ကျန်းမာရေးအရ လမ်းလျှောက်လှုပ်ရှားမှုမှာမပါဝင်နိုင်ပေမယ့် ပြည်သူတွေအိမ်ပြန်ခရီးကိုအခမဲ့ပို့ဆောင်ဖို့ နေပူပူထဲရပ်စောင့်ပြီးကူညီနေတဲ့ ဦးကျော်သူ

//s9.kh1.co/5e/5e2677cb621bf7070d54a6752444fe4c3d92432f.jpg
အနုပညာရှင်များ

 ၁၇-ဖေ-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

..

ပီပြင်ပိုင်နိုင်လွန်းတဲ့ သရုပ်ဆောင်ကောင်းမှုတွေနဲ့အတူ ဆယ်စုနှစ်တွေကတည်းကယနေ့အချိန်ထိ ပြည်သူပရိသတ်တွေရဲ့ရင်ထဲ အခိုင်အမာနေရာယူထားသလို ပရဟိတအလုပ်တွေလည်း တစိုက်မတ်မတ်လုပ်ဆောင်နေသူကတော့ အကယ်ဒမီဦးကျော်သူပဲ ဖြစ်ပါတယ်..။

ပရဟိတမင်းသားကြီးအဖြစ် အများပြည်သူချစ်ခင်လေးစားနေကြရတဲ့ ဦးကျော်သူဟာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီးတော့လည်း ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်နေတာလည်း အားလုံးမြင်တွေ့ရမှာပါနော်..။

Photo Credit - Kyaw Thu's Fb Acc
Photo Credit - Kyaw Thu's Fb Acc
Photo Credit - Kyaw Thu's Fb Acc
Photo Credit - Kyaw Thu's Fb Acc
Photo Credit - Kyaw Thu's Fb Acc
Photo Credit - Kyaw Thu's Fb Acc
Photo Credit - Kyaw Thu's Fb Acc
Photo Credit - Kyaw Thu's Fb Acc
Photo Credit - Kyaw Thu's Fb Acc
Photo Credit - Kyaw Thu's Fb Acc

မကြာခင်ကမှ ကိုဗစ်ရောဂါကုသပျောက်ကင်းခဲ့တဲ့ ဦးကျော်သူဟာ ကျန်းမာရေးအရ လမ်းလျှောက်လှုပ်ရှားမှုတွေမှာကိုယ်တိုင်မပါဝင်နိုင်ပေမယ့်လည်း အများပြည်သူတွေအိမ်ပြန်ခရီးအဆင်ပြေစေနိုင်ဖို့အတွက် ကားမောင်းပြီးအခမဲ့ပို့ဆောင်ကာပေးခဲ့တာ တွေ့ရပါတယ်..။

အားလုံးနဲ့တစ်သားတည်းရပ်တည်ကာ တတ်နိုင်သလောက်ပါဝင်အားဖြည့်ပြီး ရေသန့်၊ မုန့်၊ အချိုရည်ဗူးတွေနဲ့ ရှူဆေးကဒ်တွေဝေငှခဲ့တဲ့အပြင် ပြည်သူတွေ အိမ်ပြန်ခရီးကိုအခမဲ့ပို့ဆောင်ပေးနိုင်ဖို့အတွက် နေပူပူထဲရပ်စောင့်ပြီး တစ်တပ်တစ်အားပါဝင်ကူညီခဲ့တာ ဖြစ်ပါတယ်နော်..။

Photo Credit - Kyaw Thu's Fb Acc
Photo Credit - Kyaw Thu's Fb Acc
Photo Credit - Kyaw Thu's Fb Acc
Photo Credit - Kyaw Thu's Fb Acc
Photo Credit - Kyaw Thu's Fb Acc
Photo Credit - Kyaw Thu's Fb Acc
Photo Credit - Kyaw Thu's Fb Acc
Photo Credit - Kyaw Thu's Fb Acc
Photo Credit - Kyaw Thu's Fb Acc
Photo Credit - Kyaw Thu's Fb Acc
Photo Credit - Kyaw Thu's Fb Acc
Photo Credit - Kyaw Thu's Fb Acc

"ကမ်ဘာအေး မြောက်ဥက္ကလာ ဝန်ဆောင်မှု။

ဆူးလေမှာ နေခြစ်ခြစ်တောက်အပူ၊ ရင်ထဲကအပူမီးများဖြင့် ပြန်လာကြသော ကျောင်းသူ၊ ကျောင်းသား၊ ဝန်ထမ်း၊ ပြည်သူလူထုတို့အား ရန်ကုန်မြို့ သမ္မတရုပ်ရှင်ရုံရှေ့မှ အပြန်ခရီးအတွက်

ကမ်ဘာအေး၊ မြောက်ဥက္ကလာအထိ အခမဲ့

ဝန်ဆောင်မှုတို့အား သောက်ရေသန့်ဗူးများ၊ အားဖြည့်အချိုရေဗူးများတိုက်ကျွေးကာ ကုသိုလ်ဖြစ်လုပ်ဆောင်ပေးနေပါသည်။.." ဆိုပြီး ဝေမျှပြောပြထားသလို

"အုတ်တစ်ချပ်၊သဲတစ်ပွင့်

နှလုံးခွဲစိတ်သွေးကြောလေးချောင်းလဲထား၊ ဒီကြားထဲ ကိုဗစ်ကဖြစ်ခဲ့ရတော့

အမောသိပ်မခံနိုင်။

လမ်းလျှောက်ဆန္ဒပြမှု မလုပ်နိုင်၍ ကိုယ်နိုင်ရာ ရေသန့်၊မုန့်များ၊အချိုရည်ဗူးများ၊ ရှူဆေးကဒ်များဝေငှခြင်းအပြင် အများပြည်သူလူထုတို့၏ အိမ်ပြန်ခရီးအဆင်ပြေချောမွတ်ရန်အတွက် ဖယ်ရီပို့ဆောင်ခြင်းဒါနကို ပြုခဲ့ပါသည်။

အုတ်တစ်ချပ် သဲတစ်ပွင့်ပေါ့ ခင်ဗျာ။.." ဆိုပြီးတော့လည်း တစ်ထောင့်တစ်နေရာကနေ ပံ့ပိုးကူညီခဲ့တာလေးတွေကိုလည်း ဝေမျှထားပါသေးတယ်နော်..။

Photo Credit - Kyaw Thu's Fb Acc
Photo Credit - Kyaw Thu's Fb Acc
Photo Credit - Kyaw Thu's Fb Acc
Photo Credit - Kyaw Thu's Fb Acc
Photo Credit - Kyaw Thu's Fb Acc
Photo Credit - Kyaw Thu's Fb Acc
Photo Credit - Kyaw Thu's Fb Acc
Photo Credit - Kyaw Thu's Fb Acc
Photo Credit - Kyaw Thu's Fb Acc
Photo Credit - Kyaw Thu's Fb Acc
Photo Credit - Kyaw Thu's Fb Acc
Photo Credit - Kyaw Thu's Fb Acc

သတင်း အရင်းအမြစ်Kyaw Thu's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T