ကိုဗစ်ဝေဒနာခံစားနေရတဲ့ မေမေ့ကိုဂရုစိုက်ပေးနေလို့ ပြည်သူနဲ့အတူလမ်းပေါ်မထွက်ပေးနိုင်တဲ့အတွက် စိတ်ထိခိုက်နေရတဲ့ ခင်ဇာခြည်ကျော်

//s9.kh1.co/6b/6b529e9ea482949cf5bed0a9e353235f4cfa345d.jpeg
အနုပညာရှင်များ

 ၁၇-ဖေ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

ကိုဗစ်ဝေဒနာခံစားနေရတဲ့ မေမေ့ကိုဂရုစိုက်ပေးနေလို့ ပြည်သူနဲ့အတူလမ်းပေါ်မထွက်ပေးနိုင်တဲ့အတွက် စိတ်ထိခိုက်နေရတဲ့ ခင်ဇာခြည်ကျော်

အကယ်ဒမီမင်းသမီးတစ်လက်ဖြစ်တဲ့ ခင်ဇာခြည်ကျော်ဟာဆိုရင် တစ်ခေတ်တစ်ခါကတည်းက အနုပညာအလုပ်တွေကို လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ခင်ဇာခြည်ကျော်ရဲ့ အနုပညာသက်တမ်းကလည်း ဆယ်စုနှစ်ကျော်ရှိနေပြီဖြစ်လို့ လက်ရှိမှာတော့ ဝါရင့်အနုပညာရှင်တစ်ယောက်အဖြစ်ရပ်တည်နေဆဲဖြစ်ပါတယ်။ခင်ဇာခြည်ကျော်ကတော့ သားတစ်ယောက်၊သမီးတစ်ယောက်ရဲ့မိခင်ဖြစ်ပြီး ကလေးနှစ်ယောက်လုံးကို ငယ်ငယ်ကတည်းကသေချာပြုစုစောင့်ရှောက်လာတာဖြစ်ပါတယ်နော်။ခင်ဇာခြည်ကျော်ရဲ့သားသမီးတွေကလည်း မေမေ့လိုပဲအနုပညာလမ်းကြောင်းပေါ်လျှောက်လှမ်းနေကြပြီး သားအမိသုံးယောက်လုံး အလုပ်တွေကြိုးစားကြတာဖြစ်ပါတယ်။

Photo Credit:Khin Zarchi Kyaw’s Facebook Account
Photo Credit:Khin Zarchi Kyaw’s Facebook Account
Photo Credit:Khin Zarchi Kyaw’s Facebook Account
Photo Credit:Khin Zarchi Kyaw’s Facebook Account

ခင်ဇာခြည်ကျော်က မိသားစုကိုလိုလေသေးမရှိအောင်ထားပေးပြီး သူမရဲ့မိခင်ကိုလည်း အရိပ်တကြည့်ကြည့်နဲ့ဂရုစိုက်ပေးတာဖြစ်ပါတယ်။အခုချိန်မှာဆိုရင်တော့ ခင်ဇာခြည်ကျော်ရဲ့မေမေက ကိုဗစ်ကြောင့်ဆေးရုံတက်နေရတာဖြစ်ပါတယ်။လက်ရှိမှာဆိုရင် မြန်မာနိုင်ငံအတွင်းမှာဖြစ်ပွါးတဲ့ ကိုဗစ်ကူးစက်နှုန်းကလည်း တဖြည်းဖြည်းကျဆင်းလာပြီး ကာကွယ်ဆေးတွေလည်း မကြာခင်ထိုးရတော့မှာဖြစ်ပါတယ်။ခင်ဇာခြည်ကျော်ကတော့မေမေ့ရဲ့ဘေးနားမှာ နေ့ရော၊ညပါ ဂရုစိုက်ပေးပြီး အခုလိုအချိန်မျိုးမှာ မိခင်ဆီမှာကိုဗစ်ဖြစ်တာကြောင့် အရမ်းစိတ်ထိခိုက်နေရတာဖြစ်ပါတယ်နော်။

Photo Credit:Khin Zarchi Kyaw’s Facebook Account
Photo Credit:Khin Zarchi Kyaw’s Facebook Account
Photo Credit:Khin Zarchi Kyaw’s Facebook Account
Photo Credit:Khin Zarchi Kyaw’s Facebook Account
Photo Credit:Khin Zarchi Kyaw’s Facebook Account
Photo Credit:Khin Zarchi Kyaw’s Facebook Account

အခုဆိုရင်တော့ ခင်ဇာခြည်ကျော်က”အခုလိုအချိန်မှာ ကျွန်မအရမ်းကို စိတ်ထိခိုက်ရပါတယ်... ICU အခန်းထဲမှာကို ဗစ် ဒဏ် ကို အသက်လုပြီး ခံစား နေရတဲ့ ကျွန်မ ရဲ့ မိခင်  အတွက် လည်း  နေ့တိုင်းဆုတောင်း နေ ရသလို...ပြည် သူတွေ နဲ့ အတူ  လမ်းပေါ် ထွက် မပေး နိုင် တဲ့ အတွက်လည်း စိတ်မကောင်း ပါဘူး ရှင်...ပြည်သူ့ ဆန္ဒ တွေ အမြန် ပြည့်ဝပြီး.ကျွန်မ ရဲ့ ကျေးဇူးရှင် မွေးသမိခင် လည်း အမြန်ဆုံး ပြန်လည် ကျန်းမာ ပါစေ လို့ ဘုရား မှာ နေ့စဥ်ဆု တောင်း ​ပေးနေ ပါတယ်”ဆိုပြီး ပရိသတ်တွေကို ရေးသားအသိပေးလာတာဖြစ်ပါတယ်နော်။

Photo Credit:Khin Zarchi Kyaw’s Facebook Account
Photo Credit:Khin Zarchi Kyaw’s Facebook Account
Photo Credit:Khin Zarchi Kyaw’s Facebook Account
Photo Credit:Khin Zarchi Kyaw’s Facebook Account

Source&Photo Credit:Khin Zarchi Kyaw’s Facebook Account

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T