လူထုလှုပ်ရှားမှုပြုလုပ်နေတဲ့ ပြည်သူတွေကို လိုအပ်တဲ့ပစ္စည်းနဲ့ စားစရာတွေကိုယ်တိုင်လိုက်ဝေငှပေးခဲ့တဲ့ ကျော်ထွဠ်ဆွေ

//s9.kh1.co/6b/6b3ee4703557d78ff0256cdd2231d7760e2cf430.jpeg
အနုပညာရှင်များ

 ၁၆-ဖေ-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.....

အဆိုတော် ကျော်ထွဠ်ဆွေကတော့ ဂီတလောကရဲ့ လူကြိုက်များအောင်မြင်နေတဲ့ အထင်ကရ အဆိုတော်တစ်ဦးပဲ ဖြစ်ပါတယ်။ ပင်ကိုယ်စတိုင်၊ပင်ကိုယ်ဆိုဟန်တွေနဲ့ သီချင်းကောင်းတွေကို ကိုယ်တိုင်ရေးစပ်သီဆိုတတ်တာကြောင့် လူငယ်တွေကြား ရေပန်းစားနေတာပဲ ဖြစ်ပါတယ်။ Hip Hop နဲ့ Rap ဂီတကို ပိုင်ပိုင်နိုင်နိုင် သီဆိုနိုင်တဲ့ ကျော်ထွဠ်ဆွေကိုတော့ ခုချိန်ထိ မသိသူမရှိလောက်အောင် ကျော်ကြားနေဆဲ ဖြစ်ပါတယ်။

 Photo Credit : Kyaw Htut Swe Facebook Account
 Photo Credit : Kyaw Htut Swe Facebook Account
 Photo Credit : Kyaw Htut Swe Facebook Account
 Photo Credit : Kyaw Htut Swe Facebook Account

အလွမ်းအဆွေးအချစ်သီချင်းလေးတွေကို ပရိသတ်တွေရင်ထဲရောက်အောင် သီဆိုတတ်သူလေးဖြစ်ပြီး သူရဲ့ သီချင်းလေးတွေကိုလည်း ဆယ်ကျော်သက်လူငယ်တွေ အသည်းစွဲကြိုက်နှစ်သက်ကြပါတယ်။အချစ်ရေးဘက်မှာလည်း ဟိုအရင်ထဲက ချစ်သူကောင်မလေးအပေါ် အရမ်းချစ်တဲ့အကြောင်းတွေကို မကြာခဏ သီချင်းဖွဲ့လေ့ရှိပြီး အရမ်းလည်းဂရုစိုက်ချစ်တတ်တာကြောင့်ပရိသတ်တွေအားကျချစ်ခင်နေရတဲ့ ဆယ်လီ စုံတွဲလေးလည်းဖြစ်ပါတယ်။

 Photo Credit : Kyaw Htut Swe Facebook Account
 Photo Credit : Kyaw Htut Swe Facebook Account
 Photo Credit : Kyaw Htut Swe Facebook Account
 Photo Credit : Kyaw Htut Swe Facebook Account

လတ်တလောမှာဆိုရင်တော့ ကျော်ထွဠ်ဆွေက ခုဖြစ်ပေါ်နေတဲ့ကိစ္စတွေမှာ ပြည်သူတွေရဲ့ဆန္ဒနဲ့ ထပ်တူညီကျစွာ ရပ်တည်နေတာဖြစ်ပါတယ်။ အခုလည်း အားကြိုးမာန်တက် လူထုလှုပ်ရှားမှုတွေပြုလုပ်နေတဲ့ ပြည်သူပရိသတ်တွေကို လိုအပ်တဲ့ပစ္စည်းတွေနဲ့အတူ အမောပြေစားသောက်ရန် အအေးနဲ့မုန့်များကိုယ်တိုင် ဝေငှခဲ့တာဖြစ်ပါတယ်။ပုံလေးတွေကြည့်ပြီးလေးစားမိတာကြောင့်ပြန်လည်မျှဝေပေးလိုက်ပါတယ်။

 Photo Credit : Kyaw Htut Swe Facebook Account
 Photo Credit : Kyaw Htut Swe Facebook Account
 Photo Credit : Kyaw Htut Swe Facebook Account
 Photo Credit : Kyaw Htut Swe Facebook Account

Source & Photo Credit : Kyaw Htut Swe Facebook Account

Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T