့အပြားမှာ လုပ်ဆောင်နေကြတာကိုလည်းတွေ့ရပါတယ်နော်......။

Photo credit-​ San Htate Htar Oo's Facebook page
Photo credit-​ San Htate Htar Oo's Facebook page
Photo credit-​ San Htate Htar Oo's Facebook page
Photo credit-​ San Htate Htar Oo's Facebook page

အခုဆိုရင်လည်း ခိုင်သင်းကြည်တို့သားအမိနှစ်ယောက်ဟာ တက်ကြွစွာလူထုလှုပ်ရှားမှုတွေကိုဆူးလေမှာသွားရောက်ပူးပေါင်းခဲ့ကြတာဖြစ်ပြီး စံထိပ်ထားဦးဟာလည်း သူမရဲ့Facebookစာမျက်နှာမှာ "ကျွန်မတို့ဟာလူငယ်တွေပါကျွန်မတို့မှာအနာဂတ်ရှိတယ်......" ဆိုပြီးရေးသားကာ တင်ပေးလာခဲ့တာဖြစ်ပါတယ်။ ကဲ....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-​ San Htate Htar Oo's Facebook page
Photo credit-​ San Htate Htar Oo's Facebook page
https://s9.kh1.co/__image/w=650,h=488,q=100/a9/a99cf9a0757581d94cd075445851367b03cbae4b.jpg

သတင်း အရင်းအမြစ်San Htate Htar Oo's Facebook page

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T