လက်ရှိရုံးတက်နေကြတဲ့ဝန်ထမ်းတွေကို ပြည်သူတွေနဲ့ပူးပေါင်းပေးဖို့ ကိုယ်တိုင်သွားရောက်တောင်းဆိုနေတဲ့ အနုပညာရှင်တွေရဲ့ဗီဒီယို

//s9.kh1.co/96/96443464b4c4920281902df8f99ec46b05139314.jpg
အနုပညာရှင်များ

 ၁၆-ဖေ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. လတ်တလောဖြစ်ပေါ်နေတဲ့အခြေအနေတွေကြောင့် ပြည်သူတွေအများအပြား လမ်းပေါ်ထွက်ကာ လူထုလှုပ်ရှားမှုတွေပြုလုပ်နေကြတာလည်း တော်တော်များများတွေ့မြင်ကြရပါတယ်နော်..။

လူမျိုးဘာသာမရွေးပြည်သူတွေနဲ့အတူ လူထုလှုပ်ရှားမှုတွေပြုလုပ်နေကြသူတွေထဲမှာ တက်သစ်စအနုပညာရှင်တွေအပြင် အနုပညာလောကမှာ ဆယ်စုနှစ်တွေကတည်းက ယနေ့အချိန်ထိ ဇာတ်ကားတွေများစွာရိုက်ကူးထားပြီး အကယ်ဒမီထူးချွန်ဆုတွေကိုပါ ဆွတ်ခူးထားတဲ့ ဒိတ်ဒိတ်ကြဲအနုပညာရှင်တွေလည်း ပါဝင်ပါတယ်နော်..။

Photo Credit - Ayarwady Lu Min's Fb Acc
Photo Credit - Ayarwady Lu Min's Fb Acc
Photo Credit - Ayarwady Lu Min's Fb Acc
Photo Credit - Ayarwady Lu Min's Fb Acc

အခုတစ်ခါမှာလည်း ပြည်သူတွေနဲ့တစ်သားတည်းရပ်တည်နေကြကာ လှုပ်ရှားမှုတွေပြုလုပ်နေကြတဲ့ အနုပညာရှင်တွေဟာ ဗဟိုဘဏ်ရှေ့မှာ ကိုယ်တိုင်သွားရောက်ပြီး လက်ရှိရုံးတက်နေကြတဲ့ဝန်ထမ်းတွေကို CDM မှာပါဝင်ပေးကြဖို့ တောင်းဆိုတိုက်တွန်းနေတာ တွေ့ရပါတယ်.. ။

သရုပ်ဆောင်၊ ဂီတနဲ့ သဘင်အနုပညာရှင်တွေအပြင် အခြားသောနယ်ပယ်အသီးသီးက အနုပညာရှင်တွေများစွာလည်း ပါဝင်ပြီး ဝန်ထမ်းတွေကို ပြည်သူတွေနဲ့အတူ ပူးပေါင်းပေးဖို့အတွက် ပူပြင်းလွန်းတဲ့နေပူပူထဲမှာ အပင်ပန်းခံကာ ကြိုးစားတိုက်တွန်းနေကြတာပါ..။

Photo Credit - Ayarwady Lu Min's Fb Acc
Photo Credit - Ayarwady Lu Min's Fb Acc
Photo Credit - Ayarwady Lu Min's Fb Acc
Photo Credit - Ayarwady Lu Min's Fb Acc

ပြည်သူတွေနဲ့အတူ ရပ်တည်ကြဖို့ တောင်းဆိုနေကြတဲ့ သူတို့အနုပညာရှင်မောင်နှမတွေရဲ့ပုံရိပ်လေးတွေနဲ့ ဗီဒီယိုဖိုင်လေးတွေကိုလည်း လူမင်းက ပရိသတ်တွေကို ဝေမျှထားတာပဲ ဖြစ်ပါတယ်နော်..။

အဲ့ဒီပို့စ်အောက်မှာ ပရိသတ်တွေကလည်း အားလုံးနဲ့အတူ တစ်သားတည်းရပ်တည်ပြီး ကိုယ်တိုင်ပါဝင်လှုပ်ရှားနေကြတဲ့ သူတို့အဖွဲ့ရဲ့ ကြိုးစားမှုလေးတွေကို အားပေးထောက်ခံနေကြတာကိုလည်း တွေ့ရပါတယ်နော်..။

Photo Credit - Ayarwady Lu Min's Fb Acc
Photo Credit - Ayarwady Lu Min's Fb Acc
Photo Credit - Ayarwady Lu Min's Fb Acc
Photo Credit - Ayarwady Lu Min's Fb Acc

သတင်း အရင်းအမြစ်Ayarwady Lu Min's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T