ဒီတိုင်းပါးစပ်ကနေ လွှတ်ခနဲ့ ညည်းတဲ့ သီချင်းတောင် အလွမ်းအဆွေးသီချင်းမဟုတ်တော့ဘူး လို့ဆိုလာတဲ့ ဆောင်းဝတ်ရည်မေ

//s9.kh1.co/3c/3cad40f334700823b14513e25e4fe83f1170e40f.jpg
အနုပညာရှင်များ

 ၁၇-ဖေ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်တွေရဲ့ အချစ်တော်မလေး တစ်ဦး ဖြစ်တဲ့ ဆောင်းဝတ်ရည်မေကတော့ အနုပညာလောကမှာ အသက်ငယ်ငယ်နဲ့ အောင်မြင်မှုတွေကို သိမ်းပိုက်ရရှိထားတဲ့ မင်းသမီး တစ်လက်ပဲ ဖြစ်ပါတယ်။ပရိသတ်တွေက ချစ်စနိုးခေါ်ကြတဲ့ တုတုဟာ MRTV-4 ဇာတ်လမ်းတွဲကို စတင်ရိုက်ကူးရာကနေ လူသိများ အောင်မြင်လာတာ ဖြစ်ပြီး ဇာတ်ကောင်ကို ပီပီပြင်ပြင် ရိုက်ကူးပုံဖော်နိုင်တာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာ ရရှိပိုင်ဆိုင်ထားတဲ့ သူလေး ဖြစ်ပါတယ်နော်.....။

Photo Credit - Hsaung Wutyee May FB  page
Photo Credit - Hsaung Wutyee May FB page
Photo Credit - Hsaung Wutyee May FB  page
Photo Credit - Hsaung Wutyee May FB page

ဆောင်းဝတ်ရည်မေဟာ သူမ ချစ်မြတ်နိုးပြီး တန်ဖိုးထားတဲ့ အနုပညာအလုပ်တွေကို ဆက်လက် လုပ်ကိုင်နေတာ ဖြစ်ပြီး ကြော်ငြာတွေနဲ့ Photo Shooting တွေကို လက်ခံရိုက်ကူးနေတာ ပဲဖြစ်ပါတယ်။အခုလက်ရှိမှာဆိုရင်တော့ ဖြစ်ပေါ်နေတဲ့ အခြေအနေတစ်ရပ်ကြောင့် ပြည်သူ ပရိသတ်တွေနဲ့ အတူ တစ်သားတည်း တတ်ညီလက်ညီ ပါဝင်လှုပ်ရှားနေကာ ရေရှည်လုပ်ဆောင်ရမှာမို့ ဂရုစိုက်ကြပါလို့လည်း သူမရဲ့ ပရိသတ်တွေကို အားပေးနေတာကို တွေ့ရပါတယ်နော်.....။မကြာသေးခင် အချိန်တုန်းကလည်း သူမ ရုတ်တရက် သီဆိုလိုက်တဲ့ သီချင်းက အလွမ်းအဆွေးမဟုတ်ပဲ "အရေးကြီးပြီ"ဆိုတဲ့ ထူးအိမ်သင် ရေးသားထားပြီး မွန်းအောင်သီဆိုထားတဲ့သီချင်းကို လက်ဆေးရင်း သီဆိုမိလို့ အံ့ဩနေကြောင်းကို ပြောပြလာတာ ဖြစ်ပါတယ်။

Photo Credit - Hsaung Wutyee May FB  page
Photo Credit - Hsaung Wutyee May FB page
Photo Credit - Hsaung Wutyee May FB  page
Photo Credit - Hsaung Wutyee May FB page

သူမရဲ့ လူမူကွန်ယက် စာမျက်နှာထက်တွင် "လက်ဆေးနေရင်း ဒီတိုင်းပါးစပ်ကနေ လွှတ်ခနဲ့ ညည်းတဲ့ သီချင်းတောင် အလွမ်းအဆွေးသီချင်းမဟုတ်တော့ဘူး .... " အရေးကြီးပြီ ညီနောင်အပေါင်းတို့ သွေးစည်းကာ ညီစေညီကြစို့ ငါတို့ရဲ့ သမိုင်းတစ်ခေတ်ကိုငါတို့သွေးနဲ့ ရေးခဲ့သည် သွေး , သစ္စာလည်းပြုခဲ့သည် " သီချင်းတစ်ပိုဒ်ကိုလွှတ်ခနဲ မသိလိုက်ပဲ ဆိုလိုက်မိတဲ့ ကိုယ့်ကိုယ်ကိုယ်တောင် အံ့ဩသွားတယ် ?? မရတော့ဘူး.. အရမ်းလက်လွန်နေပြီ ... .... နိုင်ကိုနိုင်မှရမယ် ။"ဆိုပြီး ရေးသားဖော်ပြထားတာ ပဲဖြစ်ပါတယ်။တုတုရဲ့ ပရိသတ်တွေ အတွက် ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Hsaung Wutyee May FB  page
Photo Credit - Hsaung Wutyee May FB  page
Photo Credit - Hsaung Wutyee May FB  page
Photo Credit - Hsaung Wutyee May FB page

သတင်း အရင်းအမြစ်Hsaung Wutyee May FB Page

Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T