လူထုလှုပ်ရှားမှုမှာ တက်တက်ကြွကြွပါဝင်နေကြတဲ့ ပြည်သူတွေမထိခိုက်ရအောင် ဒိုင်းတွေနဲ့ရဲရဲရင့်ရင့်ကာပေးနေခဲ့တဲ့ တိုင်ရွန်

//s9.kh1.co/e0/e002584c8398062e3b452670ff17cdafa0b111bb.jpg
အနုပညာရှင်များ

 ၁၆-ဖေ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

လူထုလှုပ်ရှားမှုမှာ တက်တက်ကြွကြွပါဝင်နေကြတဲ့ ပြည်သူတွေမထိခိုက်ရအောင် ဒိုင်းတွေနဲ့ရဲရဲရင့်ရင့်ကာပေးနေခဲ့တဲ့ တိုင်ရွန်

ပရိသတ်တွေရဲ့ အချစ်ကို သိမ်းပိုက်ထားနိုင်ခဲ့တဲ့ တိုင်ရွန်ကတော့ အနုပညာလောကမှာ နေရာတစ်ခုကိုရယူထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ဇာတ်ကားတွေကိုလည်း ရိုက်ကူးလျက်ရှိနေသူတစ်ယောက်ပဲဖြစ်ပါတယ်။ တိုင်ရွန်ကတော့ လက်ရှိဖြစ်ပွားနေတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး ပြည်သူတွေနဲ့အတူ ပြတ်ပြတ်သားသားရပ်တည်နေသူတစ်ယောက်ဖြစ်ကာ လူထုလှုပ်ရှားမှုတွေမှာလည်း မမောနိုင်မပန်းနိုင်ပါဝင်နေတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။

Photo Credit : tyron bejay ' s facebook acc

တိုင်ရွန်ကတော့ လူထုလှုပ်ရှားမှုမှာ တက်တက်ကြွကြွပါဝင်နေကြတဲ့ ပြည်သူတွေမထိခိုက်ရအောင် ဒိုင်းတွေနဲ့ရဲရဲရင့်ရင့်ကာပေးနေခဲ့ပါတယ်။တိုင်ရွန်ကတော့ " ကျွန်တော်တို့ ဒိုင်းတွေဟာ အနည်းဆုံးတော့ ရေနဲ့ထိုးတာ ရာဘာကျည်လောက်တော့ ကာကွယ်ပေးနိုင်တာမို့ ကျွန်တော်တို့တကယ်ဖြစ်လာချိန် ရသလောက်ကာကွယ်ပေးပါမယ်လူထုကို ထိန်းပါမယ် လူစုခွဲဖို့ လွတ်ရာကို ပြေးဖို့ အော်ပြောပေးပါမယ်အထိနာ သက်သာအောင် ရှေ့ကနေ ရသလောက် ကာကွယ်ပေးပါမယ် "ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။

Photo Credit : tyron bejay ' s facebook acc
Photo Credit : tyron bejay ' s facebook acc
Photo Credit : tyron bejay ' s facebook acc
Photo Credit : tyron bejay ' s facebook acc
Photo Credit : tyron bejay ' s facebook acc
Photo Credit : tyron bejay ' s facebook acc

တိုင်ရွန်ကတော့ " နောက်ထပ် ဒိုင်းတွေ ထပ်လိုအပ်ပါသေးတယ်။ လာရောက်လှူဒါန်းပေးလို့ရပါတယ်။ နောက်ပြီး တူတူပါဝင်ပေးနိုင်မယ့် စိတ်ဓာတ်မာပြီး သတ္တိရှိတဲ့ ညီအကို အမာခံ လူတွေ လိုအပ်ပါတယ်။မှတ်ချက်ခုခံဖို့ မဟုတ်ပါ ကာကွယ်ဖို့ အဓိကပါ "ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ လူထုလှုပ်ရှားမှုမှာပါဝင်နေတဲ့ ပြည်သူတွေကို ဒိုင်းတွေနဲ့ကာကွယ်ပေးနေတဲ့ တိုင်ရွန်ရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါပုံရိပ်လေးတွေကို အောက်မှာကြည့်နိုင်ပါတယ်။

Source: tyron bejay ' s facebook acc

Photo Credit : tyron bejay ' s facebook acc
Photo Credit : tyron bejay ' s facebook acc
Photo Credit : tyron bejay ' s facebook acc
Photo Credit : tyron bejay ' s facebook acc
Photo Credit : tyron bejay ' s facebook acc
Photo Credit : tyron bejay ' s facebook acc
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T