နေ့ခင်းနေ့လည်ဘက်တွေမှာ လိုတာထက်ပိုအိပ်ရင် ဖြစ်ပေါ်တက်တဲ့ ဆိုးကျိုးများ

//s9.kh1.co/1e/1e65ff600fb856e7c62930d2ecc6d3fd63cac091.jpg
ဗဟုသုတအဖြာဖြာ

 ၁၅-ဖေ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

ညဘက်အိပ်ရေးမ၀တဲ့အခါ ဖြစ်ဖြစ် အိမ်မှာ အားနေလို့ နေ့ခင်းနေ့လည်ဘက် လိုတာထက်ပိုအိပ်တဲ့အခါမှာ ဒီလို ရောဂါလက္ခဏာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ နေ့လည်ဘက်တွင် တစ်နာရီထက်ပိုပြီးအိပ်စက်နေခြင်းက အမျိုးအစား (၂) ဆီးချိုဝေဒနာရှိနေခြင်းရဲ့ သတိပေးလက္ခဏာတစ်ခုဖြစ်တယ်လို့ ဂျပန်သုတေသီတွေက ရှာဖွေဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒီအကြံပြုပြောဆိုချက်ကတော့ လူပေါင်း 300,000 ကျော်ပါဝင်တဲ့ လေ့လာမှုတွေမှာ အခြေခံထားတာဖြစ်ပါတယ်။

Photo Credit: Google
Photo Credit: Google
Photo Credit: Google
Photo Credit: Google

လေ့လာမှုရလဒ်များအရ နေ့ခင်းမှာ လုံးဝမအိပ်သူတွေနှင့်ယှဉ်လျှင် နေ့လည်နေ့ခင်းမှာ တစ်နာရီထက်ပိုပြီး အိပ်သူတွေမှာ အမျိုးအစား (2) ဆီးချိုရောဂါရှိနိုင်ချေ 45% ပိုများနေတာကိုတွေ့ရပါတယ်။ ဒါပေမဲ့ အိပ်စက်ချိန် မိနစ် 40 ကျော်သူတွေမှာတော့ အမျိုးအစား (2) ဆီးချိုရောဂါနှင့်ဆက်စပ်မှုမရှိဘူးလို့သိရပါတယ်။ နေ့ခင်းဘက်မှာအချိန်အကြာကြီးအိပ်စက်ခြင်းက ညဘက်မှာအိပ်ရေးကောင်းကောင်းမဝတာကြောင့်ဖြစ်ပြီး များသောအားဖြင့် Sleep Apnea လို့ခေါ်တဲ့ အိပ်ပျော်နေစဉ် အသက်ရှုရပ်သွားကြတာကြောင့်ဖြစ်နိုင်ပါတယ်။ အိပ်ပျော်နေစဉ် အသက်ရှုရပ်သွားခြင်းနှင့် နှလုံးတိုက်ခိုက်ခံရခြင်း၊ လေဖြတ်ခြင်း၊ နှလုံးသွေးကြောဆိုင်ရာပြဿနာများနှင့် အမျိုးအစား (2) ဆီးချိုရောဂါဖြစ်ပွားနှုန်းကိုပါ မြင့်တက်စေပါတယ်။

Photo Credit: Google
Photo Credit: Google
Photo Credit: Google
Photo Credit: Google

ဒါ့အပြင် အလုပ်အလွန်အကျွံလုပ်ခြင်း၊ ခေတ်အခြေအနေအရ ညဘက် အိပ်ချိန်နည်းပါးလာခြင်းက အစားအလွန်အကျွံစားသုံးခြင်း၊ အဝလွန်ခြင်းနှင့် အမျိုးအစား (2) ဆီးချိုရောဂါဖြစ်ပွားနှုန်းကို မြင့်တက်စေပါတယ်။ သို့ပေမယ့် နေ့ခင်းအချိန်မှာ ခဏတာအိပ်စက်ခြင်းကတော့ တက်ကြွနိုးကြားမှုကို ကောင်းမွန်စေမှာဖြစ်ပါတယ်။ အိပ်စက်မှုပုံစံပြောင်းလဲခြင်းက လူသားတို့ရဲ့ကျန်းမာရေးအပေါ်မှာ ကြီးမားတဲ့ပြောင်းလဲမှုရှိ/မရှိ အတည်ပြုဖို့အတွက် လေ့လာမှုတွေထပ်မံပြုလုပ်ဖို့လိုအပ်ပါသေးတယ်လို့ သုတေသီတွေကဆိုပါတယ်။ ပရိသတ်ကြီးလဲ ကျန်းမာရေးကို ဂရုစိုက်မယ်ဆိုရင် အိပ်ရေးပျက်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုးတွေကို ရှောင်ရှားနိုင်မှာပါ။

Photo Credit: Google
Photo Credit: Google

သတင်း အရင်းအမြစ်Cracked

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T