မီးဘေးအန္တရယ်ကာကွယ်နိုင်ဖို့အတွက် မီးသတ်ဆေးဗူးတွေကို တစ်အိမ်တဆင်းလိုက်ပြီးလှူဒါန်း‌ပေးခဲ့တဲ့ စမိုင်းလ်

//s9.kh1.co/91/9138b2b9d810ee3bd4a3168a1436e3db1cdd74e6.jpg
အနုပညာရှင်များ

 ၁၅-ဖေ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ.....မင်းသမီးချောလေး စမိုင်းလ်ကတော့ သရုပ်ဆောင်ပိုင်းမှာ ပရိသတ်တွေရဲ့ အချစ်တွေနဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားပြီး ကြည်နူးစရာမိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ထားတဲ့အပြင် အလှူအတန်းတွေဆိုလည်း အဆက်မပြတ်လှူဒါန်းပေးနေတဲ့သူပဲဖြစ်ပါတယ်နော်။ အခုလက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်ကြောင့် စမိုင်းလ်တစ်ယောက်လည်း ပရိသတ်တွေကိုတတ်နိုင်တဲ့ဘက်ကနေ အဆက်မပြတ်လှူဒါန်းနေတာကိုတွေ့ရပါတယ်....။

Photo credit-စမိုင်းလ်Smile's Facebook page
Photo credit-စမိုင်းလ်Smile's Facebook page
Photo credit-စမိုင်းလ်Smile's Facebook page
Photo credit-စမိုင်းလ်Smile's Facebook page

အရှိန်အဟုန်ပြင်းပြင်းနဲ့ လုပ်ဆောင်နေကြတဲ့လူထုလှုပ်ရှားမှုတွေဟာဆိုရင် တစ်ရက်ပြီးတစ်ရက်အားကောင်းလာနေတာဖြစ်ပြီး အနုပညာရှင်တွေကလည်း တတ်နိုင်တဲ့ဘက်ကနေပါ၀င်အားဖြည့်နေကြတာဖြစ်ပါတယ်နော်။ စမိုင်းလ်ဟာလည်း လူထုပရိသတ်တွေကိုနေ့စဉ်ရက်ဆက် လှူဒါန်းမှုတွေပြုလုပ်ပေးနေတာဖြစ်ပြီး ဒီနေ့မှာဆိုရင်လည်း မီးသတ်ဆေးဗူးတွေကိုလှူဒါန်းပေးခဲ့တာဖြစ်ပါတယ်.....။

Photo credit-စမိုင်းလ်Smile's Facebook page
Photo credit-စမိုင်းလ်Smile's Facebook page
Photo credit-စမိုင်းလ်Smile's Facebook page
Photo credit-စမိုင်းလ်Smile's Facebook page

စမိုင်းလ်ဟာ အခုလိုလှူဒါန်းမှုတွေပြုလုပ်ခဲ့တဲ့သူမရဲ့ ပုံရိပ်တွေကို Facebookစာမျက်နှာမှာ "မီးဘေးအန္တရာယ်ကာကွယ်ရန်မီးသတ်ဆေးဗူးတွေအိမ်တွေကိုလိုက်ပေး အားလုံးဘေးအန္တရာယ်များမှကင်းကြပါစေ....." ဆိုပြီး ရေးသားကာ တင်ပေးလာခဲ့ပါတယ်။ ကဲ......ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-စမိုင်းလ်Smile's Facebook page
Photo credit-စမိုင်းလ်Smile's Facebook page
Photo credit-စမိုင်းလ်Smile's Facebook page
Photo credit-စမိုင်းလ်Smile's Facebook page

သတင်း အရင်းအမြစ်စမိုင်းလ်Smile's Facebook page

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T