နေပူကြီးထဲမှာ အချိန်အတော်ကြာအောင်အပင်ပန်းခံနေပြီး ညှိုးငယ်တဲ့မျက်နှာလေးတွေနဲ့ နိုင်ငံအတွက်တတ်နိုင်သလောက် စွမ်းဆောင်နေတဲ့ ပိုင်ဖြိုးသုနဲ့အူဝဲတို့အဖွဲ့

//s9.kh1.co/91/912ca5be81bfd4d59d20d280bedac128d314120c.jpg
အနုပညာရှင်များ

 ၁၆-ဖေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

နေပူကြီးထဲမှာ အချိန်အတော်ကြာအောင် အပင်ပန်းခံနေပြီး ညှိုးငယ်တဲ့မျက်နှာလေးတွေနဲ့ နိုင်ငံအတွက်တတ်နိုင်သလောက် စွမ်းဆောင်နေတဲ့ ပိုင်ဖြိုးသုနဲ့အူဝဲတို့အဖွဲ့

မင်းသမီးချောလေး ပိုင်ဖြိုးသုကတော့ သရုပ်ဆောင်ပိုင်းမှာ အရည်အချင်းပြည့်ဝလွန်းလို့ အကယ်ဒမီဆုကိုလည်း ဆွတ်ခူးရရှိခဲ့တာ ဖြစ်ပါတယ် ။ အနုပညာအလုပ်အပေါ်မှာ စိတ်ရောကိုယ်ပါနှစ်ပြီး လုပ်ကိုင်တတ်တဲ့ ပိုင်ဖြိုးသုက ဇာတ်ရုပ်မျိုးစုံကို ပီပီပြင်ပြင် ဖန်တီးတတ်တာပဲ ဖြစ်ပါတယ် ။ ဒါရိုက်တာဏကြီးနဲ့ ထိမ်းမြားလက်ထပ်ခဲ့တဲ့ ပိုင်ဖြိုးသုက ခင်ပွန်းဖြစ်သူနဲ့အတူ ဇာတ်ကားအသစ်တွေ ရိုက်ကူးပုံဖော်နေတာပဲ ဖြစ်ပါတယ် ။

Photo Credit-Paing Phyoe Thu's FB Page & D1P
Photo Credit-Paing Phyoe Thu's FB Page & D1P
Photo Credit-Paing Phyoe Thu's FB Page 
Photo Credit-Paing Phyoe Thu's FB Page 

လက်ရှိမှာတော့ ပိုင်ဖြိုးသုတို့ဇနီးမောင်နှံက နိုင်ငံအတွက် တတ်နိုင်တဲ့ဘက်ကနေ ခွန်အားရှိသလောက် ကြိုးစားပေးနေကြတာ ဖြစ်ပါတယ် ။ ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်ပေးကြတဲ့ ပိုင်ဖြိုးသုတို့စုံတွဲလေးက နေ့တိုင်းလိုလို လမ်းပေါ်ထွက်ပြီး လူထုလှုပ်ရှားမှုမှာ ပါဝင်နေကြတာ ဖြစ်ပါတယ်။ မနေ့ကလည်း ပိုင်ဖြိုးသုတို့ဇနီးမောင်နှံက မင်းသမီးချော အိန္ဒြာကျော်ဇင်တို့စုံတွဲနဲ့အတူ ဆုံတွေ့ခဲ့တာပဲ ဖြစ်ပါတယ် ။

Photo Credit-Paing Phyoe Thu's FB Page & D1P
Photo Credit-Paing Phyoe Thu's FB Page & D1P
Photo Credit-Paing Phyoe Thu's FB Page & D1P
Photo Credit-Paing Phyoe Thu's FB Page & D1P

ပိုင်ဖြိုးသုနဲ့အူဝဲတို့စုံတွဲအပြင် အခြားအနုပညာရှင်တွေလည်း အတူတကွပါဝင်ပြီး ဆိုင်းဘုတ်လေးတွေကိုင်ကာ လူထုလှုပ်ရှားမှုကို ဆောင်ရွက်ခဲ့ကြတာပဲ ဖြစ်ပါတယ် ။ နေပူကြီးထဲမှာ အချိန်အကြာကြီးအပင်ပန်းခံကာ နေနေကြတဲ့ ပိုင်ဖြိုးသုတို့အဖွဲ့လေးကတော့ ညှိုးငယ်တဲ့မျက်နှာလေးတွေနဲ့ သူတို့ရဲ့ရင်တွင်းဆန္ဒလေးတွေကို တောင်းဆိုနေကြတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေနဲ့ တစ်စိတ်တစ်ဝမ်းတည်းရှိတဲ့ ပိုင်ဖြိုးသုတို့စုံတွဲနဲ့ အူဝဲတို့စုံတွဲရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-Paing Phyoe Thu's FB Page & D1P

Photo Credit-Paing Phyoe Thu's FB Page & D1P
Photo Credit-Paing Phyoe Thu's FB Page & D1P
Photo Credit-Paing Phyoe Thu's FB Page & D1P
Photo Credit-Paing Phyoe Thu's FB Page & D1P
Photo Credit-Paing Phyoe Thu's FB Page & D1P
Photo Credit-Paing Phyoe Thu's FB Page & D1P
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T