ရန်ကုန်မြို့ရဲ့လမ်းတွေတောင် ထပ်ချဲ့ရလောက်တဲ့အထိ အင်အားများပြားခဲ့တဲ့ လူထုလှုပ်ရှားမှုကြီးကြောင့် ကျေနပ်အားရနေတဲ့ညီနန္ဒ

//s9.kh1.co/a4/a4fdf3d69fcc4ff5b21c986d013fb6160977f07b.jpeg
အနုပညာရှင်များ

 ၁၇-ဖေ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

......

အနုပညာလောကမှာ နှစ်ပေါင်းများစွာတိုင်အောင် ရပ်တည်အောင်မြင်နေပြီး ပရိသတ်အားပေးမှုကို အခိုင်အမာ ရရှိထားတဲ့ ဝါရင့်သရုပ်ဆောင် ညီနန္ဒကိုသိကြမယ်ထင်ပါတယ်နော်။ သူဟာ အခုလက်ရှိကာလမှာဆိုရင်လည်း ထောပတ်ထမင်းကို ကိုယ်တိုင်ချက်ပြီးရောင်းချနေတာလည်း ဖြစ်ပါတယ်။ သူရဲ့ထောပတ်ထမင်းဟာဆိုရင်လည်း ပြည်သူတွေတစ်ခဲနက်အားပေးကြတာလည်းတွေ့ရပါတယ် ။

Photo Credit : Nyi Nanda Facebook Account
Photo Credit : Nyi Nanda Facebook Account
Photo Credit : Nyi Nanda Facebook Account
Photo Credit : Nyi Nanda Facebook Account

ညီနန္ဒကတော့ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေမှာဆိုရင်လည်း  အများနည်းတူ အနာဂတ်အတွက်ရင်ဆိုင်နေပြီး ပြည်သူလူထုနဲ့ အတူ အားတက်သရော လှုပ်ရှားမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်နော်။နေ့စဉ်တိုင်းလိုလို အနုပညာမောင်နှမတွေနဲ့အတူ လမ်းပေါ်ထွက်ကာ လူထုလှုပ်ရှားမှုတွေပြုလုပ်သလို ကိုယ်တိုင်ချက်တဲ့ထောပတ်ထမင်းတွေကိုလည်း ပြည်သူတွေ အဆာပြေစားနိုင်စေရန် လိုက်ဝေငှခဲ့တာလည်းဖြစ်ပါတယ်။

Photo Credit : Nyi Nanda Facebook Account
Photo Credit : Nyi Nanda Facebook Account
Photo Credit : Nyi Nanda Facebook Account
Photo Credit : Nyi Nanda Facebook Account

ဒီနေ့လည်း ချစ်ရတဲ့ အနုပညာမောင်နှမတွေအစုံအလင်နဲ့အတူပူးပေါင်းကာ ရန်ကုန်မြို့ရဲ့ အထင်ကရနေရာသို့သွားရောက်ပြီး မမောမပန်းနိုင်အောင်ကို တက်တက်ကြွကြွနဲ့လှုပ်ရှားမှုပြုလုပ်ခဲ့ပြန်ပါတယ်။ ရန်ကုန်မြို့ရဲ့ လမ်းမကြီးတွေတစ်လျှောက်မှာ များပြားလွန်းလှတဲ့ ပြည်သူလူထုတွေကိုကြည့်ပြီး ကျေနပ်ပီတိဖြစ်ကာ ပုံလေးတွေနဲ့အတူ " ဒီနေ့ (၁၇.၂.၂၀၂၁) အမေ့သားသမီးတွေ ညီပါတယ် အမေ...ညီတာမှ ရန်ကုန်မြို့ရဲ့လမ်းတွေတောင် ထပ်ချဲ့ဖို့လိုပါတယ် အမေ..."ဆိုတဲ့စာလေးကိုဝေမျှခဲ့ရာ ပရိသတ်ကြီးလည်း ကြည့်ရှုနိုင်စေရန် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Photo Credit : Nyi Nanda Facebook Account
Photo Credit : Nyi Nanda Facebook Account
Photo Credit : Nyi Nanda Facebook Account
Photo Credit : Nyi Nanda Facebook Account

Source & Photo Credit : Nyi Nanda Facebook Account

Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T