CDMမှာ ပူးပေါင်းပါဝင်ပေးတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူး အရမ်းတင်ကြောင်းပြောလာတဲ့ နန်းစုရတီစိုး

//s9.kh1.co/bd/bd704ab9a406de2709b165c2a4bb84fe7035e925.jpg
အနုပညာရှင်များ

 ၁၆-ဖေ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်အချစ်တော် နန်းစုရတီစိုးကတော့ CDMမှာပူးပေါင်းပါဝင်ပေးလာတဲ့ တစ်ဦးတစ်ယောက်ချင်းစီ တိုင်းကိုကျေးဇူးတင်ကြောင်းနဲ့ ပျော်ပွဲရွှင်ပွဲလို ဟေးလား ဝါးလား လုပ်နေလို့ မရကြောင်းအသိပြောကြားလာတာပဲ ဖြစ်ပါတယ်။ နန်းစုဟာ ဗီဒီယို ခေတ်ကတည်းက အနုပညာလောကထဲ ရောက်ရှိလာခဲ့ပြီး ပရိသတ်တွေ အားပေးထောက်ခံမှုရရှိကာ ယခုအချိန်မှာတော့ နေရာတစ်ခုထိ ရောက်ရှိအောင်မြင်နေပြီပဲ ဖြစ်ပါတယ်။

Photo Crd - Nansu Yati Soe's FB account
Photo Crd - Nansu Yati Soe's FB account
Photo Crd - Nansu Yati Soe's FB account
Photo Crd - Nansu Yati Soe's FB account

ယခုအခါမှာတော့ နန်းစုဟာ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ

"Now or Never ?????

ငါတို့က CDM တွေ အလုပ်မသွားဖို့ ဆုတောင်းနေသလို

CDM တွေကလည်း ငါတို့ သွေးမအေးသွားဖို့

ဆုတောင်းတယ်တဲ့။

ဒီစကားလေးကြားပြီး စိတ်မကောင်းဖြစ်ရသလို CDM လုပ်ပေးနေတဲ့သူတွေကိုလည်းကိုယ်ချင်းစာမိပါတယ်။

သူတို့ ရင်းနှီးထားရတာတွေ အလကားဖြစ်မှာ စိုးရိမ်ကြမှာပဲ။

တကယ်ပါ CDM ကို ပူးပေါင်းပါဝင်ပေးလာတဲ့

တစ်ယောက်ချင်းစီတိုင်းကိုလည်း အရမ်းကျေးဇူး

တင်ပါတယ် "

Photo Crd - Nansu Yati Soe's FB account
Photo Crd - Nansu Yati Soe's FB account
Photo Crd - Nansu Yati Soe's FB accountl
Photo Crd - Nansu Yati Soe's FB accountl

"သွေးအေးလိုက်လို့ မရပါဘူး

ခြောက်တိုင်းကြောက်ပြီး ပုန်းနေလိုက်လို့ မရပါဘူး

ပျော်ပွဲရွှင်ပွဲသဘောမျိုးနဲ့ ဟေးလားဝါးလား လုပ်နေလို့လဲ မရပါဘူး

အပြောင်အပျက်တွေနဲ့ အာရုံလွှဲလိုက်လို့လဲမရပါဘူး

အားလုံးရဲ့ အနာဂတ်အတွက် တိုက်နေရတဲ့ပွဲပါ

ဒီတစ်ခေါက်မှ မနိုင်ရင် ဘယ်တော့မှမနိုင်တော့ဘူး

ဆိုတာလေး ခေါင်းထဲမှာ အမြဲထည့်ထားစေချင်ပါတယ်......" ဆိုပြီး ဖော်ပြလာတာကို ပရိသတ်တွေ အတွက်ပြန်လည်မျှဝေပေးလိုက်တာ ပဲ ဖြစ်ပါတယ်နော်.....။

Photo Crd - Nansu Yati Soe's FB account
Photo Crd - Nansu Yati Soe's FB account
Photo Crd - Nansu Yati Soe's FB account
Photo Crd - Nansu Yati Soe's FB account

သတင်း အရင်းအမြစ်Nansu Yati Soe's FB account

Win Zaw Oo
A Win

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T