နေ့တိုင်းအပင်ပန်းခံကာ လူထုလှုပ်ရှားမှုမှာပါဝင်ပြီး သူမရဲ့ခံစားချက်အစစ်အမှန်နဲ့ လေးလေးနက်နက်တောင်းဆိုနေရှာတဲ့ ခင်ဝင့်ဝါ

//s9.kh1.co/81/81ffbdda4ffdff33205f53b88b2ac6671407f350.jpeg
အနုပညာရှင်များ

 ၁၇-ဖေ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

....,.

မင်းသမီးချောလေး ခဝ်ဝင့်ဝါကတော့ အောင်မြင်လျက်ရှိနေတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ပါဝင်တဲ့ ဇာတ်ရုပ်တိုင်းမှာ အကောင်းဆုံးနဲ့အပီပြင်ဆုံးသရုပ်ဆောင်နိုင်ခဲ့သူလေးဖြစ်ကာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ပရိသတ်တွေက ချစ်စနိုးနဲ့ခေးလေးလို့ ခေါ်နေကြတဲ့ သူမကတော့ ပုရိသတွေရဲ့ အချစ်တော်လေးလို့ ပြောလို့ရပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေအပြင် ဇာတ်ကားတွေကိုလည်း ရိုက်ကူးလျက်ရှိတာတွေ့ရပါတယ်။

 Photo Credit : Khin Wint Wah Facebook Page 
 Photo Credit : Khin Wint Wah Facebook Page 
 Photo Credit : Khin Wint Wah Facebook Page 
 Photo Credit : Khin Wint Wah Facebook Page 

လတ်တလောမှာတော့ ခင်ဝင့်ဝါက ပြည်သူ့ပရိသတ်တွေနဲ့အတူ တိုင်းပြည်ရဲ့အနာဂါတ်ကို အကောင်းဆုံးဖြစ်အောင် ရည်ရွယ်ပြီး လူထုလှုပ်ရှားမှုတွေမှာ နေ့စဉ်တိုင်း တက်တက်ကြွကြွနဲ့ ပါဝင်နေတာကိုလည်း တွေ့မြင်ရပါတယ်။အခုလည်း အချိန်အတော်ကြာအောင် နေပူထဲမှာရပ်ပြီး အရေးတော်ပုံအောင်နိုင်ရေးနဲ့ CDM မှာပါဝင်ပေးကြရန်ပြည်သူလူထုနဲ့အတူ လေးလေးနက်နက်တောင်းဆိုရင်း လှုပ်ရှားမှုတွေပြုလုပ်နေတာလည်းဖြစ်ပါတယ်။

 Photo Credit : Khin Wint Wah Facebook Page 
 Photo Credit : Khin Wint Wah Facebook Page 
 Photo Credit : Khin Wint Wah Facebook Page 
 Photo Credit : Khin Wint Wah Facebook Page 

ခင်ဝင့်ဝါကတော့ ပြည်သူတွေနဲ့အတူ ရပ်တည်ရင်း မမောနိုင်မပန်းနိုင် လှုပ်ရှားပါဝင်နေတဲ့ပုံလေးတွေနဲ့အတူ "ကဲ ဒီနေ့ ကျွန်မတို့တတွေ ကောက်ရိုးမီး မဟုတ်ကြောင်း သက်သေပြကြရအောင် ကျွန်မတို့ အားလုံး ညီစေနော် "ဆိုတဲ့စာလေးကိုပါ ရေးသားဝေမျှထားတာဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခင်ဝင့်ဝါရဲ့ လှုပ်ရှားမှုပုံလေးတွေကို ကြည့်ရှုနိုင်စေရန် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

 Photo Credit : Khin Wint Wah Facebook Page 
 Photo Credit : Khin Wint Wah Facebook Page 
 Photo Credit : Khin Wint Wah Facebook Page 
 Photo Credit : Khin Wint Wah Facebook Page 

Source & Photo Credit : Khin Wint Wah Facebook Page 

Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T