လူငယ်တစ်ယောက်ပီပီ ရှေ့ကဦးဆောင်ကာ လူထုလှုပ်ရှားမှုမှာ တက်တက်ကြွကြွပါဝင်ခဲ့တဲ့ Mary

//s9.kh1.co/ba/ba4d30e91aaa3c5d1b20961be1f46216c16cd69b.jpeg
အနုပညာရှင်များ

 ၁၅-ဖေ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

......

အမျိုးသား ပရိသတ်တွေရဲ့ သည်းသည်းလှုပ်အချစ်တော်လေး Mary ကတော့ သူ့ရဲ့ ချိုသာတဲ့ အသံ ညို့အားအပြည့်နဲ့ သီဆိုဟန်လေးတွေကြောင့် ပရိသတ်တွေ အချစ်ပို နေရသူလေးဖြစ်ပါတယ် ။ သူမဟာ ဂျပန်နိုင်ငံမှာကျောင်းတက်နေတာဖြစ်သလို မြန်မာနိုင်ငံကိုလာရောက်ပြီလည်း အနုပညာအလုပ်တွေကို ကြိုးကြိုးစားစား လုပ်ကိုင်လျက်ရှိသူတစ်ယောက်ပါ။

Photo Credit : Mary Facebook Page 
Photo Credit : Mary Facebook Page 
Photo Credit : Mary Facebook Page 
Photo Credit : Mary Facebook Page 

သူမရဲ့ သီချင်းလေးတွေဟာဆိုရင်လည်း အမြဲလိုလို ပရိသတ်တွေရင်ထဲကိုရောက်ခဲ့တာပါနော်။ အနုပညာလှုပ်ရှားမှုအနေနဲ့ ဂီတအလုပ်အပြင် ဓာတ်ပုံရိုက်ကူးမှုတွေလည်း လုပ်ကိုင်လျက်ရှိတာတွေ့ရပါတယ် ။လတ်တလောမှာဆိုရင်တော့ ခုဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး mary က နေ့စဉ်နေ့တိုင်း လမ်းပေါ်ကိုထွက်ပြီး ပြည်သူလူထုနဲ့အတူ တက်တက်ကြွကြွပါဝင်လှုပ်ရှားနေတာ ဖြစ်ပါတယ် ။ 

Photo Credit : Mary Facebook Page 
Photo Credit : Mary Facebook Page 
Photo Credit : Mary Facebook Page 
Photo Credit : Mary Facebook Page 

ခုလည်း လူငယ်တစ်ယောက်ပီပီ ရှေ့ဆုံးကနေ ဦးဆောင်ကာ တက်တက်ကြွကြွနဲ့ လှုပ်ရှားမှုတွေကိုဆောင်ရွက်နေပြန်ပါတယ်။ လှုပ်ရှားမှုပြုလုပ်နေတဲ့ ပုံလေးတွေနဲ့အတူ "တစ်နေ့တစ်ခြား ဘာလို့ Mary တို့နိုင်ကိုနိုင်မှဖြစ်မယ်ဆိုတာ ပိုပြီးသိလာရတယ် CDM လည်းပူးပေါင်းပါဝင်ပေးဖို့အနူးညွတ်တောင်းဆိုပါတယ် အားလုံးအတွက်လည်းစိတ်ပူတယ် မြန်မာနိုင်ငံကြီး အမြန်ဆုံးငြိမ်းချမ်းပြီး ဒီမိုကရေစီစနစ် အမြန်ဆုံးပြန်ရနိုင်ပါစေ "ဆိုတဲ့စာလေးကိုပါဖော်ပြခဲ့ရာ ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Photo Credit : Mary Facebook Page 
Photo Credit : Mary Facebook Page 
Photo Credit : Mary Facebook Page 
Photo Credit : Mary Facebook Page 

Source & Photo Credit : Mary Facebook Page 

Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T