လူထုလှုပ်ရှားမှုတွေမှာ ပင်ပင်ပန်းပန်းပါဝင်အားဖြည့်ခဲ့တဲ့အပြင် ညဘက်တွေလည်း ကိုယ်တိုင်ကင်းစောင့်ခဲ့ကြတဲ့ ဝါဆိုမိုးဦးတို့စုံတွဲ

//s9.kh1.co/d5/d5bb4c427050c5586fb768a05e7bc47eb926e683.jpg
အနုပညာရှင်များ

 ၁၆-ဖေ-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အောင်မြင်မှုတွေ အခိုင်အမာရရှိထားကြတဲ့အပြင် လိုက်ဖက်ညီတဲ့စုံတွဲလေးအဖြစ် ပရိသတ်တွေသဘောကျကာ အားပေးလက်ခံကြတဲ့ဆယ်လီစုံတွဲတွေထဲမှာ ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့ စုံတွဲလေးကလည်းအပါအဝင်ပါပဲ..။

တစ်ယောက်နဲ့တစ်ယောက် နားလည်ချစ်ခင်ကြတဲ့ ရှေ့သွားနောက်လိုက်ညီတတ်ကြလွန်းတဲ့ သူတို့စုံတွဲလေးကတော့ လတ်တလောအြေအေနေတွေနဲ့ ပတ်သက်ပြီးတော့လည်း ပြည်သူတွေနဲ့အတူ ရပ်တည်နေတာလည်း တွေ့ရပါတယ်နော်..။

Photo Credit - Warso Moe Oo's Fb Acc
Photo Credit - Warso Moe Oo's Fb Acc

ပြည်သူတွေနဲ့အတူ ရပ်တည်ကာ လူထုလှုပ်ရှားမှုတွေမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်နေပြီး အားတက်သရော ကြိုးစားနေကြပြီး ပြည်သူပရိသတ်တွေအားလုံးရဲ့အနာဂတ်တွေအတွက် တစိုက်မတ်မတ်လုပ်ဆောင်နေတာ ဖြစ်ပါတယ်..။

အခုတစ်ခါမှာလည်း ဖြိုးလေးနဲ့ ဝါဆိုတို့စုံတွဲလေးဟာ လူထုလှုပ်ရှားမှုတွေမှာ ပင်ပင်ပန်းပန်းပါဝင်အားဖြည့်ခဲ့တဲ့အပြင် ညဘက်တွေလည်း ကိုယ်တိုင်ကင်းစောင့်နေကြတာကိုလည်း ပရိသတ်တွေကို ဝေမျှထားတာ တွေ့ရပါတယ်..။

Photo Credit - Warso Moe Oo's Fb Acc
Photo Credit - Warso Moe Oo's Fb Acc
Photo Credit - Warso Moe Oo's Fb Acc
Photo Credit - Warso Moe Oo's Fb Acc

"အင်အားတွေတစ်နေ့ထက် တစ်နေ့မလျော့ကြေး

15.2.2021

3pm. ." ဆိုပြီး ချစ်သူနှစ်ယောက်အတူ ပြည်သူတွေနဲ့တစ်သားတည်းပါဝင်ရပ်တည်ခဲ့တဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကို ဝေမျှထားတာပဲ ဖြစ်ပါတယ်နော်..။

"ဘဝမှာ ကင်းစောင့်ဖူးသွားပြီ.." ဆိုပြီး ညဘက်တွေမှာလည်း ကိုယ်တိုင်ကင်းစောင့်နေတဲ့အကြောင်းလေးကိုလည်း ဝါဆိုက ပရိသတ်တွေကို အသိပေးပြောပြထားတာမို့ ပရိသတ်တွေကလည်း သတိဝီရိယလေးတွေနဲ့ ဂရုစိုက်ကြဖို့ မှတ်ချက်လေးတွေ ရေးသားထားကြတာ တွေ့ရပါတယ်..။

Photo Credit - Warso Moe Oo's Fb Acc
Photo Credit - Warso Moe Oo's Fb Acc
Photo Credit - Warso Moe Oo's Fb Acc
Photo Credit - Warso Moe Oo's Fb Acc

သတင်း အရင်းအမြစ်Warso Moe Oo's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T