လတ်တလောဖြစ်ပေါ်နေတဲ့အခြေအနေတွေကြောင့်ဘဝမှာဒုတ်ကိုင်ပြီးကင်းစောင့်ရမယ်လို့တစ်ခါမှမတွေးဖူးမိကြောင်းပြောပြလာတဲ့ ငွေဇင်လှိုင်း

//s9.kh1.co/e3/e308340318f2256c619be6b8578aedaa0b0b07e2.jpeg
အနုပညာရှင်များ

 ၁၇-ဖေ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

အဆိုတော်  ငွေဇင်လှိုင်းကတော့  အဆိုပြိုင်ပွဲတစ်ခုတွင်  ပါဝင်ယှဉ်ပြိုင်ခဲ့ရာမှတစ်ဆင့်  ဂီတလောကထဲသို့  ဝင်ရောက်လာတာလည်း  ဖြစ်ပါတယ်။  ဂီတမျိုးရိုးမရှိပေမယ့်လည်း  ကိုယ်အားကိုယ်ကိုးကာ  ကြိုးစားလာတာကြောင့်  အခုလို အောင်မြင်နေတဲ့ အဆိုတော်တစ်ယောက်အဖြစ် ရပ်တည်လာနိုင်တာလည်း  ဖြစ်ပါတယ်။   အဆိုတော်တစ်ယောက်ဖြစ်ပေမယ့်လည်း  အရေးကြုံလာတဲ့အခါ  ပြည်သူတွေနဲ့အတူ  တစ်သွေးတည်းတစ်သားတည်း ရပ်တည်ပေးတာကြောင့်လည်း  ပရိသတ်တွေက  တစ်ခဲနက်  အားပေးနေကြတာလည်း  ဖြစ်ပါတယ်။

Photo Crd-Ngwezin Hline’s Facebook Account 
Photo Crd-Ngwezin Hline’s Facebook Account 
Photo Crd-Ngwezin Hline’s Facebook Account 
Photo Crd-Ngwezin Hline’s Facebook Account 

သူမဟာ  ပြည်သူထဲက ပြည်သူတစ်ယောက်ဖြစ်တာကြောင့်  လတ်တလောမှာ ဖြစ်ပေါ်နေတဲ့  လူထုလှုပ်ရှားမှုတွေမှာလည်း  တစ်တပ်တစ်အား  ပါဝင်ဆောင်နေတာကိုလည်း  မြင်တွေ့ရမှာဘဲ  ဖြစ်ပါတယ်။  မကြာသေးခင်  နာရီပိုင်းလောက်ကလည်း  သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာ  စာလေးတွေ  ရေးသားထားတာလည်း  ဖြစ်ပါတယ်။  ဒါကတော့  လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် ဘဝမှာဒုတ်ကိုင်ပြီးကင်းစောင့်ရမယ်လို့တစ်ခါမှမတွေးဖူးမိကြောင်းဖွင့်ဟပြောပြလာခဲ့တာပဲ  ဖြစ်ပါတယ်။ ငွေဇင်လှိုင်းဟာ ရပ်ကွက်ထဲကို မကြာခဏသူစိမ်းတွေဝင်လာတာကြောင့် ရပ်ကွက်နေပြည်သူလူထုတွေ လုံခြုံမှုရှိစေရန်  အခုလို ကင်းစောင့်ပေးနေရတာလည်း  ဖြစ်ပါတယ်။  အခုလို မီးကွင်းပစ်တာတွေ တစ်ခါမှမမြင်ဖူးတဲ့ လူစိမ်းဝင်တာမျိုးတွေဟာ  အခြားသောရပ်ကွက်တွေမှာလည်း  အလားတူဖြစ်ရပ်မျိုးတွေ  ဖြစ်ပေါ်နေတာလည်း  ဖြစ်ပါတယ်။

Photo Crd-Ngwezin Hline’s Facebook Account 
Photo Crd-Ngwezin Hline’s Facebook Account 
Photo Crd-Ngwezin Hline’s Facebook Account 
Photo Crd-Ngwezin Hline’s Facebook Account 

သူမကလည်း " ကျွန်မ ၁၉၉၁ မှာ မွေးတယ် 

အခုအသက်  ၂၉ 

ဘဝမှာ ဒီလိုတုတ်ကိုင်ပီး ရပ်ကွက်ကမိဘပြည်သူတွေအတွက် ကင်းစောင့်ပေးရလိမ့်မယ်လို့ တစ်ခါမှ မတွေးမိခဲ့ဘူး ? ....

နောင်တစ်ချိန် အရာအားလုံး အဆင်ပြေသွားတဲ့အခါ 

ကိုယ့်သားသမီး မြေးမြစ်တွေ ကြီးလာရင် ဖွားဖွားငွေက ဒီလို တာဝန်ယူ စောင့်ရှောက်ခဲ့ဖူးပါတယ်လို့ ???.." ဆိုပြီး ရေးသားထားတာပဲ  ဖြစ်ပါတယ်။  အားလုံးလည်း  ကိုယ့်မြို့ရွာ  ရပ်ကွက်တိုင်းကို  ခါတိုင်းထက်  ပိုပြီးလုံခြုံမှုရှိစေရန်  ဂရုစိုက်ဖို့လိုကြောင်းတိုက်တွန်းပြောကြားလိုက်ရပြီး  အားလုံးလည်း  သိရှိနိုင်အောင်   ဒီသတင်းလေးကို  တစ်ဆင့်  ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ရပါတယ်နော်။

Source and Photo Crd-Ngwezin Hline’s Facebook Account 

Photo Crd-Ngwezin Hline’s Facebook Account 
Photo Crd-Ngwezin Hline’s Facebook Account 
Photo Crd-Ngwezin Hline’s Facebook Account 
Photo Crd-Ngwezin Hline’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T