၈နာရီထိုးတာနဲ့နို့မှုန့်ဗူးခွံတွေဆွဲပြီး အချိန်မှန်မှန်သံဗုံးတီးကြတဲ့သားငယ်လေးတွေရဲ့ တာဝန်ကျေမှုတွေကိုဂုဏ်ယူမဆုံးဖြစ်နေတဲ့ ထူးအယ်လင်း

//s9.kh1.co/08/08e889dc8669beefacc6e20f6a69a74ed1c13b7e.jpg
အနုပညာရှင်များ

 ၁၇-ဖေ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ထူးခြားတဲ့အမိုက်စားအသံပါဝါကို ပိုင်ဆိုင်ထားကာ သီချင်းကောင်းလေးတွေနဲ့ ပရိသတ်တွေကြားအောင်မြင်မှုတွေ အခိုင်အမာရရှိထားသူကတော့ အဆိုတော်ထူးအယ်လင်းပဲ ဖြစ်ပါတယ်နော်..။

ထူးအယ်လင်းကတော့ အနုပညာအလုပ်တွေအပြင် ပရဟိတအလုပ်တွေကိုလည်း တစိုက်မတ်မတ်လုပ်ဆောင်နေပြီး လတ်တလောမှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သတ်ပြီးတော့လည်း ပြည်သူတွေနဲအတူ ပါဝင်ရပ်တည်နေတာ တွေ့ရပါတယ်နော်..။

Photo Credit - Htoo El Lynn's Fb Acc
Photo Credit - Htoo El Lynn's Fb Acc
Photo Credit - Htoo El Lynn's Fb Acc
Photo Credit - Htoo El Lynn's Fb Acc

ထူးအယ်လင်းဟာ CDMမှာပါဝင်နေကြတဲ့ဝန်ထမ်းတွေကိုဖေးမကူညီကာ လှုပ်ရှားမှုတွေပြုလုပ်နေသလို မိသားစုလိုက်ကိုယ့်တာဝန်ကိုယ်ယူကာ ပြည်သူတွေနဲ့အတူ ရပ်တည်နေတဲ့ အကြောင်းလေးတွေကိုလည်း ရေးသားပြောပြလာပါတယ်နော်..။

ည၈နာရီထိုးတာနဲ့ သူတို့သောက်တဲ့နို့မှုန့်ဗူးခွံလေးတွေကိုဆွဲကာ အချိန်မှန်မှန်သံဗုံးတီးပြီး တစ်ထောင့်တစ်နေရာကနေ အနာဂတ်အတွက် တတ်အားသရွေ့ပါဝင်နေကြတဲ့ သားလေးတွေရဲ့အကြောင်းလေးတွေကိုလည်း ဂုဏ်ယူစွာပြောပြထားပါသေးတယ်နော်..။

Photo Credit - Htoo El Lynn's Fb Acc
Photo Credit - Htoo El Lynn's Fb Acc
Photo Credit - Htoo El Lynn's Fb Acc
Photo Credit - Htoo El Lynn's Fb Acc
https://s9.kh1.co/__image/w=650,h=1101,q=100/9d/9d95e5d3dd9751b18929d758d95319bc2b3d7225.jpg

"စေတီတည်တဲ့ရွာကနေ ည ရှစ်နာရီမထိုးခင် ရန်ကုန်အမှီပြန်ရတယ် ...

ည ၈ နာရီထိုးတာနဲ့ သားတွေက သူတို့ နို့မှုန့်ဗူးခွံဆွဲပြီး ထုရိုက်ကြတယ် ...

သူတို့အလုပ် သူတို့အတွက် သူတို့ပုံမှန်လုပ်ကြတယ်...

မင်းတို့် သံဗုံး တီးခဲ့ကြတာ ဘာကြောင့်ပေါ့ ဘယ်ခေတ်အခါကဆိုတာ တစ်ချိန်မှာ ပြောစရာအနေနဲ့ မှတ်မှတ်ရရရှိနေမှာပါ။

ရတဲ့အချိန် ရှိတဲ့အချိန် မိသားစုအတွက်အချိန်ပေးရင်းဖြင့် မနက်ဖြန် ကျွန်တော် ဆူးလေမှာရှိမယ်ဆိုတဲ့အကြောင်း ရေးရင်း... မိသားစုပုံ တင်သွားပါတယ်ဗျ ?

ဟဟ ဟူးးးးးးးးးးးဇ?.." ဆိုပြီး ထူးအယ်လင်းက ရေးသားပြောပြထားတာပါ..။

Photo Credit - Htoo El Lynn's Fb Acc
Photo Credit - Htoo El Lynn's Fb Acc
Photo Credit - Htoo El Lynn's Fb Acc
Photo Credit - Htoo El Lynn's Fb Acc

သတင်း အရင်းအမြစ်Htoo El Lynn's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T