ည(၈)နာရီရောက်တိုင်း မပျက်မကွက်နဲ့သံပုံးတီးကာ တစ်ထောင့်တစ်နေရာကနေ ပါ၀င်အားဖြည့်နေတဲ့ သဇင်ထူးမြင့်ရဲ့ဗီဒီယိုလေး

//s9.kh1.co/97/9711c16665f0983eed28c7b98c31f65a0dd61c34.jpg
အနုပညာရှင်များ

 ၁၅-ဖေ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

ချစ်စရာကောင်းလွန်းလို့ ပရိသတ်တွေအားလုံးက အချစ်ပိုနေကြရတဲ့ ပြည်သူ့အသည်းကျော်လေးကတော့ သရုပ်ဆောင်မင်းသမီးချောလေး သဇင်ထူးမြင့်ပဲ ဖြစ်ပါတယ်.....။ သဲသဲလေးလို့ချစ်စနိုးခေါ်ကြတဲ့ သဇင်ထူးမြင့်ဟာ စွယ်စုံရအနုပညာရှင်ကြီး ဦးခင်လှိုင်ရဲ့သမီးလေးလည်းဖြစ်ပြီးတော့ အနုပညာသွေးအပြည့်ပါတာကြောင့် အနုပညာလောကထဲကို ရွှေကြိုတစ်ယောက်အနေနဲ့စတင်ပြီး၀င်ရောက်လာကာ အချိန်တိုအတွင်း ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကိုရရှိခဲ့တာဖြစ်ပါတယ်နော်။

Photo credit-Thazin Htoo Myint's Facebook acc
Photo credit-Thazin Htoo Myint's Facebook acc
Photo credit-Thazin Htoo Myint's Facebook acc
Photo credit-Thazin Htoo Myint's Facebook acc

လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် အနုပညာရှင်တွေအတော်များများလည်း ပြည်သူပရိသတ်တွေနဲ့အတူတစ်သားတည်းရပ်တည်ကာ လှုပ်ရှားလှုံ့ဆော်မှုတွေပြုလုပ်နေကြတာကို ပရိသတ်ကြီးတွေ့မြင်ကြမယ်ထင်ပါတယ်နော်။ လူထုလှုပ်ရှားမှုတွေဟာ နေ့ဘက်တွေမှာသာမက ညဘက်တွေမှာလည်း ည(၈)နာရီတိုင်း တက်ညီလက်ညီသံပုံးတီးကြကာလှုပ်ရှားမှုတွေကို အဆက်မပြတ်လုပ်ဆောင်နေကြတာဖြစ်ပါတယ်....။

Photo credit-Thazin Htoo Myint's Facebook acc
Photo credit-Thazin Htoo Myint's Facebook acc
Photo credit-Thazin Htoo Myint's Facebook acc
Photo credit-Thazin Htoo Myint's Facebook acc

သဇင်ထူးမြင့်ဟာလည်း ပြည်သူပရိသတ်တွေနဲ့အတူ နေ့ဘက်တွေမှာလူထုလှုပ်ရှားမှုတွေကိုပြုလုပ်ရုံသာမက ညတိုင်းလည်းတက်တက်ကြွကြွနဲ့ သံပုံးတီးကာပါ၀င်အားဖြည့်နေတာဖြစ်ပါတယ်။ ဒီဗီဒီယိုလေးကိုလည်း သူမရဲ့ Facebookစာမျက်နှာမှာ ည၈နာရီတိုင်း မပျက်မကွက် "သံပုံးတီးကြပါနော် #SaveMyammar..." ဆိုပြီးရေးသားကာတင်ပေးလာပါတယ်။ ကဲ.....ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Thazin Htoo Myint's Facebook acc
Photo credit-Thazin Htoo Myint's Facebook acc
https://s9.kh1.co/__image/w=650,h=962,q=100/ec/ec13c8f1ebcfed3290a0f1680a48bde5d1e00c8d.jpg

သတင်း အရင်းအမြစ်Thazin Htoo Myint's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T