Model ၊ သရုပ်ဆောင် မင်းသားချောလေးတွေဖြစ်ကြတဲ့ ပိုင်တံခွန်နဲ့ တိုင်ရွန်တို့နှစ်ယောက်ကတော့ မိန်းကလေးပရိသတ်တွေရဲ့သည်းသည်းလှုပ် အားပေးမှုကို ရရှိထားကြတာ ဖြစ်ပါတယ် ။ အောင်မြင်မှုကိုယ်စီနဲ့ ရပ်တည်နေကြတဲ့ ပိုင်တံခွန်တို့နှစ်ယောက်က အနုပညာညီအစ်ကိုတွေဖြစ်သလို အရမ်းရင်းနှီးတဲ့ သူငယ်ချင်းတွေလည်း ဖြစ်ကြပါတယ်။ ဒါကြောင့် ပိုင်တံခွန်နဲ့ တိုင်ရွန်တို့က သူတို့ကိုယ်တိုင်ရှေ့ဆုံးကနေ ဦးဆောင်ပြီး ပြည်သူလူထုနဲ့အတူ ပါဝင်လှုပ်ရှားနေတာ ဖြစ်ပါတယ် ။
တိုင်ရွန်တို့သူငယ်ချင်းနှစ်ယောက်က လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် နေ့တိုင်းလမ်းပေါ်ထွက်ပြီး လူထုလှုပ်ရှားမှုပြုလုပ်နေရတာ ဖြစ်ပါတယ် ။မနေ့ကတော့ သူတို့နှစ်ယောက်က ပြည်သူတွေအများဆုံး စုဝေးတဲ့နေရာဖြစ်တဲ့ ဆူးလေမှာ အတူဆုံတွေ့ခဲ့ကြတာ ဖြစ်ပါတယ် ။ ပိုင်တံခွန်နဲ့တိုင်ရွန်တို့အဖွဲ့ကတော့ သူတို့ချစ်ရတဲ့ ပြည်သူတွေကို မထိခိုက်နိုင်အောင် အကာအကွယ်ပစ္စည်း စုံစုံလင်လင်နဲ့ ရှေ့ကနေ စောင့်ရှောက်ပေးခဲ့တာ ဖြစ်ပါတယ် ။
တိုင်ရွန်ကတော့ "ငါတို့ဘာအပြစ်မှမလုပ်ခဲ့ဘူး ဒါပေမဲ့ ဒီမြေမှာမွေး ဒီရေကိုသောက် ဒီမြေပေါ်မှာကြီးခဲ့လို့ ငါတို့နိုင်ငံအတွက် ငါတို့ အနာဂတ်တွေ အတွက် ငါတို့ပြည်သူတွေ မင်းတို့ရှေ့ မှာဒူးထောက်ခဲ့ရတယ် ဘယ်တော့မှ သွေးအေးသွားမယ်မထင်နဲ့ ။" ဆိုပြီး ပုံတွေတင်ခဲ့သလို ပိုင်တံခွန်ကလည်း "We need the help.Please Save Myanmar" ဆိုပြီး လှုပ်ရှားမှုတွေကို မျှဝေခဲ့တာ ဖြစ်ပါတယ် ။ ပြည်သူတွေဘက်ကနေ အခိုင်အမာရပ်တည်ကာကွယ်ပေးခဲ့တဲ့ ပိုင်တံခွန်နဲ့တိုင်ရွန်တို့အဖွဲ့ရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source & Photo Credit -Paing TaKhon's FB Page & Tyron Bejay's FB Acc