ပြည်သူ့ပရိသတ်တွေ လွတ်လပ်ပြီး အပြုံးကိုယ်စီနဲ့ ပြန်နေနိုင်ဖို့အတွက် လိုအပ်တဲ့ဘက်ကနေ အမြဲရှိနေတယ်ဆိုတဲ့ ဆောင်းယွန်းစံ

//s9.kh1.co/a7/a770e2c02055eea788e9045d3390f5fb8566f133.jpg
အနုပညာရှင်များ

 ၁၆-ဖေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

မင်းသမီးချောလေး ဆောင်းယွန်းစံဟာ ဆိုရင် အနုပညာလောကထဲကို အကယ်ဒမီ ရွှေကြိုအဖြစ် အားဖြည့်ပါဝင်ရင်းနောက်ပိုင်းမှာ အနုပညာအလုပ်တွေကို အကောင်းဆုံးကြိုးစားလုပ်ကိုင်လာတဲ့ အနုပညာပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဆောင်းယွန်းစံက လက်ရှိမှာ ဗီဒီယို ဇာတ်ကားတွေထဲမှာလည်း ပါဝင်သရုပ်ဆောင်နေသလို ကြော်ငြာတွေနဲ့ photo Shooting တွေကိုလည်း ဆက်တိုက်ရိုက်ကူးနေရတာကို တွေ့ရပါတယ်။

Photo Credit - Saung Yoon San's Facebook Page
Photo Credit - Saung Yoon San's Facebook Page
Photo Credit - Saung Yoon San's Facebook Page
Photo Credit - Saung Yoon San's Facebook Page

ဆောင်းယွန်းစံ က လူငယ်တစ်ယောက်ဖြစ်ပေမဲ့လည်း သူတစ်ပါးကို ကူညီပေးတတ်တာနဲ့ အလှူအတန်းတွေကို တတ်နိုင်သလောက် မကြာခဏလှူဒါန်းပေးတဲ့ စိတ်ထားလေးကြောင့် လေးစားရတဲ့သူတွေထဲမှာ ပါဝင်ပါတယ်။ ဒါ့အပြင် လတ်တလောဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာလည်း တတ်နိုင်တဲ့ဘက်ကနေ စားသောက်စရာတွေလည်း လှူတန်းပေးတာ တွေ့ရပါတယ်။ ယခုမှာလည်း ဆောင်းယွန်းစံ က ပရိသတ်တွေကြည်နူးစေမယ့် အလှူလေးပြုလုပ်ခဲ့တဲ့ ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Saung Yoon San's Facebook Page
Photo Credit - Saung Yoon San's Facebook Page
Photo Credit - Saung Yoon San's Facebook Page
Photo Credit - Saung Yoon San's Facebook Page

ဒီအလှူလေးကတော့ လမ်းမပေါ်က လူထုလှုပ်ရှားမှုမှာအားမာန်တက်ကြွစွာ ပါဝင်ကြတဲ့ ပြည်သူတွေနဲ့ လမ်းသွားလမ်းလာသူတွေကို ရေသန့်ဘူးများ ကိုယ်တိုင်လိုက်လံဝေပေးနေတာ တွေ့ရပါတယ်။ ဒီအလှူပုံလေးတွေနဲ့လည်း ဆောင်းယွန်းစံ က " ဆောင်းတို့ ပြည်သူတွေ လွတ်လပ်ပြီး အပြုံးကိုယ်စီနဲ့ ပြန်နေနိုင်ဖို့ အခုချိန်မှာ လိုအပ်တဲ့ဘက်ကနေ အမြဲရှိနေပါတယ်...CDM မှာပါဝင်သူတွေအတွက်လည်း သက်ဆိုင်ရာအဖွဲ့အသီးသီးက Full Supporting ပေးသွားကြမှာမို့ CDM မှာ ရဲရဲကြီးသာ ပါဝင်ပေးကြပါရှင်...တို့တွေအတူရင်ဆိုင်ကျော်ဖြတ်ပြီးရင် အောင်မြင်မှု့နေ့ရက်တွေကို အတူတူဆင်နွှဲကြမယ်လေ " ဆိုပြီး ရေးသားဖော်ပြထားပါသေးတယ်။ ပရိသတ်တွေလည်း ဆောင်းယွန်းစံ ရဲ့ အပြုအမူလေးကို သဘောကျမယ်လို့မျှော်လင့်မိပါတယ်။

သတင်း အရင်းအမြစ်Source - Saung Yoon San's Facebook Page

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T