ညဘက်မှာ ကိုယ်ထူကိုယ်ထပြီးရပ်ကွက်ကိုစောင့်ရှောက်နေကြတဲ့လူငယ်တွေကို တရင်းတနှီးနဲ့ အားပေးစကားထွက်ပြောပေးတဲ့ စမိုင်းလ်

//s9.kh1.co/33/33284b0eb10ff36661473ffbca894263d4a46c66.jpeg
အနုပညာရှင်များ

 ၁၇-ဖေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ညဘက်မှာ ကိုယ်ထူကိုယ်ထပြီးရပ်ကွက်ကိုစောင့်ရှောက်နေကြတဲ့လူငယ်တွေကို တရင်းတနှီးနဲ့ အားပေးစကားထွက်ပြောပေးတဲ့ စမိုင်းလ်

ပရိသတ်တွေနဲ့အကူအညီလိုအပ်သူတွေကို အမြဲကူညီပေးတတ်တဲ့ စမိုင်းလ်ကတော့ စိတ်ထားလေးအရမ်းကောင်းလို့ လူချစ်လူခင်ပေါများနေတာပဲဖြစ်ပါတယ်နော်။စမိုင်းလ်က လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေအတွက် လမ်းပေါ်ထွက်ပြီး ပြည်သူလူထုကို တတ်နိုင်သလောက်ကူညီဖေးမပေးနေတာဖြစ်ပါတယ်။စမိုင်းလ်တို့ဇနီးမောင်နှံကကူညီပေးလိုက်လို့ အဆင်ပြေသွားတဲ့လူတွေကလည်း သူမတို့မိသားစုကို အမြဲဆုတောင်းပေးနေကြတာဖြစ်ပါတယ်နော်။စမိုင်းလ်တို့ဇနီးမောင်နှံက လူတွေကိုကူညီဖို့ဆိုရင် စိတ်တူကိုယ်တူရှိကြပြီး အရမ်းစိတ်အားထက်သန်ကြတာဖြစ်ပါတယ်။

Photo Credit:Smile စမိုင်းလ် Facebook page 
Photo Credit:Smile စမိုင်းလ် Facebook page 
Photo Credit:Smile စမိုင်းလ် Facebook page 
Photo Credit:Smile စမိုင်းလ် Facebook page 

စမိုင်းလ်တို့ဇနီးမောင်နှံကတော့ လက်ရှိအရေးကိစ္စမှာဆိုရင် ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်ပြီးလိုအပ်တဲ့အကူအညီတွေကိုလည်းပေးနေတာဖြစ်ပါတယ်။စမိုင်းလ်တို့က နေ့တိုင်းလမ်းပေါ်ထွက်ပြီး စားစရာ၊သောက်စရာအချို့နဲ့ အကာအကွယ်ပစ္စည်းတွေကိုလည်း လှူဒါန်းနေတာဖြစ်ပါတယ်နော်။စမိုင်းလ်တို့က အခုလိုကာလမျိုးမှာ အိမ်ထဲမှာပဲမနေဘဲ ပြည်သူတွေနဲ့အတူ ရင်ဘောင်တန်းပြီး ပါဝင်လှုပ်ရှားနေတာဖြစ်ပါတယ်။စမိုင်းလ်ကိုယ်တိုင်ကလည်း ဘာသာတရားကိုင်းရှိုင်းတဲ့သူဖြစ်လို့ အမြဲဘုရားတရားလုပ်ပြီး မေတ္တာပို့ပေးနေတာဖြစ်ပါတယ်နော်။

Photo Credit:Smile စမိုင်းလ် Facebook page 
Photo Credit:Smile စမိုင်းလ် Facebook page 
Photo Credit:Smile စမိုင်းလ် Facebook page 
Photo Credit:Smile စမိုင်းလ် Facebook page 
Photo Credit:Smile စမိုင်းလ် Facebook page 
Photo Credit:Smile စမိုင်းလ် Facebook page 

လတ်တလောဖြစ်ပေါ်နေတဲ့အခြေအနေတွေကြောင့် ညဘက်တွေမှာဆိုရင် ရပ်ကွက်တွေထဲကို လူစိမ်းတွေဝင်ရောက်လာတတ်လို့ ရပ်ကွက်နေသူတွေအထိတ်တလန့်ဖြစ်နေရတာဖြစ်ပါတယ်။ဒါ့ကြောင့် ပြည်သူလူထုက မိမိရဲ့ရပ်ကွက်မှာ အလှည့်ကျ ကင်းစောင့်ပြီး အချင်းချင်းစောင့်ရှောက်နေကြတာဖြစ်ပါတယ်။စမိုင်းလ်တို့နေထိုင်ရာရပ်ကွက်မှာဆိုရင်လည်း လူငယ်တွေက ကိုယ်ထူကိုယ်ထစနစ်နဲ့ ကင်းစောင့်နေကြတာပါနော်။စမိုင်းလ်ကလည်း ကင်းစောင့်နေကြတဲ့လူငယ်တွေကို တရင်းတနှီးနဲ့အားပေးစကားလေးထွက်ပြောပေးတာဖြစ်ပါတယ်။စမိုင်းလ်ကတော့ လူတိုင်းအပေါ်မှာမေတ္တာတရားနဲ့သာဆက်ဆံပြီး လိုအပ်တဲ့အကူအညီတွေကိုပေးနေတာဖြစ်လို့ အရမ်းလေးစားဖို့ကောင်းတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်နော်။

Photo Credit:Smile စမိုင်းလ် Facebook page 
Photo Credit:Smile စမိုင်းလ် Facebook page 
Photo Credit:Smile စမိုင်းလ် Facebook page 
Photo Credit:Smile စမိုင်းလ် Facebook page 

Source&Photo Credit:Smile စမိုင်းလ် Facebook page 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T