ညဘက်ရောက်တိုင်းသူများတွေကြားရသလို သူမကိုယ်တိုင်လည်း ထူးဆန်းတဲ့အသံတွေကြားနေရကြောင်း ပြောလာတဲ့သုသု

//s9.kh1.co/52/52f290a3f782f0c03c6f5c5cbcbc569b9300b084.jpeg
အနုပညာရှင်များ

 ၁၇-ဖေ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

မိတ်ကပ်ပညာရှင်တစ်ယောက်အဖြစ်  ဆယ်စုနှစ်ကျော်တိုင်အောင်  အောင်မြင်မှုတွေ ရရှိထားသူကတော့  ညီညီမောင်(စမ်းချောင်း) ပဲ  ဖြစ်ပါတယ်။ သူမဟာ  Make-up Artist တစ်ယောက်အနေနဲ့သာမကဘဲ  ရုပ်ရှင်ဇာတ်ကားများတွင်လည်း  ပါဝင်ရိုက်ကူးသရုပ်ဆောင်နေပြီပဲ  ဖြစ်ပါတယ်။  ပွင့်ပွင့်လင်းလင်းပြောဆိုတတ်သူဖြစ်တာကြောင့်လည်း  ပရိသတ်တွေအားလုံးက  ချစ်မဝဖြစ်နေကြတာလည်း  ဖြစ်ပါတယ်။

Photo Crd-Nyi Nyi Maung’s Facebook Page 
Photo Crd-Nyi Nyi Maung’s Facebook Page 
Photo Crd-Nyi Nyi Maung’s Facebook Page 
Photo Crd-Nyi Nyi Maung’s Facebook Page 

သုသုဟာ  လက်ရှိမှာဖြစ်ပေါ်နေတဲ့  လူထုလှုပ်ရှားမှုတွေမှာလည်း  ပြည်သူလူထုတွေနဲ့အတူ  တက်ကြွစွာ ပါဝင်လှုပ်ရှားနေတာလည်း  ဖြစ်ပါတယ်။  သူမရဲ့လှုပ်ရှားမှုတွေတိုင်းကိုလည်း  ပရိသတ်တွေအား  အမြဲလိုလို  ဝေမျှပေးနေတာလည်း  ဖြစ်ပါတယ်။  မကြာသေးခင်  နာရီပိုင်းလောက်ကလည်း  သုသုရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ  ညဘက်ရောက်တိုင်းထူးဆန်းတဲ့အသံတွေကြားနေရတဲ့သူမရဲ့အဖြစ်အပျက်အားပြန်လည်ပြောပြလာတာပဲ  ဖြစ်ပါတယ်။ ဒီလိုအသံတွေများဟာ  ညဘက်ရောက်တိုင်း လူတိုင်းလိုလို ကြားနေရပြီး  အားလုံးရဲ့ လူမှုကွန်ယက်တိုင်းမှာလည်း  ရေးသားထားကြတာလည်း  ဖြစ်ပါတယ်။  ဒီလိုအသံတွေ ဘယ်ကနေကြားရတာလည်းဆိုတာတော့  ဘယ်သူမှ ကွဲကွဲပြားပြားမသိကြသေးပါဘူး။

Photo Crd-Nyi Nyi Maung’s Facebook Page 
Photo Crd-Nyi Nyi Maung’s Facebook Page 
Photo Crd-Nyi Nyi Maung’s Facebook Page 
Photo Crd-Nyi Nyi Maung’s Facebook Page 

သုသုကလည်း  " နားထဲ သီချင်းသံတွေ 

လူအော်တဲ့ အသံတွေပဲကြားနေတယ်

၄ရက်လောက်ရှိပြီ ညဆို 

ထွက်ကြည့်တော့လည်း ဘာမှမရှိ  

အစက စိတ်ထင်တာပဲ ထင်နေတာ 

ညည့်နက်လေပိုကျယ်လာလေ 

ကိုယ်ပဲကြားနေရတာလားမသိဘူး?? 

ဘုရားမှတပါး ကိုးကွယ်ရာမရှိပါ ?????? “ ဆိုပြီး သူမတွေ့ကြုံနေရတာတွေကို ရေးသားထားတာပဲ  ဖြစ်ပါတယ်။   ဒီလိုအချိန်တွေမှာ အသံတွေကြားရတာတွေကို  အာရုံမထားဘဲ  မေတ္တာပို့ကာ အမျှဝေပေးသင့်တယ်လို့ထင်မြင်မိပါတယ်။ ပရိသတ်အားလုံးလည်း သိရှိစေနိုင်ရန်အတွက်  ဒီသတင်းလေးကို  တစ်ဆင့်  ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ရပါတယ်နော်။

Source and Photo Crd-Nyi Nyi Maung’s Facebook Page 

Photo Crd-Nyi Nyi Maung’s Facebook Page 
Photo Crd-Nyi Nyi Maung’s Facebook Page 
Photo Crd-Nyi Nyi Maung’s Facebook Page 
Photo Crd-Nyi Nyi Maung’s Facebook Page 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T