ကိုယ့်အသက်အိုးအိမ်စည်းစိမ်တွေ လုံခြုံရေးအတွက် ကိုယ်တိုင်ကာကွယ်နေရမယ်လို့ ဘဝမှာဘယ်တုန်းကမှမတွေးထားခဲ့မိဘူးဆိုတဲ့ မင်းညီ

//s9.kh1.co/d5/d517f43110c926d76432b625d4177f152d4f0f6f.jpeg
အနုပညာရှင်များ

 ၁၆-ဖေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ကိုယ့်အသက်အိုးအိမ်စည်းစိမ်တွေ လုံခြုံရေးအတွက် ကိုယ်တိုင်ကာကွယ်နေရမယ်လို့ ဘဝမှာဘယ်တုန်းကမှမတွေးထားခဲ့မိဘူးဆိုတဲ့ မင်းညီ

ဒါရိုက်တာ၊သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ မင်းညီကတော့ အနုပညာလောကမှာရပ်တည်နေဆဲဖြစ်ပြီး ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကိုလည်း ရရှိထားတာဖြစ်ပါတယ်နော်။မင်းညီက သမီးနှစ်ယောက်၊သားတစ်ယောက်ရဲ့ဖခင်ဖြစ်ပြီး သူ့ရဲ့မိသားစုလေးကိုလည်း အမြဲပျော်ရွှင်အောင်ထားပေးတဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဖြစ်ပါတယ်။မင်းညီရဲ့မိသားစုဘဝလေးကတော့ သာယာအေးချမ်းမှုအပြည့်ရှိပြီး ကလေးတွေကလည်းလိမ္မာရေးခြားရှိကြပါတယ်နော်။

Photo Credit:Min Nyi’s Facebook Account 
Photo Credit:Min Nyi’s Facebook Account 
Photo Credit:Min Nyi’s Facebook Account 
Photo Credit:Min Nyi’s Facebook Account 
Photo Credit:Min Nyi’s Facebook Account 
Photo Credit:Min Nyi’s Facebook Account 

မင်းညီကတော့ ပွင့်ပွင့်လင်းလင်းပြောဆိုတတ်ပေမယ့် စိတ်သဘောထားပြည့်ဝလို့ လူချစ်လူခင်ပေါများနေတာပဲဖြစ်ပါတယ်။သူနေထိုင်ရာ ရပ်ကွက်မှာဆိုရင်လည်း လူအများနဲ့လိုက်လျောညီထွေဆက်ဆံတတ်လို့ ပေါင်းသင်းဆက်ဆံရေးလည်းကောင်းမွန်ပါတယ်နော်။မင်းညီက လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေမှာဆိုရင်လည်းပြည်သူလူထုဘက်ကနေရပ်တည်ပြီး ကိုယ်တတ်နိုင်တဲ့ဘက်ကနေ အားကြိုးမာန်တက်ပါဝင်လှုပ်ရှားနေတာဖြစ်ပါတယ်။

Photo Credit:Min Nyi’s Facebook Account 
Photo Credit:Min Nyi’s Facebook Account 
Photo Credit:Min Nyi’s Facebook Account 
Photo Credit:Min Nyi’s Facebook Account 

အခုဆိုရင်လည်း မင်းညီက ရပ်ကွက်သူ၊ရပ်ကွက်သားတွေနဲ့အတူ လမ်းထိပ်မှာ ဝါးကပ်တွေနဲ့ကာနေတာဖြစ်ပါတယ်။မင်းညီကတော့“ကိုယ့်အသက်အိုးအိမ်စည်းစိမ် လုံခြုံ ရေး အတွက်......ကိုယ့်လုပ်စာထဲက..အခကြေးငွေအဆုံးရှုံးခံပြီး...ကာကွယ်စောင့်ရှောက်ဖို့...လခပေးထားတာ....သူတို့က...မကာကွယ်တဲ့အပြင်....ရန်ရှာမှာစိုးလို့....ကိုယ့်ကိုယ်ကိုယ်...ကာကွယ်နေကြရတဲ့...ဘဝ..ဘယ်တုန်းကမှ...မတွေးထားခဲ့မိဘူး...မင်းညီ  (ရင်နှင့်ရင်းသည်)”ဆိုပြီးပုံရိပ်တွေနဲ့အတူ ရေးသားမျှဝေလာတာဖြစ်ပါတယ်နော်။

Photo Credit:Min Nyi’s Facebook Account 
Photo Credit:Min Nyi’s Facebook Account 
Photo Credit:Min Nyi’s Facebook Account 
Photo Credit:Min Nyi’s Facebook Account 
Photo Credit:Min Nyi’s Facebook Account 
Photo Credit:Min Nyi’s Facebook Account 

Source&Photo Credit:Min Nyi’s Facebook Account 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T