သူငယ်ချင်းရဲ့ဆေးခန်းမှာ ကျွမ်းကျင်တတ်မြောက်ထားတဲ့ဆေးပညာရပ်နဲ့ လူနာတွေကို တစ်ဖက်တစ်လမ်းကနေကူညီပေးနေတဲ့ နီနီခင်ဇော်

//s9.kh1.co/40/40610df570b441744ac7ac23e1edc00f8be50abd.jpeg
အနုပညာရှင်များ

 ၁၆-ဖေ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

သူငယ်ချင်းရဲ့ဆေးခန်းမှာ ကျွမ်းကျင်တတ်မြောက်ထားတဲ့ဆေးပညာရပ်နဲ့ လူနာတွေကို တစ်ဖက်တစ်လမ်းကနေကူညီပေးနေတဲ့ နီနီခင်ဇော်

အဆိုတော်နီနီခင်ဇော်ကတော့ ပြိုင်ပွဲတွေကနေတဆင့် ဂီတလမ်းကြောင်းပေါ်ကိုလျှောက်လှမ်းလာခဲ့တာဖြစ်ပြီးသူမရဲ့ရိုးသားကြိုးစားမှုတွေကြောင့် ယနေ့အချိန်မှာ အောင်မြင်မှုတွေနဲ့ရပ်တည်နေတာဖြစ်ပါတယ်။နီနီခင်ဇော်ကအသံပါဝါအားအရမ်းကောင်းပြီး သီချင်းတိုင်းကို လိုက်ဖက်ညီစွာသီဆိုနိုင်လို့ ပရိသတ်တွေက သူမသီချင်းတိုင်းကိုကြိုက်နှစ်သက်နေကြတာဖြစ်ပါတယ်နော်။နီနီခင်ဇော်က အနုပညာကိုအရမ်းဝါသနာပါတာကြောင့် ဆရာဝန်အလုပ်ကိုမရွေးချယ်ဘဲ အနုပညာလမ်းကြောင်းပေါ်ကို တစိုက်မက်မက် လျှောက်လှမ်းလာခဲ့တာဖြစ်ပါတယ်။

Photo Credit:Ni Ni Khin Zaw’s Facebook page 
Photo Credit:Ni Ni Khin Zaw’s Facebook page 
Photo Credit:Ni Ni Khin Zaw’s Facebook page 
Photo Credit:Ni Ni Khin Zaw’s Facebook page 

လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေမှာဆိုရင်တော့ နီနီခင်ဇော်က ကျွမ်းကျင်တတ်မြောက်ထားတဲ့ ဆေးပညာနဲ့ပြည်သူလူထုကို တစ်ဖက်တစ်လမ်းကနေကူညီပေးနေတာဖြစ်ပါတယ်။နီနီခင်ဇော်က နေ့ဘက်တွေမှာဆိုရင်လည်းပြည်သူနဲ့အတူ Campaignတွေကို ပါဝင်လှုပ်ရှားပြီး ညနေဘက်မှာဆိုရင်တော့ သူငယ်ချင်းရဲ့ ကုသိုလ်ဖြစ်ဆေးခန်းမှာ လူနာတွေကိုဝိုင်းကြည့်ပေးတာဖြစ်ပါတယ်နော်။နီနီခင်ဇော်ကတော့ သူငယ်ချင်းရဲ့ဆေးခန်းမှာ လုပ်အားဒါနလည်းပြုရင်း ဆေးဝါးတွေပါအခမဲ့လှူဒါန်းခဲ့တာဖြစ်ပါတယ်။

Photo Credit:Ni Ni Khin Zaw’s Facebook page 
Photo Credit:Ni Ni Khin Zaw’s Facebook page 
Photo Credit:Ni Ni Khin Zaw’s Facebook page 
Photo Credit:Ni Ni Khin Zaw’s Facebook page 
Photo Credit:Ni Ni Khin Zaw’s Facebook page 
Photo Credit:Ni Ni Khin Zaw’s Facebook page 

နီနီခင်ဇော်ကတော့“ယ​နေ့ ​မြောက်ဥက္ကလာ (ဆ) ရပ်ကွက် ကုသိုလ်ဖြစ် (အခမဲ့)သားဖွားခန်း​လေးမှာ CDM လုပ်​နေကြတဲ့ အထူးကု OG ဆရာဝန်​တွေ ဖွား​ပေးလိုက်တဲ့ က​လေးပါ နီနီ့ သူငယ်ချင်း ဆရာဝန် CDM လုပ်ပြီး​​နောက်ပိုင်းကိုယ်ထူကိုယ်ထဖွင့်ထား​ပေးတာပါ အခက်အခဲ​တွေကြားထဲ​ကနေ့တိုင်းဖွား​ပေးခဲ့တဲ့  Doctors  များ Respect ပါ အခုမှ ​သားဖွားဆေးခန်း​လေး စလုပ်တာမို့ အလှု​တွေလှူဒါန်းချင်လည်း လှူနိုင်ပါတယ်ရှင်.......ဆက်သွယ်လှူဒါန်းရန် သို့မီးဖွားမည့်သူများ ပြရန် ph 09763190595(ည​နေဘက်လည်း ​ရွှေ​ဆေးခန်းမှာ​ဆေးအကူအ​နေနဲ့လုပ်အား​ပေးရင်းလူနာများအားလုံးကို ​ဆေးဝါးဒါန အခမဲ့ ပြုခဲ့ပါတယ်)”ဆိုပြီး ရေးသားမျှဝေလာတာဖြစ်ပါတယ်။

Photo Credit:Ni Ni Khin Zaw’s Facebook page 
Photo Credit:Ni Ni Khin Zaw’s Facebook page 
Photo Credit:Ni Ni Khin Zaw’s Facebook page 
Photo Credit:Ni Ni Khin Zaw’s Facebook page 

Source&Photo Credit:Ni Ni Khin Zaw’s Facebook page 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T