လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ယှဥ်ကာ ကလေးတွေအပေါ် မိခင်တွေက ပျိုးထောင်မှုမမှားရအောင် တိုက်တွန်းလာတဲ့ မယ်လိုဒီ

//s9.kh1.co/1a/1a8dc1133c5fdd39f6395404a3e92c95d1926477.jpg
အနုပညာရှင်များ

 ၁၆-ဖေ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ မြန်မာ့ အနုပညာလောကရဲ့ ဒိတ်ဒိတ်ကြဲ မင်းသမီးတွေထဲမှာ သရုပ်ဆောင် မယ်လိုဒီ ကလည်း တစ်ယောက်အပါအဝင်ပါ ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်ကတည်းက အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်ခဲ့တဲ့ မယ်လိုဒီက ဗီဒီယို ဇာတ်ကား ရုပ်ရှင်ဇာတ်ကားပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။ တိကျပီပြင်တဲ့ သူမရဲ့ သရုပ်ဆောင် အရည်အချင်းတွေ​ကြောင့် အောင်မြင်မှုတွေလည်း များစွာရရှိနေတာပါ။

Photo credit - Melody Myo's FB account 
Photo credit - Melody Myo's FB account 
Photo credit - Melody Myo's FB account 
Photo credit - Melody Myo's FB account 

ဒါ့အပြင် မယ်လိုဒီက ဖြူဖွေးနေတဲ့ အသားအရည်နဲ့ လှပတဲ့ မျက်နှာလေးကြောင့် ပုရိသပရိသတ်တွေရဲ့ ဝန်းရံမှုကို ရရှိထားတာဖြစ်ပါတယ်။ သားငယ်လေး တစ်ယောက်ကို မွေးဖွားထားပေမယ့်လည်း အပျိုလေးတစ်ယောက်လို အလှတွေပိုနေတဲ့ မယ်လိုဒီက မိန်းကလေးပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးတစ်ဦးလည်း ဖြစ်ပါတယ်။ မယ်လိုဒီကလည်း သူမရဲ့ လူမှုကွန်ယက် ဖေ့ဘွတ်အကောင့်မှာ သားသားလေးနဲ့ လှုပ်ရှားမှုလေးတွေကို ဝေမျှလေ့ရှိတာဖြစ်ပြီး ယနေ့မှာလည်း ပိုစ့်တစ်ခုတင်ပေးလာခဲ့ပါတယ်။

Photo credit - Melody Myo's FB account 
Photo credit - Melody Myo's FB account 
Photo credit - Melody Myo's FB account 
Photo credit - Melody Myo's FB account 

ဒါကတော့ " ငါတို့ ကလေးတွေကိုသေနတ်နဲ့မပစ်ပါနဲ့ အစွပ်စွပ်ထားတဲ့သံတုပ်နဲ့မရိုက်ပါနဲ့ လက်ထိပ်မခပ်ပါနဲ့ မိခင်တယောက်အနေနဲ့လုံးဝ လုံးဝရှုံ့ချပါတယ် ကလေးတစ်ယောက်ကိုဘယ်လိုပျိုးထောင်ခဲ့ရလည်း ငါတို့မိခင်တွေသာအသိဆုံးပါ နင်တို့အမေတွေလဲ အဲ့လိုပျိုးထောင်ခဲ့ရမှာပါကိုယ်ချင်းစာပါ " ဆိုတဲ့ စာသားလေးနဲ့အတူ သားအမိနှစ်ယောက်အတူ ပုံလေးကို တင်ပေးလာတာပါ။ မယ်လိုဒီက ကလေးတစ်​ယောက်အပေါ် သွန်သင်ဆုံးမမှု မမှားယွင်းရအောင် မိခင်တွေအားလုံးကို တိုက်တွန်းလိုက်တာဖြစ်လို့ ပရိသတ်တွေကြည့်ရှုစေဖို့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ 

Photo credit - Melody Myo's FB account 
Photo credit - Melody Myo's FB account 
Photo credit - Melody Myo's FB account 
Photo credit - Melody Myo's FB account 

သတင်း အရင်းအမြစ်Source - Melody Myo's FB account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T