လူထုလှုပ်ရှားမှုမှာ အနုပညာရှင် ညီအစ်ကို မောင်နှမတွေနဲ့အတူ လမ်းပေါ်ထွက်ကာ အားလုံးညီကြစေဖို့ အတွက် တောင်းဆိုလိုက်တဲ့ ကိုပေါက်

//s9.kh1.co/bf/bff1fa037e283d6e477390b8ddd424c52a4f710b.jpg
အနုပညာရှင်များ

 ၁၇-ဖေ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ.....အခုတစ်ခါမှာတော့ အနုပညာလောကမှာ အချိန် အတော်ကြာ ရပ်တည်နေတဲ့ ဒါရိုက်တာသရုပ်ဆောင် တစ်ဦးကတော့ ကိုပေါက် ပဲဖြစ်ပါတယ်။ကိုပေါက်ဟာ ကျရာဇာတ်ရုပ်ကို ပီပြင် ပေါ်လွင်အောင် အကောင်းဆုံးလုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေရင်ထဲမှာ စွဲကျန်ရစ် စေခဲ့တာဖြစ်ပြီး ဗီဒီယို ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးထားနိုင်တဲ့ အပြင် ဒါရိုက်တာ အဖြစ်နဲ့လည်း ဇာတ်ကားကောင်း အများအပြားကို ထွက်ရှိထားတဲ့ အနုပညာရှင် တစ်လက် ဖြစ်ပါတယ်နော်.......။

Photo Credit- Aung Min Naing FB Account
Photo Credit- Aung Min Naing FB Account
Photo Credit- Aung Min Naing FB Account
Photo Credit- Aung Min Naing FB Account

ပရိသတ်တွေ အခိုင်အမာ ရရှိပိုင်ဆိုင်ထားတဲ့ ကိုပေါက်ကတော့ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေတာ ဖြစ်ပြီး ကြော်ငြာတွေကိုလည်း လက်ခံရိုက်ကူးနေတာ ပဲဖြစ်ပါတယ်။အားလပ်ချိန်တွေမှာတော့ မိသားစုကို အချိန်ပေးကာ အပန်းဖြေ ခရီးတိုလေးတွေကို ထွက်ရှိတာလည်း တွေ့ရပါတယ်နော်.......။လတ်တလောမှာတော့ ပြည်သူလူထုတွေနဲ့ အတူ အမှန်တရားဘက်ကနေ အခိုင်အမာ ရပ်တည်ကာ လူထုလှုပ်ရှားမှုတွေမှာ အားတတ်သရော ပါဝင်လှုပ်ရှားနေတာ ပဲဖြစ်ပါတယ်။

Photo Credit- Aung Min Naing FB Account
Photo Credit- Aung Min Naing FB Account
Photo Credit- Aung Min Naing FB Account
Photo Credit- Aung Min Naing FB Account

ဒီနေ့မှာဆိုရင်လည်း အနုပညာရှင် ညီအစ်ကို မောင်နှမတွေနဲ့ အတူ လမ်းမထက်မှာ မမောမပန်း တက်ကြွစွာ ပါဝင်လုပ်ဆောင် နေတာကိုလည်း တွေ့ရပါတယ်။သူရဲ့လူမူကွန်ယက်စာမျက်နှာထက်တွင်လည်း "၁၇.၂.၂၀၂၁ ကျွန်တော်တို့ လမ်းပေါ်ထွက်နေတာ နီခိုင်းနေတာ မဟုတ်ပါဘူး။ညီ ခိုင်းနေတာပါ။အားလုံးနီဖို့မလိုဘူး။ညီဖို့ပဲလိုပါတယ်။လကုန်အထိ ခဏလေးပဲ ညီပေးပါ။???"ဆိုတဲ့စာသားနဲ့ အတူ ပြည်သူတွေကို ညီစေဖို့ တောင်းဆိုထားတာလေးကို ဖော်ပြပေးလာတာ ဖြစ်ပါတယ်။ချစ်ပရိသတ်တွေနဲ့လည်း ရင်ဘတ်ချင်း ထပ်တူကျလိမ့်မယ်လို့ မျှော်လင့်တာမို့ ပြန်လည် ဝေမျှပေးလိုက်ပါတယ်နော်.....။

Photo Credit- Aung Min Naing FB Account
Photo Credit- Aung Min Naing FB Account
Photo Credit- Aung Min Naing FB Account
Photo Credit- Aung Min Naing FB Account
Photo Credit- Aung Min Naing FB Account
Photo Credit- Aung Min Naing FB Account

သတင်း အရင်းအမြစ်Aung Min Naing FB Account

Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T