CDM မှာပါဝင်ပေးရန် အနူးအညွတ်တောင်းဆိုရင်း ရှေ့ကဦးဆောင်ကာ နေပူထဲအားကြိုးမာန်တက် လှုပ်ရှားမှုပြုလုပ်နေတဲ့ ခေးဆက်သွင်

//s9.kh1.co/af/af4a3665a3c755081b5802740da77ccf385a18b7.jpeg
အနုပညာရှင်များ

 ၁၆-ဖေ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

......

ခေးဆက်သွင်က MRTV- 4 ရုပ်သံဇာတ်လမ်းတွဲလေးထဲမှာ ပါဝင်သရုပ်ဆောင်ရင်း ချစ်စရာအပြုအမူလေးတွေကြောင့် အချိန်အတိုအတွင်း ပရိသတ်တွေရဲ့အချစ်တွေကို အပြည့်အဝရရှိခဲ့တာပါ။လက်ရှိမှာလည်း ခေးဆက်သွင်က ကြော်ငြာတွေအပြင် ရုပ်သံဇာတ်လမ်းတွဲတွေကို ဆက်တိုက် ရိုက်ကူးနေရတာ တွေ့ရပါတယ်။သူမက သွယ်လျကျစ်လျစ်တဲ့ ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားတဲ့အပြင် ဆွဲဆောင်မှုရှိတဲ့ အပြုံးချိုချိုလေးတွေနဲ့ ယောကျာ်းပရိသတ်တွေ အသည်းကြွေအောင် ဖမ်းစားထားနိုင်သူတစ်ယောက်ဆိုလည်း မမှားပါဘူးနော် ။

Photo Credit : Khay Sett Thwin Facebook Account 
Photo Credit : Khay Sett Thwin Facebook Account 
Photo Credit : Khay Sett Thwin Facebook Account 
Photo Credit : Khay Sett Thwin Facebook Account 

ကိုဗစ်ကာလတစ်လျှောက်မှာတော့ ခေးဆက်သွင်က အနုပညာအလုပ်တွေကို ခဏတာ ရပ်နားထားတာ တွေ့ရပါတယ်။လတ်တလောမှာဆိုရင်တော့ ခေးဆက်သွင်က ခုဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူလူထုနဲ့အတူ ရပ်တည်ခဲ့တာလည်းဖြစ်ပါတယ်။ လူငယ်တစ်ယောက်ပီပီ ရှေ့ကဦးဆောင်ကာ နေ့စဉ်တိုင်းလိုလို ပုံစံမျိုးစုံနဲ့ လှုပ်ရှားမှုတွေပြုလုပ်နေတာလည်းဖြစ်ပါတယ်။

Photo Credit : Khay Sett Thwin Facebook Account 
Photo Credit : Khay Sett Thwin Facebook Account 
Photo Credit : Khay Sett Thwin Facebook Account 
Photo Credit : Khay Sett Thwin Facebook Account 

သူရဲ့လှုပ်ရှားမှုပုံရိပ်တိုင်းကိုလည်း အမြဲဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။အခုလည်း CDM မှာပါဝင်ပေးကြရန် အနူးအညွတ်တောင်းဆိုရင်း အားတက်သရောလှုပ်ရှားမှုပြုလုပ်နေတဲ့ ပုံလေးတွေနဲ့အတူ " CDMမှာ ပါဝင်ပေးကြဖို့ အနူးအညွတ်တောင်းဆိုပါတယ်...."စာလေးကိုဝေမျှခဲ့တာဖြစ်ပါတယ်။ ပုံလေးတွေကြည့်ပြီး လေးစားမိတာကြောင့် ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်။

Photo Credit : Khay Sett Thwin Facebook Account 
Photo Credit : Khay Sett Thwin Facebook Account 
Photo Credit : Khay Sett Thwin Facebook Account 
Photo Credit : Khay Sett Thwin Facebook Account 

Source & Photo Credit : Khay Sett Thwin Facebook Account 

Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T