ဗဟိုဘဏ်အရှေ့မှာ ပြည်သူတွေနဲ့အတူ ရင်တွင်းဆန္ဒတွေကိုဖော်ပြကာ တောင်းဆိုရင်းနဲ့ မျက်ရည်တွေမထိန်းနိုင်အောင်ဖြစ်ခဲ့ရတဲ့ ဆွိဝတ်ရည်သောင်း

//s9.kh1.co/ed/edb3ed2f233de9bf8c89e5c0455a2a4c31714d49.jpg
အနုပညာရှင်များ

 ၁၇-ဖေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ဗဟိုဘဏ်အရှေ့မှာ ပြည်သူတွေနဲ့အတူ ရင်တွင်းဆန္ဒတွေကိုဖော်ပြကာ တောင်းဆိုရင်းနဲ့ မျက်ရည်တွေမထိန်းနိုင်အောင်ဖြစ်ခဲ့ရတဲ့ ဆွိဝတ်ရည်သောင်း

အဆိုတော်မလေး ဆွိဝတ်ရည်သောင်းကတော့ သီချင်းတွေကို အသံချိုချိုလေးနဲ့ သီဆိုတတ်ပြီး ပရိသတ်တွေကို ဖမ်းစားနိုင်စွမ်းရှိတာ ဖြစ်ပါတယ် ။ ဆွိဝတ်ရည်သောင်းက အဆိုတော်အဖြစ် အောင်မြင်နေရုံသာမက သရုပ်ဆောင်အဖြစ်လည်း ဇာတ်ကားတွေရိုက်ကူးခဲ့ရတာ ဖြစ်ပါတယ် ။ လက်ရှိကာလမှာတော့ ဆွိဝတ်ရည်သောင်းက ပြည်သူတွေဘက်ကနေ အခိုင်အမာရပ်တည်ဝန်းရံပေးနေတာ ဖြစ်ပါတယ် ။

Photo Credit- Sweet Wutt Yi Thaung's FB Page 
Photo Credit- Sweet Wutt Yi Thaung's FB Page 
Photo Credit- Sweet Wutt Yi Thaung's FB Page 
Photo Credit- Sweet Wutt Yi Thaung's FB Page 

ဆွိဝတ်ရည်သောင်းကတော့ ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက လမ်းပေါ်ထွက်ပြီး လူထုလှုပ်ရှားမှုတွေကို လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ် ။ အစ်မကြီးဖြစ်တဲ့နှင်းဝတ်ရည်သောင်းက ပြည်ပမှာ တတ်နိုင်သလောက် စွမ်းဆောင်နေသလို ဆွိဝတ်ရည်သောင်းနဲ့ အေးသောင်းတို့ညီအစ်မကလည်း မြန်မာနိုင်ငံမှာနေပြီး တာဝန်ကျေနေတာ ဖြစ်ပါတယ် ။ မနေ့ကတော့ ဆွိဝတ်ရည်သောင်းက ရန်ကုန်မြို့ရှိ ဗဟိုဘဏ်အရှေ့ကိုသွားရောက်ပြီး ပြည်သူ့ဝန်ထမ်းတွေကို တောင်းဆိုမှုပြုလုပ်ခဲ့တာ ဖြစ်ပါတယ် ။

Photo Credit- Sweet Wutt Yi Thaung's FB Page 
Photo Credit- Sweet Wutt Yi Thaung's FB Page 
Photo Credit- Sweet Wutt Yi Thaung's FB Page 
Photo Credit- Sweet Wutt Yi Thaung's FB Page 

စိတ်ရောကိုယ်ပါနှစ်ပြီး ရင်တွင်းဆန္ဒတွေကို ဖော်ပြကာ တောင်းဆိုခဲ့တဲ့ ဆွိဝတ်ရည်သောင်းကတော့ မျက်ရည်မထိန်းနိုင်အောင် ဖြစ်ခဲ့ရတာလည်း ဖြစ်ပါတယ် ။ ခံစားချက်အစစ်အမှန်နဲ့ လူထုလှုပ်ရှားမှုမှာ ပါဝင်နေတဲ့ ဆွိဝတ်ရည်သောင်းရဲ့ပုံရိပ်လေးတွေကတော့ ပရိသတ်တွေရဲ့ရင်ကိုလှုပ်ခတ်စေခဲ့တာ ဖြစ်ပါတယ် ။ ဆွိဝတ်ရည်သောင်းက "ပုံ​လေးရိုက်ထား​ပေးတာ တကယ်အမှတ်တရ​လေးပါပဲ ​ကျေးဇူးအသီ​ရေ " ဆိုပြီး မျှဝေထားတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် ဆွိဝတ်ရည်သောင်းရဲ့ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော် ။

Source & Photo Credit- Sweet Wutt Yi Thaung's FB Page & "Kyaw Thiha-ကျော်သီဟ" FB Page

Photo Credit- Sweet Wutt Yi Thaung's FB Page & "Kyaw Thiha-ကျော်သီဟ" FB Page

Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T