ကိုယ်တိုင်ရှာဖွေထားတဲ့ချွေးနှဲစာနဲ့ပြည်သူ့ဝန်ထမ်းတွေအတွက်တတ်အားသရွေ့ကူညီလှူဒါန်းသွားမယ့်သက်မွန်မြင့်

//s9.kh1.co/f2/f2bb42a57ce051d6a9a056741410b4552c6c9d86.jpeg
အနုပညာရှင်များ

 ၁၆-ဖေ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်  မင်းသမီးချောလေး  သက်မွန်မြင့်ကတော့  အနုပညာသက်တမ်း  ဆယ်စုနှစ်တွေများစွာတိုင်အောင်   ပရိသတ်တွေများစွာရဲ့ ချစ်ခင် အားပေးမှုတွေကို  သိမ်းပိုက်ရရှိထားသူလည်း  ဖြစ်ပါတယ်။  အရေးကြုံလာရင်လည်း  ပြည်သူတွေနဲ့  တစ်သွေးတည်း  တစ်သားတည်း  ပါဝင်ခဲ့သူဖြစ်တာကြောင့်  အားလုံးက  လေးစားအားကျနေကြတာလည်း  ဖြစ်ပါတယ်။  ချစ်သက်ဟာ  နေမကောင်းပေမယ့်လည်း  လတ်တလောဖြစ်ပေါ်နေတဲ့  လူထုလှုပ်ရှားမှုတွေမှာလည်း  ခင်ပွန်းဖြစ်သူနဲ့အတူ  တက်ကြွစွာ  ပါဝင်ခဲ့တာလည်း  ဖြစ်ပါတယ်။

Photo Crd-Thet Mon Myint’s Facebook Page 
Photo Crd-Thet Mon Myint’s Facebook Page 
Photo Crd-Thet Mon Myint’s Facebook Page 
Photo Crd-Thet Mon Myint’s Facebook Page 

ပြည်သူတွေဒီထက်ပိုပြီး  ပူးပေါင်းပါဝင်ရန်အတွက်လည်း  သူမရဲ့ လူမှုကွန်ယက်စာမျက်နှာများမှတစ်ဆင့်  အမြဲတိုက်တွန်းပေးနေသူတစ်ယောက်လည်း  ဖြစ်ပါတယ်။  မကြာသေးခင်  နာရီပိုင်းလောက်ကလည်း  သက်မွန်မြင့်ရဲ့  Facebook Page တွင် ဒီလှုပ်ရှားမှုအတွက်  သူမလုပ်ပေးနိုင်တဲ့အရာလေးတစ်ခုကို  ရေးသားထားတာပဲ  ဖြစ်ပါတယ်။ ဒါကတော့  ကိုယ်တိုင်ရှာဖွေထားတဲ့ချွေးနှဲစာနဲ့ပြည်သူ့ဝန်ထမ်းအတွက်တတ်အားသရွေ့ကူညီလှူဒါန်းသွားမယ့်အကြောင်းပြောပြလာတာပဲ  ဖြစ်ပါတယ်။

Photo Crd-Thet Mon Myint’s Facebook Page 
Photo Crd-Thet Mon Myint’s Facebook Page 
Photo Crd-Thet Mon Myint’s Facebook Page 
Photo Crd-Thet Mon Myint’s Facebook Page 


သူမကလည်း " သက်မွန် တော်တော် နေကောင်းလာလို့ ဝမ်းသာနေခဲ့တာပါ!

Feb ၁ ရက်နေ့ကတည်းက နေမကောင်း ပြန်ဖြစ်တာ.. မတရားမှုကို ခံပြင်းလွန်းလို့ မနေနိုင် မခံနိုင်လို့ ထွက်ခဲ့တယ်. . တစ်တပ်တစ်အား ပါဝင်ခဲ့တယ်.. 

ခု လဲတာ ၃ ရက်လောက်ရှိပြီ! ဒီတစ်ခေါက်ပဲ ကိုယ့်ရောဂါ ကိုယ်ဒေါသ ထွက်ဖူးတယ်! 

နေကောင်းတာနဲ့ ပန်းတိုင်မရောက်မချင်း ပြည်သူနဲ့အတူ ပါဝင်မယ်! 

ပြည်သူ့ဝန်ထမ်းတွေအတွက်  ကျွန်မ ကိုယ့်ခွန်ကိုယ့်အားနဲ့ ရှာဖွေထားတဲ့ ချွေးနှဲစာကနေလည်း လှူဒါန်းသွားပါမည်!

Fighting ပါ! " ဆိုပြီး ရေးသားထားတာပဲ  ဖြစ်ပြီး  ပရိသတ်တွေအတွက်  ဒီသတင်းလေးကို  တစ်ဆင့်  ပြန်လည်  ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Thet Mon Myint’s Facebook Page 

Photo Crd-Thet Mon Myint’s Facebook Page 
Photo Crd-Thet Mon Myint’s Facebook Page 
Photo Crd-Thet Mon Myint’s Facebook Page 
Photo Crd-Thet Mon Myint’s Facebook Page 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T