စိတ်ဓာတ်တွေ ကျပြီး အားလျော့သွားမှာစိုးရိမ်လို့ စိတ်ဓာတ်ခွန်အားပေးပြီး နှိုးဆော်လိုက်တဲ့ ကောင်းမြတ်စံ

//s9.kh1.co/1d/1df8cd2f230dd6e2da6fe63e3b4dcf3fa10582a4.jpg
အနုပညာရှင်များ

 ၁၅-ဖေ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

ဒီတစ်ခေါက်မှာတော့ ပရိသတ် အချစ်တော် သရုပ်ဆောင် မင်းသားချောလေး ကောင်းမြတ်စံကတော့ စိတ်ဓာတ်ကျနေတဲ့ သူတွေ သတိပြုမိအောင် ခွန်အားပေးလိုက်တာဖြစ်ပါတယ်။ ဗီဒီယို ခေတ်ကတည်းက အနုပညာလောကထဲ ရောက်ရှိလာခဲ့ပြီး ယခု အချိန်မှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုသာမက ဇာတ်လမ်းတွဲများစွာကိုပါ လက်ခံ ရိုက်ကူးနေပြီး ပရိသတ်တွေ အားပေးထောက်ခံမှု ရရှိကာ နေရာ တစ်ခုထိ ရောက်ရှိအောင်မြင်နေပြီပဲ ဖြစ်ပါတယ်။

Photo Crd - Kaung Mayt San's FB account
Photo Crd - Kaung Mayt San's FB account
Photo Crd - Kaung Mayt San's FB account
Photo Crd - Kaung Mayt San's FB account

ယခုအခါမှာလည်း သူရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ

"အားလျော့သွားမှာစိုးရိမ်လို့ ပြန်တင်ပြီး သတိပေးပါရစေ

မင်းတို့တွေ စိတ်ဓာတ်ကျ နေကြပြီလား

၇၆ နှစ်အရွယ် အမေအိုကြီးရဲ့ မျက်နှာ ကို စူးစူးစိုက်စိုက် ပြန်ကြည့်ပါ

မင်းတို့တွေ စိတ်ဓာတ်ကျ နေကြပြီလား

သူ တစ်ရက်လေးမှ ငါတို့အတွက် စိတ်ဓာတ်မကျခဲ့တာကို သတိရပါ

မင်းတို့တွေ စိတ်ဓာတ်ကျ နေကြပြီလား

နိမ့်ကျနေတဲ့ ငါတို့ ဘဝတွေကို အမြဲ စူးစိုက် ကြည့်နေခဲ့တဲ့ မျက်လုံး အစုံကို သတိရပါ

မင်းတို့တွေ စိတ်ဓာတ်ကျ နေကြပြီလား

သူ့ဘဝတစ်ခုလုံး ပစ်ပြီး ငါတို့ဘဝတွေ အတွက် တိုက်ပွဲဝင်ပေးခဲ့တာတွေ သတိရပါ"

Photo Crd - Kaung Mayt San's FB account
Photo Crd - Kaung Mayt San's FB account
Photo Crd - Kaung Mayt San's FB account
Photo Crd - Kaung Mayt San's FB account

"မင်းတို့တွေ စိတ်ဓာတ်ကျ နေကြပြီလား

ငါတို့ အတွက် နိုင်ငံတကာအလယ်မှာ တရားစွဲ ခံထားရမှုကို ရင်ကော့ပြီး ဖြေရှင်းပေးခဲ့တာ သတိရပါ

မင်းတို့တွေ စိတ်ဓာတ်ကျ နေကြပြီလား

နေပူပူမှာ ထီးမပါပဲ တစ်ရွာဝင် တစ်ရွာထွက် ငါတို့ အသံတွေ နားထောင်ပေးခဲ့တာကို သတိရပါ

မင်းတို့တွေ စိတ်ဓာတ်ကျ နေကြပြီလား

ဘုရား တရား လုပ်ပြီး မြေးမြစ်တွေ နဲ့ ပျော်ရွှင်နေရမယ့် အရွယ်မှာ ငါတို့နဲ့ အတူ ပူလောင် ပေးနေရတာကို သတိရပါ

မင်းတို့တွေ စိတ်ဓာတ်ကျ နေကြပြီလား

ည ၈ နာရီတိုင်း " ကျမတို့ ပြည်သူတွေ covid ရန်က ကင်းဝေးပြီး ကျန်းမာ ချမ်းသာကြပါစေ " ဆိုတဲ့ သူမ ရဲ့ အသံ နဲ့ အပြုံးလေးကို သတိရပေးပါ ...." ဆိုကာ စိတ်ဓာတ်ကျနေတဲ့ သူတွေကို ခွန်အားတွေပေးလိုက်တာနဲ့ ပတ်သတ်ပြီး ဖော်ပြလာတာကို ပရိသတ်တွေ အတွက်ပြန်လည်မျှဝေပေးလိုက်တာ ပဲ ဖြစ်ပါတယ်နော်.......

Photo Crd - Kaung Mayt San's FB account
Photo Crd - Kaung Mayt San's FB account
Photo Crd - Kaung Mayt San's FB account
Photo Crd - Kaung Mayt San's FB account

သတင်း အရင်းအမြစ်Kaung Myat San's FB account

Win Zaw Oo
A Win

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T