နေ့ဘက်မှာ လူထုလှုပ်ရှားမှုတွေကိုတက်ကြွစွာလုပ်ဆောင်နေရုံသာမက ညဘက်တွေအထိပါ မိသားစုလိုက်ပ‌ဌာန်းရွတ်ပြီးအဓိဌာန်၀င်ခဲ့ကြတဲ့ အူဝဲတို့ဗီဒီယိုလေး

//s9.kh1.co/90/90e8483bbc0a53c24094463df6ea087a305a1392.jpg
အနုပညာရှင်များ

 ၁၇-ဖေ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

အနုပညာလောကမှာ ဒိတ်ဒိတ်ကြဲမင်းသမီးတစ်ယောက်အနေနဲ့ အချိန်အတော်ကြာရပ်တည်နေနိုင်တဲ့အပြင် အကယ်ဒမီထူးချွန်ဆုကြီး နှစ်ဆုကိုလည်း ရရှိထားတဲ့ အိန္ဒြာကျော်ဇင်ကို ပရိသတ်ကြီး သိကြမယ်ထင်ပါတယ်....။ သူမဟာ မင်းသားချောပြေတီဦးနဲ့အတူ သာယာချမ်းမြေ့ဖွယ်အိမ်ထောင်တစ်ခုကို တည်ထောင်ထားတာဖြစ်ပြီး ချစ်စရာကောင်းတဲ့ သားသားမီးမီးလေးတွေနဲ့အတူ ပျော်ရွှင်စွာနေထိုင်နေတာလည်း ဖြစ်ပါတယ်။

Photo credit-Eaindra Kyaw Zin's Facebook page
Photo credit-Eaindra Kyaw Zin's Facebook page
Photo credit-Eaindra Kyaw Zin's Facebook page
Photo credit-Eaindra Kyaw Zin's Facebook page

လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် အနုပညာရှင်တွေအတော်များများလည်း ပြည်သူပရိသတ်တွေနဲ့အတူတစ်သားတည်းရပ်တည်ကာ လှုပ်ရှားလှုံ့ဆော်မှုတွေပြုလုပ်နေကြတာဖြစ်ပြီး အူဝဲတို့ဇနီးမောင်နှံဟာဆိုရင်လည်း နေ့စဉ်ရက်ဆက်တတ်အားသရွေ့ကူညီလုပ်ဆောင်နေကြတာဖြစ်ပါတယ်နော်။ အခုဆိုရင်လည်း အူဝဲတို့မိသားစုဟာ နေ့ဘက်အချိန်တွေမှာ ပြည်သူလူထုနဲ့အတူ လှုပ်ရှားမှုတွေပြုလုပ်ရုံသာမက ညဘက်အထိပါမိသားစုလိုက် အဓိဌာန်၀င်ကာ ပဌာန်းရွတ်ဖတ်ပူဇော်နေကြတာဖြစ်ပါတယ်.....။

Photo credit-Eaindra Kyaw Zin's Facebook page
Photo credit-Eaindra Kyaw Zin's Facebook page
Photo credit-Eaindra Kyaw Zin's Facebook page
Photo credit-Eaindra Kyaw Zin's Facebook page

အူဝဲတို့မိသားစုဟာ အခုလိုတက်ညီလက်ညီနဲ့လှုပ်ရှားမှုတွေပြုလုပ်နေကြတဲ့ ဗီဒီယိုလေးကို အူဝဲဟာ သူမရဲ့ Facebook my dayလေးမှာတင်ပေးထားခဲ့တာဖြစ်ပြီး ဦးတီကိုယ်တိုင်ကလည်း သူ့ရဲ့ Facebookစာမျက်နှာမှာ "မိသားစုအားလုံး ပဌာန်းရွတ်ဖတ်ပူဇော်၍ သစ္စာဆိုပြီးပါကြောင်း..." ဆိုပြီးရေးသားမျှဝေထားတာဖြစ်ပါတယ်။ ကဲ.....ပရိသတ်တွေအတွက် ပြန်လည်ကူးယူဖော်ပြပေးလိုက်ပါတယ်နော်။

Photo credit-Eaindra Kyaw Zin's Facebook page
Photo credit-Eaindra Kyaw Zin's Facebook page
https://s9.kh1.co/__image/w=650,h=554,q=100/70/70a7aaf8d2e6b787393c782975370b6151e769a6.jpg

သတင်း အရင်းအမြစ်Eaindra Kyaw Zin's Facebook page

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T