ညအမှောင်ရောက်ရင် ပြည်သူတွေရင်ထိတ်နေရတာကြောင့် မြတ်စွာဘုရားကိုတိုင်တည်ပြီး အမြန်အေးချမ်းဖို့အတွက်ဆုတောင်းနေတဲ့ သက်မွန်မြင့်

//s9.kh1.co/19/19ba6e997eff65a16b4d569ab0c666fc1f49edfe.jpeg
အနုပညာရှင်များ

 ၁၅-ဖေ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

ညအမှောင်ရောက်ရင် ပြည်သူတွေရင်ထိတ်နေရတာကြောင့် မြတ်စွာဘုရားကိုတိုင်တည်ပြီး အမြန်အေးချမ်းဖို့အတွက်ဆုတောင်းနေတဲ့ သက်မွန်မြင့်

အကယ်ဒမီသက်မွန်မြင့်ကတော့ ချင်းတိုင်းရင်သူလေးတစ်ယောက်ဖြစ်ပြီး အေးချမ်းတဲ့မျက်နှာလေးကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။သက်မွန်မြင့်က အနုပညာလောကထဲကို တစ်ခေတ်တစ်ခါကတည်းက ဝင်ရောက်ခဲ့ပြီးဇာတ်ကားပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။သက်မွန်က ယနေ့အချိန်ထိလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေဆဲဖြစ်ပြီး ပြည်သူ့အချစ်တော်လေးတစ်ယောက်အဖြစ် အနုပညာလမ်းကြောင်းပေါ်မှာ ရပ်တည်နေတာဖြစ်ပါတယ်နော်။

Photo Credit:Thet Mon Myint’s Facebook Page
Photo Credit:Thet Mon Myint’s Facebook Page
Photo Credit:Thet Mon Myint’s Facebook Page
Photo Credit:Thet Mon Myint’s Facebook Page

လတ်တလောဖြစ်ပေါ်နေတဲ့အခြေအနေမှာဆိုရင် သက်မွန်က ချစ်ရတဲ့အနုပညာရှင်မောင်နှမတွေနဲ့အတူတစ်စိတ်တစ်ဝမ်းတည်း ပါဝင်လှုပ်ရှားနေတာဖြစ်ပါတယ်။သက်မွန်တို့ဇနီးမောင်နှံကတော့ ကလေးတွေရဲ့အနာဂတ်အတွက် လမ်းပေါ်ထွက်ပြီးရင်ဆိုင်နေကြတာဖြစ်ပါတယ်နော်။သက်မွန်ကိုယ်တိုင်လည်း နေပူကြီးထဲမှာပြည်သူလူထုနဲ့အတူရပ်တည်ပြီး လက်ရှိအခြေအနေကို အကောင်းဆုံးဖြစ်အောင် ကြိုးစားနေတာဖြစ်ပါတယ်။သက်မွန်က နေ့ဘက်မှာလည်းမပင်မပန်းဘဲလှုပ်ရှားခဲ့ရပြီး ညဘက်ရောက်တဲ့အခါမှာတော့ ရင်ထိတ်နေရတဲ့အကြောင်းကိုရေးသားမျှဝေလာတာဖြစ်ပါတယ်နော်။

Photo Credit:Thet Mon Myint’s Facebook Page
Photo Credit:Thet Mon Myint’s Facebook Page
Photo Credit:Thet Mon Myint’s Facebook Page
Photo Credit:Thet Mon Myint’s Facebook Page

သက်မွန်မြင့်ကတော့”အရှင်ဘုရား! ည အမှောင်ရောက်ရင် မကောင်းတာ မဟုတ်တာ မလုပ်တဲ့ ပြည်သူတွေ ရင်ထိတ်ရတဲ့ အချိန်ရောက်ပါပြီ ဘုရား အရှင်ဘုရားသာ အားကိုးရာပါ၊ ပြည်သူတွေ နိုင်ငံ့သူရဲကောင်းတွေ ဘေးကင်းရေး၊မတရား မခံရရေး စောင့်ရှောက်ပေးပါဘုရား”ဆိုကာ မြတ်စွာဘုရားကိုသာအားကိုးပြီး တိုင်တည်နေတာဖြစ်ပါတယ်နော်။သက်မွန်ကလည်း ကိုယ်တတ်နိုင်တဲ့ဘက်ကနေ နေ့ညမပြတ်ဆောင်ရွက်နေတာဖြစ်လို့ ပြည်သူအတွက်အားတက်စရာပဲဖြစ်ပါတယ်။

Photo Credit:Thet Mon Myint’s Facebook Page
Photo Credit:Thet Mon Myint’s Facebook Page
Photo Credit:Thet Mon Myint’s Facebook Page
Photo Credit:Thet Mon Myint’s Facebook Page

Source&Photo Credit:Thet Mon Myint’s Facebook Page

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T