လက်ရှိအခြေအနေမှာ မွေးလူနာတွေအတွက် အခက်အခဲဖြစ်နေရတာကြောင့် တက်နိုင်တဲ့ဘက်ကနေ ကူညီပေးဖို့ ပြည်သူတွေကို လှုံ့ဆော်လိုက်တဲ့ နီနီခင်ဇော်

//s9.kh1.co/a1/a1c400e7cbcefd0aff2bfc26fabb5ca146e1a1f0.jpg
အနုပညာရှင်များ

 ၁၇-ဖေ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ အဆိုတော် နီနီခင်ဇော်ကတော့ ဆရာဝန်တစ်ယောက်ဖြစ်လို့ အခုလို ဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာ နိုင်ငံအတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင်ရပ်တည်ပေးနေတာကို တွေ့ရပါတယ်နော်။ သူမရဲ့ လူမှုကွန်ယက် ဖေ့ဘွတ်အကောင့်မှာလည်း အခြေအနေတွေနဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေကို ရေးသားလေ့ရှိတာဖြစ်ပြီး ယနေ့မှာလည်း ပိုစ့်တစ်ခုတင်ပေးလာပြန်ပါတယ်။ ဒါကတော့ အနာဂတ်​ကောင်းမှာပဲ ရှင်သန်​စေချင်တယ် က​လေးတို့​ရေ ယခုပြည်သူ​တွေလုပ်​ဆောင်ချက်ဟာ အနာဂတ်အတွက် မြန်မာ့မျိုးဆက်သစ်များအတွက်ပါ အားလုံး ကြိုးစား​ပေးပါ ​​​တောင့်ခံ​ပေးပါ...

Photo credit - Ni Ni Khin Zaw's Facebook page 
Photo credit - Ni Ni Khin Zaw's Facebook page 
Photo credit - Ni Ni Khin Zaw's Facebook page 
Photo credit - Ni Ni Khin Zaw's Facebook page 

CDM movement ​ကြောင့် ​ဆေးရုံ​တွေပိတ်ထားပါတယ် လမ်း​ပေါ်မထွက်နိုင်​သေး​ပေမယ့် ​နောက်တမ်းမှာ အလိုအပ်ဆုံးဖြစ်​နေတဲ့ ကျန်းမား​ရေး​စောင့်​ရှောက်မှုအတွက် CDM ကျန်းမာ​ရေးဝန်ထမ်း​တွေကို တတ်နိုင်တဲ့ လုပ်အား လိုအပ်​နေတဲ့ ကိရိယာ အလှူ ​ဆေးဝါးဒါနပြု​နေပါတယ် အခုလုပ်အား​ပေး​နေတဲ့ အခမဲ့သားဖွားခန်း​လေးဟာ မူကြို​ကြောင်း​လေးမှာကပ်ဖွင့်​နေရတာပါ ရိုးရိုး​မွေးလူနာ​တွေအားလုံးကို CDM ဆရာ ဆရာမ​ သူနာပြု​တွေ အခမဲ့​မွေး​​ပေး​နေတာပါ ရိုးရိုး​မွေးလို့ အဆင်မ​ပြေတဲ့သူ​တွေ ခွဲ​မွေးမှရမယ့်သူ​တွေကို​တော့ စရိတ်မျှပေး​ဆေးခန်း​တွေကိုလွှဲ​ပေး​နေပါတယ်(ဒါ​တောင်မတတ်နိုင်တဲ့သူ​တွေအများကြီး​တွေ့ပါတယ်) 

Photo credit - Ni Ni Khin Zaw's Facebook page 
Photo credit - Ni Ni Khin Zaw's Facebook page 
Photo credit - Ni Ni Khin Zaw's Facebook page 
Photo credit - Ni Ni Khin Zaw's Facebook page 

ကုတင်လည်းအများကြီးမရှိိ ​မွေးလူနာလည်းများလို့ပါ Facility မစုံ​​သေးလို့ အလှူရှင်​တွေလို​နေပါတယ် တတ်နိုင်တာ​လေး​တွေလှူ​ပေးပါ ညှိူးငယ်စွာ အကူအညီ​တောင်းပါတယ် (တစ်ခါမှအလှူမခံဖူးပါဘူး​​နော်) Volunteer ဆရာဝန်များ ​ဆေး​ကျောင်းသား/သူများ Midwife များလည်းလို​နေပါတယ်ကူညီနိုင်ပါတယ်ရှင် CDM အမြန်ဆုံး​​အောင်မြင်မှရပါမယ် မဟုတ်ရင် အပြစ်မဲ့ပြည်သူ​တွေ ဆုံးရှုံးရပါမယ် ဌာန​ပေါင်းစုပါဝင်မှ ​အောင်မြင်ပါမယ် ညီညွတ်စွာလမ်း​ပေါ်မှာရပ်တည်​ပေးတဲ့ပြည်သူ​တွေကို ဦးညွှတ်လျက် " ဆိုပြီး ရေးသားကာ အကူအညီတောင်းခံလာတာဖြစ်လို့ ပရိသတ်တွေလည်း သိရှိစေဖို့အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Photo credit - Ni Ni Khin Zaw's Facebook page 
Photo credit - Ni Ni Khin Zaw's Facebook page 
Photo credit - Ni Ni Khin Zaw's Facebook page 
Photo credit - Ni Ni Khin Zaw's Facebook page 

သတင်း အရင်းအမြစ်Source - Ni Ni Khin Zaw's Facebook page

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T