လူထုလှုပ်ရှားမှုကို အမေရိကန်သံရုံးရှေ့မှာ ပြည်သူတွေနဲ့အတူ တညီတညွတ်တည်း ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့ မော်ဒယ်လ် နန်းမွေစံ

//s9.kh1.co/fe/fe605a7c76123d7f446864cb28abb90f2da4d168.jpg
အနုပညာရှင်များ

 ၁၅-ဖေ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ မော်ဒယ်လ် နန်းမွေစံကတော့ အနုပညာဝါသနာကြီးသူဖြစ်လို့ ဆရာဝန်ဘဝကို စွန့်လွတ်ပြီး ရဲရဲဝင့်ဝင့်ရပ်တည်လျှောက်လှမ်းနေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမရဲ့ အနုပညာအရည်အချင်းတွေကလည်း ထူးချွန်တာဖြစ်လို့ အချိန်ခဏလေးအတွင်း အောင်မြင်မှုတွေများစွာရရှိခဲ့တာပါ။ နန်းမွေစံက Photo modelတစ်ယောက်အနေနဲ့ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်လျက်ရှိတာလည်း ဖြစ်ပါတယ်။ 

Photo credit - Nang Mwe San's Facebook Page
Photo credit - Nang Mwe San's Facebook Page

သူမရဲ့ ပုံရိပ်လေးတွေက ဆွဲဆောင်မှုရှိပြီး ရင်သပ်ရှုမောဖွယ်ကောင်းတာကြောင့် ပုရိသပရိသတ်တွေကြား ရေပန်းစားလူကြိုက်များလျှက်ရှိတာကိုလည်း တွေ့ရပါတယ်။ နန်းမွေစံက လက်ရှိမှာတော့ ဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်ကြောင့် အနုပညာလှုပ်ရှားမှုတွေကို ခေတ္တရပ်နားထားတာဖြစ်ပြီး ပြည်သူတွေနဲ့အတူ ပူးပေါင်းရပ်တည်နေတာ ဖြစ်ပါတယ်။ ဒီကနေ့ မနက်ပိုင်းက သူမရဲ့ လူမှုကွန်ယက် ဖေ့ဘွတ်အကောင့်မှာလည်း ပုံလေးတွေကို တင်ပေးလာခဲ့ပါတယ်။

Photo credit - Nang Mwe San's Facebook Page
Photo credit - Nang Mwe San's Facebook Page

ဒါကတော့ လူထုလှုပ်ရှားမှုကို အမေရိကန်သံရုံးရှေ့မှာ ပြည်သူတွေနဲ့အတူ တညီတညွတ်တည်း ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့  ပုံလေးတွေပဲ ဖြစ်ပါတယ်။ ပုံလေးတွေအပြင် " I also make a strong play in opposition to military coup. All the generations in myanmar know what we faced and lost in military misrule. We cannot let that happen again. I am proud to paricipate in this protesting. " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာဖြစ်လို့ ချစ်ပရိသတ်တွေ ကြည့်ရှု့စေဖို့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ 

Photo credit - Nang Mwe San's Facebook Page
Photo credit - Nang Mwe San's Facebook Page

သတင်း အရင်းအမြစ်Source - Nang Mwe San's Facebook Page

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T