ညီအကိုလိုခင်မင်ရတဲ့ နှင်းဆီအဖွဲ့သားတွေနဲ့အတူ လူထုလှုပ်ရှားမှုမှာ စိတ်အားထက်သန်မှုအပြည့်နဲ့ပါဝင်နေခဲ့တဲ့ ရဲလေး

//s9.kh1.co/2d/2dd7cab4f1623536bf1e901bf6e5f407156c2b8e.jpg
အနုပညာရှင်များ

 ၁၇-ဖေ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

ညီအကိုလိုခင်မင်ရတဲ့ နှင်းဆီအဖွဲ့သားတွေနဲ့အတူ လူထုလှုပ်ရှားမှုမှာ စိတ်အားထက်သန်မှုအပြည့်နဲ့ပါဝင်နေခဲ့တဲ့ ရဲလေး

အဆိုတော်ရဲလေးကတော့ အသံအေးအေးချိုချိုလေးတွေနဲ့ သီချင်းကောင်းလေးတွေများစွာကို သီဆိုခဲ့သူတစ်ယောက်ဖြစ်ပြီး အောင်မြင်တဲ့ အဆိုတော်တစ်ယောက်အဖြစ် ရပ်တည်ထားနိုင်ခဲ့ကာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကိုလည်း အခိုင်အမာရယူထားနိုင်ခဲ့ပါတယ်။ သီချင်းအသစ်လေးတွေထွက်ရှိဖို့ပြင်ဆင်နေတဲ့ ရဲလေးကတော့ နှင်းဆီအဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့အပြင် အဆိုပါအဖွဲ့ထဲမှာ အသက်အငယ်ဆုံးပဲဖြစ်ပါတယ်။ နှင်းဆီအဖွဲ့လေးကို နေတိုး၊မင်းမော်ကွန်း၊ကျော်ကျော်ဗိုလ်၊ထွန်းထွန်း၊ရဲလေးတို့နဲ့ဖွဲ့စည်းထားခဲ့တာပဲဖြစ်ပါတယ်။

Photo Credit :Ye Tun Min ' s Facebook Acc

နှင်းဆီအဖွဲ့သားတွေကတော့ အနုပညာအလုပ်တွေကို အတူတကွလုပ်ကိုင်လျက်ရှိနေပြီး လက်တွေ့အပြင်မှာလည်း ညီအကိုရင်းချာလို ခင်မင်ရသူတွေဖြစ်ကြကာ တစ်ယောက်နဲ့တစ်ယောက်အမြဲစနောက်လေ့ရှိကြတာဖြစ်ပါတယ်။ လက်ရှိမှာဖြစ်ပွားနေတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး ပြည်သူချစ်အနုပညာရှင်တွေများစွာက ပြည်သူတွေနဲ့အတူ ရပ်တည်နေတာဖြစ်သလို လူထုလှုပ်ရှားမှုတွေမှာလည်း တတ်နိုင်သလောက်ပါဝင်လေ့ရှိတာဖြစ်ပါတယ်။

Photo Credit :Ye Tun Min ' s Facebook Acc
Photo Credit :Ye Tun Min ' s Facebook Acc
Photo Credit :Ye Tun Min ' s Facebook Acc
Photo Credit :Ye Tun Min ' s Facebook Acc
Photo Credit :Ye Tun Min ' s Facebook Acc
Photo Credit :Ye Tun Min ' s Facebook Acc

နှင်းဆီအဖွဲ့သားတွေကတော့ ယခုတွင် ဆူးလေမှာပြုလုပ်နေတဲ့ လူထုလှုပ်ရှားမှုမှာ မမောနိုင်မပန်းနိုင်ပါဝင်ရင်း ပြည်သူတွေနဲ့အတူ ရပ်တည်နေခဲ့ပါတယ်။ ရဲလေးကတော့ " ကျွန်တော်တို့ ယနေ့ဆူးလေ "ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ နှင်းဆီအဖွဲ့သားတွေနဲ့အတူ လူထုလှုပ်ရှားမှုမှာ အားမာန်အပြည့်နဲ့ပါဝင်နေတဲ့ အဆိုတော်ရဲလေးရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါပုံရိပ်လေးတွေကို အောက်မှာကြည့်နိုင်ပါတယ်။

Source:Ye Tun Min ' s Facebook Acc

Photo Credit :Ye Tun Min ' s Facebook Acc
Photo Credit :Ye Tun Min ' s Facebook Acc
Photo Credit :Ye Tun Min ' s Facebook Acc
Photo Credit :Ye Tun Min ' s Facebook Acc
Photo Credit :Ye Tun Min ' s Facebook Acc
Photo Credit :Ye Tun Min ' s Facebook Acc
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T